Pre-Wedding ရိုက်ရင်း ရင်တွင်းခံစားချက်လေးတွေကို ရိုဆန်ဆန်ဖွင့်ဟလာတဲ့ အိမ့်ချစ်ချော

မကြာသေးမီကမှ ပရိသတ်တွေကြားမှာ ဟိုးလေတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ သတင်းတစ်ခုကတော့ Snare အဖွဲ့က အဆိုတော် နေဝင်းက ချစ်သူကောင်မလေးကို စင်မြင့်ထက်မှာ လက်ထက်ခွင့်တောင်းခဲ့တဲ့ သတင်းလေးပဲဖြစ်ပါတယ် ။ မိန်းကလေး ပရိသတ်ထုကြီးရဲ့ အားကျခြင်းကို ခံခဲ့ရသလို အရမ်းကိုလိုက်ဖက်ညီတဲ့ သူတို့စုံတွဲလေးအတွက် ပရိသတ်တွေက ကောင်းချီးတွေပေးခဲ့ကြပါတယ် ။ ဧပြီလလောက်မှာ လက်ထက်ပွဲကျင်းပဖြစ်မယ်လို့ ပြောခဲ့တဲ့ သူတို့စုံတွဲကတော့ အခုဆို Pre-Wedding ပုံတွေရိုက်ပြီး ကြိုတင်ပြင်ဆင်နေကြပါပြီ ပရိသတ်ကြီးရေ ..။

 

 

အိမ့်ချစ်ချောတစ်ယောက် Pre-Wedding ရိုက်ကွင်းအမှတ်တရ ပုံရိပ်လေးနဲ့အတူ ကဗျာဆရာ ခွန်းညိုသွေးရဲ့ စာသားလေးတစ်ခုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာရေးသားခဲ့ပါတယ် ။ “တစ်ယောက်စိတ်ကို တစ်ယောက်နားလည်ပေးနိုင်တဲ့ ကံကောင်းခြင်းမျိုးကိုပဲလိုချင်တယ်။ ရုပ်ဝတ္ထုတွေ လိုက်လံဖြည့်ဆည်းလိုက်ရုံနဲ့ လူဟာမပြည့်စုံသွားဘူး။ ရှင်သန်မှုမှာ စိတ်လုံခြုံမှုက အရေးကြီးပါတယ်။ တစ်ယောက်ယောက်ရဲ့ သူတို့ဘယ်လောက်ချစ်ပါတယ်ဆိုတဲ့ အသုံးချခံဘဝမျိုးကိုလည်း မလိုချင်ဘူး။ ရုပ်ဝတ္ထုသက်သက်တွေကို မမျှော်လင့်သလို ကိုယ့်ကိုလည်း ဟာ ချစ်တတ်လိုက်တာလို့ အထင်ခံရအောင် ရုပ်ဝတ္ထုလို အလှဆင်ပြနေတာကိုလည်း မပျော်ရွှင်ပါဘူး။ နားလည်ရ ခက်ချင်ခက်လိမ့်မယ်။ ဒါပေမယ့် ချစ်ခြင်းမေတ္တာမှာ ရိုးရိုးသားသားလေးပဲ ရှင်သန်သွားချင်ပါတယ် “ ဆိုတဲ့စာသားလေးနဲ့အတူ ခံစားချက်တွေကို ရိုဆန်ဆန် ဖွင့်ဟခဲ့တာဖြစ်ပါတယ် ။

 

 

ပရိသတ်တွေကတော့ ဆိုးတူကောင်းဖက် နှစ်ပေါင်းများစွာ လက်တွဲခဲ့ကြတဲ့ သူမတို့စုံတွဲလေးရဲ့ မင်္ဂလာပွဲလေးကို အရမ်းကိုမြင်ချင်နေကြပြီပဲ ဖြစ်ပါတယ် ။ နေဝင်းနဲ့ အိမ့်ချစ်ချောတို့နှစ်ယောက် ရာသက်ပန်ရိုးမြေကျ ပျော်ရွှင်စွာ လက်တွဲသွားနိုင်ပါစေလို့ Cele Gabar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် နော် ။

Source : Eaint Chit Chaw
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 

Pre-Wedding ရိုက္ရင္း ရင္တြင္းခံစားခ်က္ေလးေတြကို ရိုဆန္ဆန္ဖြင့္ဟလာတဲ့ အိမ့္ခ်စ္ေခ်ာ

မၾကာေသးမီကမွ ပရိသတ္ေတြၾကားမွာ ဟိုးေလတစ္ေက်ာ္ေက်ာ္ျဖစ္ခဲ့တဲ့ သတင္းတစ္ခုကေတာ့ Snare အဖြဲ႕က အဆိုေတာ္ ေန၀င္းက ခ်စ္သူေကာင္မေလးကို စင္ျမင့္ထက္မွာ လက္ထက္ခြင့္ေတာင္းခဲ့တဲ့ သတင္းေလးပဲျဖစ္ပါတယ္ ။ မိန္းကေလး ပရိသတ္ထုၾကီးရဲ႕ အားက်ျခင္းကို ခံခဲ့ရသလို အရမ္းကိုလုိက္ဖက္ညီတဲ့ သူတို႕စံုတြဲေလးအတြက္ ပရိသတ္ေတြက ေကာင္းခ်ီးေတြေပးခဲ့ၾကပါတယ္ ။ ဧျပီလေလာက္မွာ လက္ထက္ပြဲက်င္းပျဖစ္မယ္လုိ႕ ေျပာခဲ့တဲ့ သူတို႕စံုတြဲကေတာ့ အခုဆို Pre-Wedding ပံုေတြရိုက္ျပီး ၾကိဳတင္ျပင္ဆင္ေနၾကပါျပီ ပရိသတ္ၾကီးေရ ..။

အိမ့္ခ်စ္ေခ်ာတစ္ေယာက္ Pre-Wedding ရိုက္ကြင္းအမွတ္တရ ပံုရိပ္ေလးနဲ႔အတူ ကဗ်ာဆရာ ခြန္းညိဳေသြးရဲ႕ စာသားေလးတစ္ခုကို သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာထက္မွာေရးသားခဲ့ပါတယ္ ။ “တစ္ေယာက္စိတ္ကို တစ္ေယာက္နားလည္ေပးႏိုင္တဲ့ ကံေကာင္းျခင္းမ်ိဳးကိုပဲလိုခ်င္တယ္။ ႐ုပ္ဝတၳဳေတြ လိုက္လံျဖည့္ဆည္းလိုက္႐ုံနဲ႔ လူဟာမျပည့္စုံသြားဘူး။ ရွင္သန္မႈမွာ စိတ္လုံၿခဳံမႈက အေရးႀကီးပါတယ္။ တစ္ေယာက္ေယာက္ရဲ႕ သူတို႔ဘယ္ေလာက္ခ်စ္ပါတယ္ဆိုတဲ့ အသုံးခ်ခံဘဝမ်ိဳးကိုလည္း မလိုခ်င္ဘူး။ ႐ုပ္ဝတၳဳသက္သက္ေတြကို မေမွ်ာ္လင့္သလို ကိုယ့္ကိုလည္း ဟာ ခ်စ္တတ္လိုက္တာလို႔ အထင္ခံရေအာင္ ႐ုပ္ဝတၳဳလို အလွဆင္ျပေနတာကိုလည္း မေပ်ာ္႐ႊင္ပါဘူး။ နားလည္ရ ခက္ခ်င္ခက္လိမ့္မယ္။ ဒါေပမယ့္ ခ်စ္ျခင္းေမတၱာမွာ ႐ိုး႐ိုးသားသားေလးပဲ ရွင္သန္သြားခ်င္ပါတယ္ “ ဆိုတဲ့စာသားေလးနဲ႕အတူ ခံစားခ်က္ေတြကို ရိုဆန္ဆန္ ဖြင့္ဟခဲ့တာျဖစ္ပါတယ္ ။

ပရိသတ္ေတြကေတာ့ ဆိုးတူေကာင္းဖက္ နွစ္ေပါင္းမ်ားစြာ လက္တြဲခဲ့ၾကတဲ့ သူမတို႕စံုတြဲေလးရဲ႕ မဂၤလာပြဲေလးကို အရမ္းကိုျမင္ခ်င္ေနၾကျပီပဲ ျဖစ္ပါတယ္ ။ ေန၀င္းနဲ႕ အိမ့္ခ်စ္ေခ်ာတို႕နွစ္ေယာက္ ရာသက္ပန္ရိုးေျမက် ေပ်ာ္ရႊင္စြာ လက္တြဲသြားနိုင္ပါေစလို႕ Cele Gabar မွ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ ေနာ္ ။

Source : Eaint Chit Chaw
Molly ( Cele Gabar )

x
error: Content is protected !!