“အိမ့်ချစ်တို့ဗီဒီယိုလေးကြည့်ရင်း ချစ်သူဖြစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စိတ်ကူးယဉ်မိသွားတဲ့ ဥက္ကာမင်းမောင်”

တစ်ချိန်က မိန်းကလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက်ဖြစ်ခဲ့တဲ့ ဥက္ကာမင်းမောင်ကတော့ လတ်တလောမှာ ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခံရတဲ့ အိမ့်ချစ်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ချစ်သူဖြစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စိတ်ကူးယဉ်မိသွားတဲ့အကြောင်းကို “အိမ့်ချစ်တို့ ဗီဒီယိုလေးကြည့်ပြီး အားကျလိုက်တာ.. အပျော်တွေကူးစက်.. ကျွန်တော်လဲ ကိုယ့်အလှည့်ကျရင် ဘယ်နေရာမှာ ဘယ်လိုမျိုးလေး လက်ထပ်ခွင့်တောင်းရင်ကောင်းမလဲ တွေးကြည့်ပြီး စိတ်ကူးတောင်ယဉ်နေမိတယ်.. ဟီး” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ဥက္ကာမင်းမောင်ဟာ တောင့်တင်းတဲ့ ခန္ဓာကိုယ်အလှကြောင့် မိန်းကလေးတွေရဲ့ အားပေးမှုကို ရရှိထားပြီးတော့ Mister Tourism Myanmar 2016 ဆုရှင်လည်းဖြစ်ခဲ့ပါသေးတယ်။ LGBT တစ်ဦးဖြစ်တဲ့ ဥက္ကာမင်းမောင်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားပြီး နိုင်ငံရပ်ခြားမှာ သူချစ်ရတဲ့ ချစ်သူနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နေတာလည်းဖြစ်ပါတယ်။သူဟာ ချစ်သူဖြစ်သူကိုချစ်မဝဖြစ်နေတဲ့ ဗီဒီယိုလေးတွေ ပုံလေးတွေတင်လေ့ရှိပြီး ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို ချစ်ခင်အားပေးနေကြတာလည်းဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ဟာ မကြာသေးမီကမှ LGBT တွေအတွက် Support လုပ်ပေးတဲ့ Romance Drama ဇာတ်လမ်းတိုလေးတစ်ပုဒ်ကို လော့စ်အိန်ဂျလိ မှာရိုက်ကူးခဲ့ပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ တစ်ချိန်က မိန်းကလေးတွေရဲ့ အသည်းစွဲမင်းသားတစ်လက်ဖြစ်ခဲ့ကာ လက်ရှိ နိုင်ငံရပ်ခြားမှာ ချစ်သူဖြစ်သူနဲ့အတူနေထိုင်တဲ့ ဥက္ကာမင်းမောင်ကတော့ ရိုမန့်တစ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခံရတဲ့ အိမ့်ချစ်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ပြီး ချစ်သူဖြစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စိတ်ကူးယဉ်မိသွားပါတယ်တဲ့နော်။

Source: Ye Htoo Win
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!