Dancing With The Star မှာ အမိုက်စားကကွက်တွေနဲ့ပရိသတ်ကိုဖမ်းစားခဲ့တဲ့ နီနီခင်ဇော်

Melody World ပြိုင်ပွဲကနေ အသံပါဝါအားကောင်းကောင်းနဲ့အတူ အမိုက်စား ပါဖောမန့်တွေနဲ့ ပရိသတ်တွေ နှလုံးသားကို သိမ်းပိုက်ခဲ့သူကတော့ နီနီခင်ဇော်ပါ ။ သူမရဲ့ အသည်းကွဲသီချင်းတွေက ပရိသတ်ခံစားချက်နဲ့ ထပ်တူကျခဲ့သလို မြူးကြွတဲ့ အမိုက်စားတေးသီချင်းပေါင်းများစွာကိုလည်း ဖန်တီးခဲ့တဲ့ အနုပညာရှင် အဆိုတော်တစ်ယောက်လို့တောင်ဆိုရမှာပါ ။ သူမ ဖန်တီးသီဆိုတဲ့တေးသီချင်းတိုင်းဟာ တစ်ပုဒ်ဆို ဆိုသလောက် ပရိသတ်ရင်ထဲ အရောက်ပို့နိုင်တဲ့အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ် ။

 

 

လတ်တလော ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ TV အစီစဉ်လေးတစ်ခုကတော့ အနုပညာရှင် Star တွေနဲ့အတူ အကပညာရှင်တွေကတွဲဖက်ပြီး အကပြိုင်ရတဲ့ Dancing With The Star ဆိုတဲ့အစီစဉ်လေးပဲ ဖြစ်ပါတယ် ။ ဒီအစီစဉ်လေးက ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်အားပေးနေတဲ့ အစီစဉ်လေးတစ်ခုဖြစ်ပြီး အနုပညာရှင်အချို့ကလည်း လာရောက်ဖျော်ဖြေပေးလေ့ရှိပါတယ် ။ လက်ရှိမှာတော့ နီနီခင်ဇော်တစ်ယောက် Dancing With the Star မှာ ဂယ်ပဲ ဂယ်ပဲ သီချင်းကို အမိုက်စား ကကွက်တွေနဲ့ မြူးကြွ ပျော်ရွှင်စွာ ကခုန်ဖျော်ဖြေခဲ့ပါတယ် ပရိသတ်ကြီးရေ..။

 

 

နီနီရဲ့ အမိုက်စားဖျော်ဖြေမှုလေးကို ပရိသတ်တွေက အရမ်းကိုအားပေးခဲ့ကြပြီး အကြိုက်တွေ့ခဲ့ပါတယ် ။ နီနီရဲ့ အမိုက်စားကကွက်တွေကို မကြ ည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ နီနီ့ကိုချစ်တဲ့ ပရိသတ်တွေကလည်း နီနီဖျော်ဖြေမှုလေးကို သဘောကျရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Dancing With The Star

Molly ( Cele Gabar )

ဇော်ဂျီဖြင့်ဖတ်ရန်

 





 


Molly ( Cele Gabar )

x
error: Content is protected !!