“သူများတွေလို မလှတော့ အားငယ်မိတယ်ဆိုတဲ့ ရွှေပိုးအိမ်”

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ မြန်မာဆန်ဆန်လေးတွေဝတ်ပြီး မြန်မာဆန်တဲ့အလှနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူများတွေလို မလှတော့ အားငယ်မိတဲ့အကြောင်းကို “ကျွန်မက ပြည့်စုံတဲ့ မိန်းကလေးမဟုတ်ပါဘူး မျက်နှာမှာ မှဲ့ခြောက်လေးတွေ ဖြစ်နေပြီ လက်မောင်းတွေ ပေါင်တွေ ဗိုက်တွေမှာ အဆီတွေချည်းပဲ ငယ်ငယ်က အရမ်းဝခဲ့တော့ အကြောတွေ အများကြီးပြတ်တယ်။

လက်တွေဆို အသားအရောင်မညီတော့ဘူး ခြေထောက်မှာလဲ ဒါဏ်ရာတွေချည်းပဲ အသားအရေကို ဂရုစိုက်ရမယ်တို့ ဘာတို့ ဘာမှမသိခဲ့ဘူး Skin care သုံးရမှာလဲ အခုအထိ နှမြောမိနေတုန်း။ သူများတွေလို မလှတော့ အမြဲတမ်း အားငယ် နေမိတယ်” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ ရွှေပိုးအိမ်ကတော့ ယောကျာ်းလေးပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ အထူးကြိုးစားတဲ့ မင်းသမီးတစ်လက် လို့ဆိုနိုင်ပါတယ်။ သူမသရုပ်ဆောင်ထားဇာတ်ကားများစွာရှိပြီး မည်သည့်ကာရိုက်တာကိုမဆို ပီပြင်အောင်သရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်လက်ဖြစ်တာကြောင့် ပရိသတ်အခိုင်အမာကို ပိုင်ဆိုင်ထားနိုင်တာပဲ ဖြစ်ပါတယ်။ သူမကတော့ ဘာသာတရားကိုင်းရှိုင်းပြီး အလှူရေစက် လက်နဲ့မကွာ ဆိုသလို အလှူအတန်းရက်ရောသူလည်းဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ အမိုက်စားဘော်ဒီကိုပိုင်ဆိုင်ထားတာကြောင့်လည်း ပုရိသတွေကြားမှာ နာမည်ကြီးနေတာလို့ဆိုနိုင်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ အမိုက်စားဘော်ဒီကို ပိုင်ဆိုင်ထားတာကြောင့်လည်း ပုရိသတွေကြားမှာ နာမည်ကြီးနေတဲ့ မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ သူများတွေလို မလှတော့ အားငယ်မိနေပါတဲ့နော်။

Source: Shwe Poe Eain
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!