ဖော်မှချွတ်မှစားရမယ်လို့ ပြောနေတဲ့သူတွေကို တုံ့ပြန်လိုက်တဲ့ ဇာဇာထက်

ဆက် စီမော်ဒယ်လောကမှာနာမည်ကျော်ကြားတဲ့မော်ဒယ်တစ်ဦးလို့ ဆိုလိုက်တာနဲ့ပရိသတ်တွေအားလုံး ဇာဇာထက်ကို အရင်ဆုံးပြေးမြင်မိမယ်ထင်ပါတယ်။သူမကတော့ ဆက် စီ မော်ဒယ်လောကမှာ နှစ်နဲ့ချီလျောက်လှမ်းခဲ့တဲ့ ဝါရင့်မော်ဒယ်တစ်ဦးဖြစ်ပြီး ပရိသတ်တွေ တော်တော်များများကတော့ သူမကိုSexyကျကျ ခပ်ဟော့ဟော့ပုံစံလေးတွေနဲ့ပဲ သတိထားမိကြမယ်ထင်ပါတယ် ။ လတ်တလောမှာတော့ သူမအနေနဲ့ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့နေရပြီး ကြိုးစားရပ်တည်နေရတယ်လို့ သိရပါတယ် ။

 

 

လတ်တလောမှာတော့ သူမအနေနဲ့ ဘွဲ့လွန်အတွက် ကျောင်းတက်နေရတာဖြစ်ပြီး သူမလုပ်စရာရှိတာတွေကိုတော့ ပုံမှန်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ် ။ သူမရဲ့ ရပ်တည်မှုနဲ့ပတ်သတ်ပြီး ကျေနပ်သလို သုညဘဝကနေ ဒီအခြေနေထိရောက်အောင် ဒီပုံတွေကပဲ ပံ့ပိုးပေးခဲ့တာဆိုတော့ ဘယ်သူဘာပြောပြော နောင်တလဲမရပါဘူးလို့ ပြောပြခဲ့ပါတယ် ။ ကိုယ့်ရဲ့ ရပ်တည်ချက်ကိုလည်း ပြောင်းလဲသွားဖို့ မရှိသလို အသက်ကြီးလာရင်လည်း ဆက်မရိုက်တော့ဖို့ စဉ်းစားထားတယ်လို့ သိရပါတယ် ။ ပရိသတ်တွေကလည်း အရင်လိုသိပ်မဆဲကြတော့သလို သူမရဲ့ art ကိုအဓိက ထားပြချင်တာဖြစ်တဲ့အတွက် လုံးဝကြီး ပေါ်နေတာမဟုတ်ဘဲ မပေါ်တပေါ်လေးတွေ ရိုက်ထားတဲ့အတွက် ပရိသတ်ဆီက ကြိုက်တယ်ဆိုတဲ့ မှတ်ချက်လေးတွေကြားရတယ်လို့လည်း ပြောပြခဲ့ပါတယ် ။

 

အသက် (၃၆) ၊ (၃၇) လောက်ထိပဲ ဒီ ဆက် စီ မော်ဒယ်လ် အလုပ်ကို လုပ်မယ်လို့ဆုံးဖြတ်ထားတာဖြစ်ပြီး အခုလက်ရှိမှာလည်း စီးပွားရေးအနေနဲ့ အွန်လိုင်းကနေ USA Brand တွေရောင်းနေတယ်လို့ သိရပါတယ် ။ ဒီအလုပ်ကို မရပ်ခင် ဖြေးဖြေးချင်း စီးပွားရေးဘက်ကို ခြေဆန့်ထားတယ်လို့ ပရိသတ်တွေကို ပြောပြလာခဲ့တာဖြစ်ပါတယ် ။ ဆက် စီ မော်ဒယ်လ်လောက ကနေ ရပ်နားလိုက်ပြီဆိုရင်တော့ ပရိသတ်တွေလည်း အလကားကြည့်ပြီး မဆဲရတော့ဘူးပေါ့ သူတို့အလကားကြည့်ရမယ့် သူတစ်ယောက် လျော့သွားတာပေါ့ လို့အရွှန်းဖောက်ပြီးစနောက်ခဲ့ပါသေးတယ် ။ ဖော်မှ ချွတ်မှ စားရမယ်လို့ ပြောနေကြတဲ့သူတွေကိုလည်း ဖော်မှ ချွတ်မှစားရတဲ့ အတွက် (၇) ရက်သားသမီးတွေရဲ့ပိုက်ဆံတွေကိုလည်း ပြန်ပြီးလှူဒါန်းဖြစ်ပါတယ်လို့ ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါတယ် ။

Source : Exclusive on Cele Gabar
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 





Molly ( Cele Gabar )

x
error: Content is protected !!