မြန်မာအိုင်ဒေါပြိုင်ပွဲတုန်းက မိန်းကလေးပြိုင်ပွဲဝင်တွေနဲ့ အမှတ်တရတွေကို ပြန်လည်မျှဝေလိုက်တဲ့ ခြူးစစ်ဟန်

ခြူးစစ်ဟန်ကတော့ အလှမယ်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်၊မော်ဒယ်လ်၊အဆိုတော်တစ်ယောက်အနေနဲ့အနုပညာလမ်းကို လျှောက်လှမ်းနေသူပါ။သူကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲမှာလည်း Top Finalist ထဲအထိပါဝင်ခဲ့တာပါ။


မြန်မာအိုင်ဒေါပြိုင်ပွဲကတော့ ပရိသတ်စိတ်ဝင်စားမှုအများဆုံးလို့တောင်ဆိုရမယ့် အဆိုပြိုင်ပွဲတစ်ပွဲလည်းဖြစ်သလို ပရိသတ်အားပေးမှုလည်းများလှပါတယ်။ပြိုင်ပွဲကိုအတူတူယှဉ်ပြိုင်ခဲ့ကြပေမဲ့ ပြိုင်ဘက်တွေလို သဘောမထားတဲ့ပြိုင်ပွဲဝင်တွေကတော့ ပွဲကြီးပြီးသွားတဲ့အချိန်မှာတောင်မှ အချင်းချင်းသတိရနေကြတုန်းပါ။အခုလည်း ခြူးစစ်ဟန်ကတော့ ပြိုင်ပွဲတုန်းကရိုက်ကူးထားတဲ့ပုံလေးတွေနဲ့အတူ “အချစ်တွေနဲ့ ပုံလေးတွေခုမှရလို့ miss you all “လို့ရေးသားထားတာပါ။


မြန်မာအိုင်ဒေါပြိုင်ပွဲရဲ့Top Finalist (၁၁)ယောက်ပါဖို့ကလည်း အဆင့်ဆင့်ဖြတ်ကျော်ရသလို ရင်ခုန်စရာလည်းကောင်းလှပါတယ်။ခြူးစစ်ဟန်ဟာ Top Finalist တွေထဲမှာ မြန်မာအိုင်ဒေါပြိုင်ပွဲကနေ ပထမဆုံးထွက်ခွာခဲ့ရသူဖြစ်ပါတယ်။အခုလိုမျိုး ကိုယ်ယုံကြည်ရာအနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေကြပေမဲ့ အချင်းချင်းသတိရနေကြတယ်ထင်ပါရဲ့နော်…
Source:ChuuSittHan,Rose – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်






 

x
error: Content is protected !!