မေသက်ထားဆွေနဲ့ အေးမြဖြူတို့ကို မြန်မာသံစဉ်မျိုးဆက်သစ်လေးတွေ ဖြစ်စေချင်တယ်ဆိုတဲ့ ဒေါ်မာမာအေး

မြန်မာသံတေးသီချင်းလေးတွေကို အများနဲ့ မတူအောင် ဖွဲ့နွဲ့ကာသီဆိုတတ်တဲ့ မြန်မာသံပိုင်ရှင်ဒေါ်မာမာအေးကို မြန်မာသံ တေးသီချင်းကြိုက်သူများ အားလုံးသိမယ်ထင်ပါတယ် ။ ဒေါ်မာမာအေးရဲ့ သီချင်းတွေဟာ နှစ်တွေသာပြောင်းခဲ့ပေမယ့် ခုထိပရိသတ်တွေနဲ့ ထိတွေ့ခံစားနားထောင်နေဆဲပါပဲ ။ မြန်မာသံတေးသီချင်း နှစ်သက်မြတ်နိုးသူတွေအတွက် အန်တီဒေါ်မာမာအေးရဲ့ မြန်မာသံတေးသီချင်းတွေက ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး ပရိသတ်ကြီးရေ ..။

 

 

ယနေ့ခေတ်ပရိသတ်တွေအားပေးနေရတဲ့ လူငယ်တက်သစ်စ တေးသံရှင်လေး နှစ်ယောက်ဖြစ်တဲ့ မေသက်ထားဆွေနဲ့ အေးမြဖြူတို့နှစ်ယောက်ကတော့ ဆိုကရေးတီး ပြိုင်ပွဲတွေကနေတဆင့် ပရိသတ်အားပေးတဲ့ အနုပညာရှင် အဆိုတော်တွေဖြစ်လာခဲ့တာပဲဖြစ်ပါတယ် ။ ဒီကလေးတွေဟာ မြန်မာသံတေးဂီတအတွက် တတိယမြောက်မျိုးဆက်တွေဖြစ်သလို မြန်မာဂီတကို ဆက်လက်ထမ်းဆောင်မယ့် ကလေးတွေဟာ ဒီကလေးတွေဖြစ်တယ်လို့ အန်တီဒေါ်မာမာအေးက ဆိုပါတယ် ။ တေးသံရှင် အန်တီဒေါ်မာမာအေးဟာ သူမတတ်မြောက်ထားတဲ့အနုပညာနဲ့ နောက်ထပ်မျိုးဆက်သစ် မြန်မာသံဂီတ ဝါသနာရှင် လူငယ်လေးတွေကို တက်နိုင်သလောက် သင်ကြားကူညီသွားဖို့ရှိတယ်လို့လည်းသိရပါတယ် ။

 

မနှစ်ကလည်း မြန်မာသံတေးဂီတနဲ့ပတ်သတ်ပြီး ရန်ကုန်မှာသင်တန်းဖွင့်လှစ်သွားခဲ့သလို ဒီနှစ်မှာတော့ မန္တလေးမှာ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ အန်တီဒေါ်မာမာအေးက ပြောပြခဲ့ပါသေးတယ် ။ သူမ မသေခင်မှာတော့ တခုခုတော့ မြန်မာဂီတအတွက်လုပ်ပေးခဲ့ဦးမှာလို့လည်းသိရပါတယ် ။ ပရိသတ်ချစ်ခင်အားပေးနေတဲ့ အေးမြဖြူလေးနဲ့ မေသက်ထားဆွေတို့လည်း တတိယမြောက် မြန်မာသံဂီတမျိုးဆက်သစ်လေးတွေအဖြစ် အနုပညာအလုပ်တွေကို ဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ Cele Gabar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Exclusive on Cele Gabar
Molly ( Cele Gabar)
ဇော်ဂျီဖြင့်ဖတ်ရန်

ေမသက္ထားေဆြနဲ႕ ေအးျမျဖဴတို႕ကို ျမန္မာသံစဥ္မ်ိဳးဆက္သစ္ေလးေတြ ျဖစ္ေစခ်င္တယ္ဆိုတဲ့ ေဒၚမာမာေအး

ျမန္မာသံေတးသီခ်င္းေလးေတြကို အမ်ားနဲ႔ မတူေအာင္ ဖြဲ႕ႏြဲ႕ကာသီဆိုတတ္တဲ့ ျမန္မာသံပိုင္ရွင္ေဒၚမာမာေအးကို ျမန္မာသံ ေတးသီခ်င္းႀကိဳက္သူမ်ား အားလုံးသိမယ္ထင္ပါတယ္ ။ ေဒၚမာမာေအးရဲ႕ သီခ်င္းေတြဟာ ႏွစ္ေတြသာေျပာင္းခဲ့ေပမယ့္ ခုထိပရိသတ္ေတြနဲ႔ ထိေတြ႕ခံစားနားေထာင္ေနဆဲပါပဲ ။ ျမန္မာသံေတးသီခ်င္း နွစ္သက္ျမတ္နိုးသူေတြအတြက္ အန္တီေဒၚမာမာေအးရဲ႕ ျမန္မာသံေတးသီခ်င္းေတြက ဘယ္ေတာ့မွ ေပ်ာက္ကြယ္သြားမွာမဟုတ္ပါဘူး ပရိသတ္ၾကီးေရ ..။

ယေန႕ေခတ္ပရိသတ္ေတြအားေပးေနရတဲ့ လူငယ္တက္သစ္စ ေတးသံရွင္ေလး နွစ္ေယာက္ျဖစ္တဲ့ ေမသက္ထားေဆြနဲ႕ ေအးျမျဖဴတို႕နွစ္ေယာက္ကေတာ့ ဆိုကေရးတီး ျပိဳင္ပြဲေတြကေနတဆင့္ ပရိသတ္အားေပးတဲ့ အႏုပညာရွင္ အဆိုေတာ္ေတြျဖစ္လာခဲ့တာပဲျဖစ္ပါတယ္ ။ ဒီကေလးေတြဟာ ျမန္မာသံေတးဂီတအတြက္ တတိယေျမာက္မ်ိဳးဆက္ေတြျဖစ္သလို ျမန္မာဂီတကို ဆက္လက္ထမ္းေဆာင္မယ့္ ကေလးေတြဟာ ဒီကေလးေတြျဖစ္တယ္လို႕ အန္တီေဒၚမာမာေအးက ဆိုပါတယ္ ။ ေတးသံရွင္ အန္တီေဒၚမာမာေအးဟာ သူမတတ္ေျမာက္ထားတဲ့အနုပညာနဲ႔ ေနာက္ထပ္မ်ိဳးဆက္သစ္ ျမန္မာသံဂီတ ၀ါသနာရွင္ လူငယ္ေလးေတြကို တက္နိုင္သေလာက္ သင္ၾကားကူညီသြားဖို႕ရွိတယ္လို႕လည္းသိရပါတယ္ ။

မႏွစ္ကလည္း ျမန္မာသံေတးဂီတနဲ႕ပတ္သတ္ျပီး ရန္ကုန္မွာသင္တန္းဖြင့္လွစ္သြားခဲ့သလို ဒီနွစ္မွာေတာ့ မႏၱေလးမွာ ဖြင့္လွစ္သြားဖို႕ရွိတယ္လို႕ အန္တီေဒၚမာမာေအးက ေျပာျပခဲ့ပါေသးတယ္ ။ သူမ မေသခင္မွာေတာ့ တခုခုေတာ့ ျမန္မာဂီတအတြက္လုပ္ေပးခဲ့ဦးမွာလို႕လည္းသိရပါတယ္ ။ ပရိသတ္ခ်စ္ခင္အားေပးေနတဲ့ ေအးျမျဖဴေလးနဲ႕ ေမသက္ထားေဆြတို႕လည္း တတိယေျမာက္ ျမန္မာသံဂီတမ်ိဳးဆက္သစ္ေလးေတြအျဖစ္ အနုပညာအလုပ္ေတြကို ဆက္လက္ေဆာင္ရြက္နုိင္ပါေစလို႕ Cele Gabar မွဆုမြန္ေကာင္းေတာင္းေပးလုိက္ပါတယ္ေနာ္ ။

Source : Exclusive on Cele Gabar
Molly ( Cele Gabar)

x
error: Content is protected !!