ခေတ်နဲ့သစ် (၃)နှစ်ပြည့်ပြီးချိန်မှာ ပြောင်းလဲခံစားလာရတဲ့အချက်လေးကိုပြောပြလာတဲ့ ချစ်သုဝေ

အောင်မြင်ပျော်ရွှင်ပြီး သာယာတဲ့သီရိဂေဟာကိုလေးကို တည်ဆောက်ထားကြတဲ့ အနုပညာရှင် ဆယ်လီစုံတွဲတွေထဲမှာ ချစ်သုဝေနဲ့လင်းလင်းတို့ ဇနီးမောင်နှံလဲ အပါဝင်ပါပဲ ပရိသတ်ကြီးရေ ..။ ချစ်စရာကောင်းတဲ့ သမီးအမြွှာလေး ခေတ်နဲ့သစ်ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့အချစ်တော်လေးတွေလို့တောင် ဆိုရမှာပါ ။ ပြည်သူချစ်အနုပညာရှင် ဇနီးမောင်နှံဖြစ်တဲ့အပြင် မြင်သူတိုင်းချစ်သွားစေမယ့် လူလည်မလေး ခေတ်နဲ့သစ်တို့ရဲ့ မိဘတွေဖြစ်တဲ့အတွက် သွားလေရာ စန်းပွင့်နေတာပဲဖြစ်ပါတယ် ။

 

 

အူဝဲဘဝထဲက ပရိသတ်တွေ အသည်းတယားယားချစ်လာရတဲ့ ခေတ်နဲ့သစ်ကတော့ အခုဆိုရင် (၃) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ် ။ ထရီဇာ ကတော့ သူမရဲ့ချစ်သမီး အမြွှာလေး ခေတ်နဲ့သစ်တို့ရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို အမြဲတမ်း ပရိသတ်တွေကိုမျှ ဝေပေးနေကြပါ ။ လတ်တလောမှာတော့ မေမေ ထရီဇာတစ်ယောက် “ Tre lay ဟာဆိုရင်ဖြင့် သမီးလေးတွေ ၃နှစ်ပြည့်လာတော့ ဘယ်လိုလေး အသွင်ပြောင်းခံစားလာရသလဲဆိုတော့ကား ကစားဖော်အသစ်၂ယောက် ရပြီလို့ “ ဆိုတဲ့စာသားလေးနဲ့အတူ ခေတ် သစ် အမြွှာလေးတွေနဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားနေတဲ့ ပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေပေးလာခဲ့ပါတယ် ။

 

 

 

ချစ်သုေ၀ ကို မင်းသမီးအဖြစ် ပရိသတ်တွေစသိကာစထဲက ချစ်စရာ ကလေးဆန်ဆန် ပုံရိပ်လေးတွေကို ပရိသတ်တွေက အချစ်ပိုခဲ့ရတာဖြစ်တဲ့ အတွက် အခုလည်း သမီးလေးနှစ်ယောက်နဲ့အတူ ညီအစ်မလုပ်ပြီး ဆော့နေတဲ့ သူမကို ပရိသတ်တွေက အရမ်းကိုချစ်နေကြမယ်ထင်ပါတယ် ။ ဖေဖေ လင်းလင်းကတော့ ညီအစ်မ (၃) ယောက်ကို ကလေးလိုထိန်းပါလို့လဲ ထရီဇာက စနောက်ထားပါသေးတယ် ။ ခေတ်နဲ့သစ်ကို ချစ်ကြတဲ့ ချစ်ပရိသတ်ကြီးအတွက် ညီအစ်မ သုံးယောက်ရဲ့ ကစားနေတဲ့ပုံရိပ်လေးတွေကို အခုပဲမျှဝေပေးလိုက်ပြီနော် ။

 

 

Source : Chit Thu Wai
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ေခတ္နဲ႕သစ္ (၃)နွစ္ျပည္႕ျပီးခ်ိန္မွာ ေျပာင္းလဲခံစားလာရတဲ့အခ်က္ေလးကိုေျပာျပလာတဲ့ ခ်စ္သုေ၀

 

ေအာင္ျမင္ေပ်ာ္ရႊင္ျပီး သာယာတဲ့သီရိေဂဟာကိုေလးကို တည္ေဆာက္ထားၾကတဲ့ အႏုပညာရွင္ ဆယ္လီစံုတြဲေတြထဲမွာ ခ်စ္သုေ၀နဲ႕လင္းလင္းတို႕ ဇနီးေမာင္နွံလဲ အပါ၀င္ပါပဲ ပရိသတ္ၾကီးေရ ..။ ခ်စ္စရာေကာင္းတဲ့ သမီးအျမႊာေလး ေခတ္နဲ႕သစ္ကေတာ့ တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ႕အခ်စ္ေတာ္ေလးေတြလို႕ေတာင္ ဆိုရမွာပါ ။ ျပည္သူခ်စ္အနုပညာရွင္ ဇနီးေမာင္နွံျဖစ္တဲ့အျပင္ ျမင္သူတိုင္းခ်စ္သြားေစမယ့္ လူလည္မေလး ေခတ္နဲ႕သစ္တို႕ရဲ႕ မိဘေတြျဖစ္တဲ့အတြက္ သြားေလရာ စန္းပြင့္ေနတာပဲျဖစ္ပါတယ္ ။

အူ၀ဲဘ၀ထဲက ပရိသတ္ေတြ အသည္းတယားယားခ်စ္လာရတဲ့ ေခတ္နဲ႕သစ္ကေတာ့ အခုဆိုရင္ (၃) နွစ္ျပည္႕ခဲ့ျပီျဖစ္ပါတယ္ ။ ထရီဇာ ကေတာ့ သူမရဲ႕ခ်စ္သမီး အျမႊာေလး ေခတ္နဲ႕သစ္တို႕ရဲ႕ ေန႕စဥ္လႈပ္ရွားမႈ ပံုရိပ္ေလးေတြကို အျမဲတမ္း ပရိသတ္ေတြကိုမွ် ေ၀ေပးေနၾကပါ ။ လတ္တေလာမွာေတာ့ ေမေမ ထရီဇာတစ္ေယာက္ “ Tre lay ဟာဆိုရင္ျဖင့္ သမီးေလးေတြ ၃ႏွစ္ျပည့္လာေတာ့ ဘယ္လိုေလး အသြင္ေျပာင္းခံစားလာရသလဲဆိုေတာ့ကား ကစားေဖာ္အသစ္၂ေယာက္ ရၿပီလို႔ “ ဆိုတဲ့စာသားေလးနဲ႕အတူ ေခတ္ သစ္ အျမႊာေလးေတြနဲ႕အတူ ေပ်ာ္ရႊင္စြာ ေဆာ့ကစားေနတဲ့ ပံုရိပ္ေလးေတြကို သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာထက္ကေန မွ်ေ၀ေပးလာခဲ့ပါတယ္ ။

ခ်စ္သုေ၀ ကို မင္းသမီးအျဖစ္ ပရိသတ္ေတြစသိကာစထဲက ခ်စ္စရာ ကေလးဆန္ဆန္ ပံုရိပ္ေလးေတြကို ပရိသတ္ေတြက အခ်စ္ပိုခဲ့ရတာျဖစ္တဲ့ အတြက္ အခုလည္း သမီးေလးနွစ္ေယာက္နဲ႔အတူ ညီအစ္မလုပ္ျပီး ေဆာ့ေနတဲ့ သူမကို ပရိသတ္ေတြက အရမ္းကိုခ်စ္ေနၾကမယ္ထင္ပါတယ္ ။ ေဖေဖ လင္းလင္းကေတာ့ ညီအစ္မ (၃) ေယာက္ကို ကေလးလိုထိန္းပါလုိ႕လဲ ထရီဇာက စေနာက္ထားပါေသးတယ္ ။ ေခတ္နဲ႕သစ္ကို ခ်စ္ၾကတဲ့ ခ်စ္ပရိသတ္ၾကီးအတြက္ ညီအစ္မ သံုးေယာက္ရဲ႕ ကစားေနတဲ့ပံုရိပ္ေလးေတြကို အခုပဲမွ်ေ၀ေပးလုိက္ျပီေနာ္ ။

Source : Chit Thu Wai
Molly ( Cele Gabar )

x
error: Content is protected !!