“ပေါင်(၃၀၀)ကျော်ပြီမို့ နည်းနည်းတော့ဝိတ်လျှော့ဦးမှပါ ဆိုတဲ့ သားငယ်”

ပရိသတ်တွေရဲ့အချစ်တော်သားငယ်ကတော့ မြန်မာအိုင်ဒေါ Season-2 မှာ winner ဆုကြီးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရယူနိုင်ခဲ့သူပါ။သူ့ရဲ့ဝတဲ့ခန္ဓာကိုယ်နဲ့ပဲ ပြိုင်ပွဲစဉ်တစ်လျှောက်ပရိသတ်တွေအချစ်ပိုရလောက်အောင် တင်ဆက်မှုမျိုးစုံပြုလုပ်ခဲ့ပြီး ပရိသတ်ကိုအချစ်ပိုစေခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သားငယ်ကတော့ ပြိုင်ပွဲကြီးပြီးဆုံးချိန်မှာ လမ်းကလေး ဆိုတဲ့တစ်ကိုယ်တော်တေးစီးရီးခွေလေးကို ထွက်ရှိထားတဲ့အပြင် ညီမင်းခိုင်၊မင်းသွေးတို့နဲ့လည်း ပထမသုံး ဆိုတဲ့အတွဲခွေလေးကို ထွက်ရှိထားပါသေးတယ်။ဒါ့အပြင် သူကတော့မကြာသေးခင်ကမှ ဝက်တစ်ကောင်၏သေဆုံးခြင်းဆိုတဲ့ Single Song လေးကိုလည်း တေးသံသာကနေ ထွက်ရှိထားပါသေးတယ်။သားငယ်ကတော့ ဝနေပေမယ့်လည်း အသံပါဝါအားကောင်းမွန်ပြီး ထူးခြားတဲ့အသံကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

ဒါ့အပြင် ဒီနေ့ဖေဖော်ဝါရီလ(၇)ရက်နေ့လေးကတော့ သူ့ရဲ့မွေးနေ့လေးလည်းဖြစ်ပါတယ်။သားငယ်ကတော့ သူ့ရဲ့မွေးနေ့မတိုင်ခင် မနေ့ကတော့ ဝိတ်ချတော့မယ်ဆိုပြီး စတင်စဉ်းစားခဲ့တာမို့ ပရိသတ်ကြီးဝိတ်ချသင့် မချသင့်အကြံဉာဏ်လေးပေးခဲ့ပါဦးနော်။ပရိသတ်ရဲ့အချစ်တော်သားငယ်အတွက် မွေးနေ့ဆုမွန်ကောင်းလေးလည်း တောင်းပေးခဲ့ပါဦးနော်။


Source – Thar Nge

Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ေပါင္(၃၀၀)ေက်ာ္ျပီမို႔ နည္းနည္းေတာ့ဝိတ္ေလွ်ာ့ဦးမွပါ ဆိုတဲ့ သားငယ္”

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္သားငယ္ကေတာ့ ျမန္မာအိုင္ေဒါ Season-2 မွာ winner ဆုၾကီးကို ထိုက္ထိုက္တန္တန္ဆြတ္ခူးရယူႏုိင္ခဲ့သူပါ။သူ႔ရဲ႕ဝတဲ့ခႏၶာကိုယ္နဲ႔ပဲ ျပိဳင္ပြဲစဥ္တစ္ေလွ်ာက္ပရိသတ္ေတြအခ်စ္ပိုရေလာက္ေအာင္ တင္ဆက္မွုမ်ိဳးစံုျပဳလုပ္ခဲ့ျပီး ပရိသတ္ကိုအခ်စ္ပိုေစခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

သားငယ္ကေတာ့ ျပိဳင္ပြဲၾကီးျပီးဆုံးခ်ိန္မွာ လမ္းကေလး ဆိုတဲ့တစ္ကိုယ္ေတာ္ေတးစီးရီးေခြေလးကို ထြက္ရွိထားတဲ့အျပင္ ညီမင္းခိုင္၊မင္းေသြးတို႔နဲ႔လည္း ပထမသံုး ဆိုတဲ့အတြဲေခြေလးကို ထြက္ရွိထားပါေသးတယ္။ဒါ့အျပင္ သူကေတာ့မၾကာေသးခင္ကမွ ဝက္တစ္ေကာင္၏ေသဆံုးျခင္းဆိုတဲ့ Single Song ေလးကိုလည္း ေတးသံသာကေန ထြက္ရွိထားပါေသးတယ္။သားငယ္ကေတာ့ ဝေနေပမယ့္လည္း အသံပါဝါအားေကာင္းမြန္ျပီး ထူးျခားတဲ့အသံကိုပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။

ဒါ့အျပင္ ဒီေန႔ေဖေဖာ္ဝါရီလ(၇)ရက္ေန႔ေလးကေတာ့ သူ႔ရဲ႕ေမြးေန႔ေလးလည္းျဖစ္ပါတယ္။သားငယ္ကေတာ့ သူ႔ရဲ႕ေမြးေန႔မတုိင္ခင္ မေန႔ကေတာ့ ဝိတ္ခ်ေတာ့မယ္ဆိုျပီး စတင္စဥ္းစားခဲ့တာမို႔ ပရိသတ္ၾကီးဝိတ္ခ်သင့္ မခ်သင့္အၾကံဥာဏ္ေလးေပးခဲ့ပါဦးေနာ္။ပရိသတ္ရဲ႕အခ်စ္ေတာ္သားငယ္အတြက္ ေမြးေန႔ဆုမြန္ေကာင္းေလးလည္း ေတာင္းေပးခဲ့ပါဦးေနာ္။
Source – Thar Nge
Rainbow- Cele Gabar

x
error: Content is protected !!