ပရိသတ်တွေအရမ်းအားပေးခဲ့တဲ့ သီချင်းကို ဗားရှင်းအသစ်နဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ မိုရီဆာကီဝင်း

ပရိသတ်တွေအားလုံး နှစ်ခြိုက်အားပေးခဲ့ကြတဲ့ အဝင်း(မိုရီဆာကီဝင်း)နဲ့ဂျပန်မလေးတို့ဆိုထားတဲ့ တကယ်လို့ ဆိုတဲ့ သီချင်းလေးဟာ ဂျပန်မြန်မာပွဲတော်မှာ သီဆိုခဲ့ရာကနေ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတာပါ ။ ဂျပန်အသံလေးတွေ နဲ့မြန်မာသီချင်းဆိုထားကြတာအရမ်းချစ်ဖို့ကောင်းတဲ့ လွန်းလို့ ပရိသတ်တွေ အရမ်းကို အားပေးခဲ့တဲ့ သီချင်းကောင်းလေးတစ်ပုဒ်လို့တောင်ဆိုရမှာပါ ။

 

 

ဒီသီချင်း လေးဟာဆိုရင် အိမ်မက်တွေမိုးထားတဲ့အိမ် ရုပ်သံ ဇာတ်လမ်းတွဲမှ ဇာတ်ဝင်တေးသီချင်းတစ်ပုဒ် ဖြစ်ပြီး ဒီကားလေးမှာ နေခြည်ဦးနဲ့ အဝင်း ( မိုရီဆာကီဝင်း) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ။ ဒီဇာတ်ကားလေးက ရုံမတင်ခင်ထဲက ပရိသတ်တွေ အရမ်းစိတ်ဝင်စားနေတဲ့ ကားလေးဖြစ်သလို ဇာတ်ဝင်တေးသီချင်းလေးကလည်း ပရိသတ်တွေကြားမှာ အရမ်းပေါက်နေတဲ့အတွက် ဘယ်လို ရိုတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပရိသတ်တွေကို ဖမ်းစားဦးမလဲ ဆိုတာကတော့ စိတ်လှုပ်ရှားစရာပါပဲ နော် ။

 

 

လတ်တလောမှာတော့ ပရိသတ်တွေ အထူးအားပေး ခဲ့ကြတဲ့ တကယ်လို့ပါဆိုတဲ့ သီချင်းလေးကို အဝင်းက ဗားရှင်း အသစ်နဲ့ပြန်လည်ဆန်းသစ်ထားပြီး ဂျပန်လိုရော မြန်မာလိုပါ သီဆိုထားတဲ့ ဒီသီချင်းလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ ပရိသတ်တွေကလည်း ဗားရှင်းအသစ်ပြောင်းထားတာတောင် အရမ်းကိုအားပေးနေကြဆဲဖြစ်လို့ Cele Gabar ပရိသတ်ကြီးလည်း နားဆင်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Japan Myanmar Pwe Taw ဂျပန်-မြန်မာပွဲတော်
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Molly ( Cele Gabar )

x
error: Content is protected !!