သူပါဝင်ထားတဲ့ ချိုးရုပ်နဲ့ သူစိမ်းအိမ်ကားနှစ်ကားလုံးကို အကယ်ဒမီမှန်းထားတယ် ဆိုတဲ့ ဂျိုကာ

နာမည်ကြီးအဆိုတော် ရဲလေးရဲ့ ညီဖြစ်တဲ့ ဂျိုကာ ကတော့ အမြဲလိုလို ဟာသ ဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေပေးနေတတ်သူဖြစ်ပြီး အပြင်မှာလည်း ပျော်ပျော်နေတတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ အဆိုပိုင်းနဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပေမယ့် ခုနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးနေပြီဖြစ်ပါတယ် ။ ဒီနှစ်အတွက် သူပါဝင်ရိုက်ကူးထားတဲ့ သူစိမ်းအိမ်နဲ့ ချိုးရုပ် ဇာတ်ကား နှစ်ကားလုံးက အကယ်ဒမီ စာရင်းဝင် နေတဲ့အတွက် ရင်ခုန်နေတယ်လို့လည်းသိရပါတယ် ။

 

 

အခုလက်ရှိ ရုံတင်တဲ့ ပလေယာ ကားမှာလည်း ဟာသ အနေနဲ့ ပါဝင်ရိုက်ကူးထားပါသေးတယ် ။ ဒီနှစ်အတွက် သူ့ပရိသတ်အတွက် အားရစရာကောင်းတာကတော့ သူစိမ်းအိမ်နဲ့ ချိုးရုပ်ကားက အကယ်ဒမီဆန်ကာတင်စားရင်းဝင်ခဲ့တဲ့အတွက် နှစ်ကားလုံးကိုအကယ်ဒမီ မှန်းထားတယ်လို့ အရွှန်းဖောက်ပြီး ပရိသတ်တွေကိုပြောပြလာခဲ့တာပါ ။ ပါဝင်ရတဲ့အခန်းနည်းပေမယ့်လည်း သူ့ရဲ့ ကာရိုက်တာလေးတွေဖြစ်တဲ့ ဖိုးပိန် ကာရိုက်တာရော သူစိမ်းအိမ်ထဲက ခေါင်းကို တူနဲ့အရိုက်ခံရတဲ့ အခန်းတွေနဲ့ အကယ်ဒမီရရင် ယူချင်ပါတယ်လို့ စနောက်ပြောပြခဲ့တာဖြစ်ပါတယ် ။

 

ဒါပေမယ့် သူပါဝင်ထားတဲ့ ကားတွေ အကယ်ဒမီဆန်ကာတင်စာရင်းဝင်ခဲ့လို့ ဝမ်းသာရသလို ဒီကားမှာ ထွန်းအိန္ဒြာဗိုလ်နဲ့ လွင်မိုးတို့က အကယ်ဒမီအတွက် ထင်ကြေးပေးနေကြတဲ့အပေါ် တကယ်ကျေနပ်ပါတယ်လို့လည်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ် ။ အဲ့ဒီကားရိုက်ကူးနေစဉ်ကလည်း ကိုယ်တိုင် ရှုတင်မှာရှိနေတဲ့အတွက် တကယ်အိုက်တင်ကောင်းတာတွေကို မြင်ခဲ့ရတဲ့အတွက် အကယ်ဒမီရစေချင်ပါတယ်လို့ ပြောပြခဲ့ပါတယ် .

Source : Exclusive on Cele Gabar
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Molly ( Cele Gabar )

x
error: Content is protected !!