“ရုပ်သံဇာတ်လမ်းတွဲကြီးမှာ ပါဝင်ရိုက်ကူးသွားမယ့် ကျော်ရဲအောင်ရဲ့သမီးချောလေး မှုံနံသာကျော်ရဲအောင်”

ပရိသတ်တွေရဲ့အချစ်တော် ထိပ်တန်းမင်းသားကြီးတစ်လက်ဖြစ်တဲ့ ကျော်ရဲအောင်ရဲ့ သမီးလေး မှုံနံသာကျော်ကတော့ လတ်တလောမှာ “ရခဲ့သမျှ အရာရာ”လို့အမည်ရတဲ့ ရုပ်သံဇာတ်လမ်းတွဲကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ပြီခဲ့တဲ့ (၂၀၁၈)ခုနှစ်မှာလည်း မှုံနံသာကျော်ရဲအောင်က “ဆယ်လီ”ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

ဒီနေ့ ဖေဖော်ဝါရီလ (၇)ရက်နေ့မှာတော့ မှုံနံသာကျော်ရဲအောင်ပါဝင်သရုပ်ဆောင်မယ့် “ရခဲ့သမျှ အရာရာ”ဇာတ်လမ်းတွဲရဲ့ ကန်တော့ပွဲပေး အခမ်းအနာကို ရွှေတိဂုံဘုရားအောင်မြေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ မဟာ အပလီကေးရှင်းနဲ့ ခရေဖြူရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းတင်ဆက်တာဖြစ်ပြီး သက်မွန်မြင့်၊ထွန်းကိုကို၊ ကောင်းပြည့်၊ ဆုပန်ထွာ၊ ပွင့်နဒီမောင်၊မှုံနံသာကျော်ရဲအောင်တို့အပြင် တခြားအနုပညာရှင်တွေလည်း ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

မှုံနံသာကျော်ရဲအောင်ကတော့ ဖခင်ဖြစ်သူ ကျော်ရဲအောင်ရဲ့ အနုပညာအမွေကိုဆက်ခံမယ့် မျိုးဆက်သစ်အနုပညာရှင်တစ်ယောက်ပီပီ “ဆယ်လီ”ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း သူရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ချပြခဲ့သလို အခုတစ်ခေါက်မှာလည်း သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကို ဘယ်လိုချပြဦးဆိုတာတော့ စိတ်ဝင်စားစရာပါ။CeleGabar ပရိသတ်ကြီးရေ “ရခဲ့သမျှ အရာရာ”ဇာတ်လမ်းတွဲလေးထွက်လာရင်အားပေးကြပါဦးနော်။

Source – CeleGabar
Chilli – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။

 

“႐ုပ္သံဇာတ္လမ္းတြဲႀကီးမွာ ပါဝင္႐ိုက္ကူးသြားမယ့္ ေက်ာ္ရဲေအာင္ရဲ႕သမီးေခ်ာေလး မႈံနံသာေက်ာ္ရဲေအာင္”

ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ ထိပ္တန္းမင္းသားႀကီးတစ္လက္ျဖစ္တဲ့ ေက်ာ္ရဲေအာင္ရဲ႕ သမီးေလး မႈံနံသာေက်ာ္ကေတာ့ လတ္တေလာမွာ “ရခဲ့သမွ် အရာရာ”လို႕အမည္ရတဲ့ ႐ုပ္သံဇာတ္လမ္းတြဲႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ၿပီခဲ့တဲ့ (၂၀၁၈)ခုႏွစ္မွာလည္း မႈံနံသာေက်ာ္ရဲေအာင္က “ဆယ္လီ”႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါေသးတယ္။

ဒီေန႕ ေဖေဖာ္ဝါရီလ (၇)ရက္ေန႕မွာေတာ့ မႈံနံသာေက်ာ္ရဲေအာင္ပါဝင္သ႐ုပ္ေဆာင္မယ့္ “ရခဲ့သမွ် အရာရာ”ဇာတ္လမ္းတြဲရဲ႕ ကန္ေတာ့ပြဲေပး အခမ္းအနာကို ေရႊတိဂံုဘုရားေအာင္ေျမမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ မဟာ အပလီေကးရွင္းနဲ႕ ခေရျဖဴ႐ုပ္ရွင္ထုတ္လုပ္ေရးတို႕ ပူးေပါင္းတင္ဆက္တာျဖစ္ၿပီး သက္မြန္ျမင့္၊ထြန္းကိုကို၊ ေကာင္းျပည့္၊ ဆုပန္ထြာ၊ ပြင့္နဒီေမာင္၊မႈံနံသာေက်ာ္ရဲေအာင္တို႕အျပင္ တျခားအႏုပညာရွင္ေတြလည္း ပါဝင္႐ိုက္ကူးသြားမွာျဖစ္ပါတယ္။

မႈံနံသာေက်ာ္ရဲေအာင္ကေတာ့ ဖခင္ျဖစ္သူ ေက်ာ္ရဲေအာင္ရဲ႕ အႏုပညာအေမြကိုဆက္ခံမယ့္ မ်ိဳးဆက္သစ္အႏုပညာရွင္တစ္ေယာက္ပီပီ “ဆယ္လီ”႐ုပ္ရွင္ဇာတ္ကားႀကီးမွာလည္း သူရဲ႕ သ႐ုပ္ေဆာင္စြမ္းရည္ေတြကို ခ်ျပခဲ့သလို အခုတစ္ေခါက္မွာလည္း သူ႕ရဲ႕သ႐ုပ္ေဆာင္စြမ္းရည္ေတြကို ဘယ္လိုခ်ျပဦးဆိုတာေတာ့ စိတ္ဝင္စားစရာပါ။CeleGabar ပရိသတ္ႀကီးေရ “ရခဲ့သမွ် အရာရာ”ဇာတ္လမ္းတြဲေလးထြက္လာရင္အားေပးၾကပါဦးေနာ္။

Source – CeleGabar
Chilli – CeleGabar

x
error: Content is protected !!