“အသံအနားပေးဖို့ ပျော်ရွှင်စရာခရီးစဉ်ကိုစတင်လိုက်ပြီဖြစ်တဲ့ အိမ့်ချစ်”

အိမ့်ချစ်ကတော့ ပရိသတ်ရဲ့အချစ်တော်ဦးချစ်ကောင်းရဲ့သမီးဆိုတဲ့အတိုင်းပဲ အသံပါဝါအားကောင်းကောင်းနဲ့သီချင်းတွေကို သီဆိုဖျော်ဖြေတတ်သူတစ်ယောက်ပါ။ကိုယ်တိုင်ရေးပုံတူ၊အချစ်ရေး စတဲ့ပရိသတ်အကြိုက်နဲ့ထပ်တူကျခဲ့တဲ့ တေးစီးရီးတွေလည်းထွက်ရှိထားပြီး ၂၀၁၉ ခုနှစ်ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ASEAN+3 Song Contest ပြိုင်ပွဲကြီးမှာလည်း တတိယဆုကိုရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် အိမ့်ချစ်ကတော့ ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလိုသွားရောက်နေရကာ ပရိသတ်တွေအတွက်သီဆိုဖျော်ဖြေနေရင်း ဘဝကိုဖြတ်သန်းနေသူတစ်ယောက်ပါ။မကြာသေးခင်ကလည်း ဦးနှောက်အကျိတ်တည်နေတဲ့ သမီးလေးအတွက် ကိုယ်တိုင်ဦးဆောင်ကာ အလှူငွေထည့်ကြဖို့တိုက်တွန်းခဲ့တဲ့အပြင် သူကိုယ်တိုင်လည်း (၅)သိန်းကျပ်ပါဝင်လှူဒါန်းခဲ့ပါသေးတယ်။ပရိသတ်တွေအတွက်ပဲ အချိန်ကုန်နေတဲ့အိမ့်ချစ်ကတော့ မနေ့ကညက သူ့အတွက်လည်းသူပြန်အချိန်ပေးဖို့လိုနေပြီဖြစ်တာကြောင့် “(၁၀)ရက်လောက် အလုပ်တွေခဏလေးမေ့ပြီး ခရီးထွက်လိုက်ဦးမယ်.. အသံကိုနားသင့်တယ်ဆိုသူများ နားတယ်နော်လို့” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

ဆယ်လီကမ္ဘာပရိသတ်ကြီးရေ အိမ့်ချစ်ကတော့ အလုပ်တွေခဏနားပြီး ပျော်ရွှင်စရာအချိန်လေးကို ဖြတ်သန်းဖို့ ဂျာမနီနိုင်ငံကို ဆယ်ရက်ခရီးထွက်သွားပြီဖြစ်တဲ့အကြောင်းကို မျှဝေပေးလိုက်ပါတယ်နော်။


Source – Eint Chit
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“အသံအနားေပးဖို႔ ေပ်ာ္ရႊင္စရာခရီးစဥ္ကိုစတင္လိုက္ျပီျဖစ္တဲ့ အိမ့္ခ်စ္”

အိမ့္ခ်စ္ကေတာ့ ပရိသတ္ရဲ႕အခ်စ္ေတာ္ဦးခ်စ္ေကာင္းရဲ႕သမီးဆိုတဲ့အတိုင္းပဲ အသံပါဝါအားေကာင္းေကာင္းနဲ႔သီခ်င္းေတြကို သီဆိုေဖ်ာ္ေျဖတတ္သူတစ္ေယာက္ပါ။ကိုယ္တုိင္ေရးပံုတူ၊အခ်စ္ေရး စတဲ့ပရိသတ္အၾကိဳက္နဲ႔ထပ္တူက်ခဲ့တဲ့ ေတးစီးရီးေတြလည္းထြက္ရွိထားျပီး ၂၀၁၉ ခုႏွစ္ဗီယက္နမ္ႏုိင္ငံမွာ က်င္းပခဲ့တဲ့ ASEAN+3 Song Contest ျပိဳင္ပြဲၾကီးမွာလည္း တတိယဆုကိုရရွိခဲ့ပါေသးတယ္။

ဒါ့အျပင္ အိမ့္ခ်စ္ကေတာ့ ေဖ်ာ္ေျဖပြြဲေတြဆက္တုိက္ဆိုသလိုသြားေရာက္ေနရကာ ပရိသတ္ေတြအတြက္သီဆိုေဖ်ာ္ေျဖေနရင္း ဘဝကိုျဖတ္သန္းေနသူတစ္ေယာက္ပါ။မၾကာေသးခင္ကလည္း ဦးေႏွာက္အက်ိတ္တည္ေနတဲ့ သမီးေလးအတြက္ ကုိယ္တုိင္ဦးေဆာင္ကာ အလွဴေငြထည့္ၾကဖို႕တုိက္တြန္းခဲ့တဲ့အျပင္ သူကိုယ္တုိင္လည္း (၅)သိန္းက်ပ္ပါဝင္လွဴဒါန္းခဲ့ပါေသးတယ္။ပရိသတ္ေတြအတြက္ပဲ အခ်ိန္ကုန္ေနတဲ့အိမ့္ခ်စ္ကေတာ့ မေန႔ကညက သူ႔အတြက္လည္းသူျပန္အခ်ိန္ေပးဖို႔လိုေနျပီျဖစ္တာေၾကာင့္ “(၁၀)ရက္ေလာက္ အလုပ္ေတြခဏေလးေမ့ျပီး ခရီးထြက္လိုက္ဦးမယ္.. အသံကိုနားသင့္တယ္ဆိုသူမ်ား နားတယ္ေနာ္လို႔” လို႔ေရးသားခဲ့တာျဖစ္ပါတယ္။

ဆယ္လီကမာၻပရိသတ္ၾကီးေရ အိမ့္ခ်စ္ကေတာ့ အလုပ္ေတြခဏနားျပီး ေပ်ာ္ရႊင္စရာအခ်ိန္ေလးကို ျဖတ္သန္းဖို႔ ဂ်ာမနီႏုိင္ငံကို ဆယ္ရက္ခရီးထြက္သြားျပီျဖစ္တဲ့အေၾကာင္းကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source – Eint Chit
Rainbow- Cele Gabar

x
error: Content is protected !!