“ရှူတင်တစ်ခုပြီးတိုင်းမှာ လုပ်လေ့ရှိတဲ့အကျင့်လေးတစ်ခုကိုပြောပြလာတဲ့ အောင်လေး”
မော်ဒယ်တစ်ဦးအနေဖြင့် အနုပညာလောကထဲကိုဝင်ရောက်လာသူတစ်ယောက် ဖြစ်ပြီးလက်ရှိမှာတော့ သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသားချော အောင်လေးကတော့ ရှူတင်တစ်ခုပြီးတိုင်းမှာ လုပ်လေ့ရှိတဲ့အကျင့်လေးတစ်ခုကို “Shooting တစ်ခုပြီးပြီဆို အဲလိုရွလိုက်ရမှ မသိဘူး ကမယ်” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။
အောင်လေးကတော့ အလုပ်အပေါ်မှာအာရုံစိုက်ပြီး တစ်စိုက်မတ်မတ်လုပ်တတ်သူဖြစ်ပြီး ယောကျ်ားပီသတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကို ခံထားရပါတယ်။ ပရိသတ်တွေအပေါ်မှာလည်း အမြဲတမ်း ပွင်းလင်းဖော်ရွေစွာဆက်ဆံတတ်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပါတယ်။” သတိ အန္တရာယ်ရှိသည် ” ရုပ်ရှင်ဇာတ်ကားကြီး မှာပါဝင်သရုပ်ဆောင်ထားပြီး သူရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်မှုတွေကြောင့် ထိုဇာတ်ကားမှာလည်း ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုရရှိထားပါတယ်။လတ်တလောမှာတော့ ဒါရိုက်တာယုန်လေး စိတ်ကူးပုံဖော်ရိုက်ကူးတဲ့ “MAFIA CITY” ရုပ်ရှင်ဇာတ်ကားကြီး မှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
CeleGabar ပရိသတ်ကြီးရေ မော်ဒယ်တစ်ဦးအနေဖြင့် အနုပညာလောကထဲကိုဝင်ရောက်လာသူတစ်ယောက် ဖြစ်ပြီးလက်ရှိမှာတော့ သရုပ်ဆောင်တစ်ဦးအနေနဲ့ပါ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသားချော အောင်လေးကတော့ ရှူတင်ပြီးတိုင်း စိတ်လွတ်ကိုယ်လွတ်ကတာပါတဲ့နော်။ အောင်လေးတစ်ယောက်ကနေတဲ့ ဗီဒီယိုလေးကိုမျှဝေပေးလိုက်ပါတယ်။
Source: Aung Lay
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
x
error: Content is protected !!