နောက်ထပ် ထူးခြားတဲ့ ခွဲစိတ်မှုတစ်ခုကို ပရိသတ်တွေကိုချပြတော့မယ် နေခြည်ဦး

ပရိသတ်ကြီးရေ .. ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ Idol လို့တောင်ပြောလို့ရတဲ့ ဗျူးတီးဘလော့ဂါ နေခြည်ဦးကတော့ မိန်းကလေးတွေရဲ့ အလှပတွေအတွက်ရှေ့ဆောင်လမ်းပြ ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဗျူးတီးဘလော့ဂါအဖြစ် ပရိသတ်တွေ စတင်သတိထားမိလာတဲ့ ချီချီကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာပြီး မင်းသမီးတစ်ယောက ်အဖြစ်ပါရပ်တည်လာပြီဖြစ်ပါတယ် ။ နေခြည်တစ်ယောက် အခုလက်ရှိမှာလည်း ပရိသတ်တွေကို ကြီးမားတဲ့ သူမရဲ့ ပြောင်းလဲမှုတစ်ခုကို ချပြတော့မှာပဲဖြစ်ပါတယ် ။

 

ချီချီတစ်ယောက်မကြာသေးမီက ကိုရီယားနိုင်ငံကို သွားရောက်ပြီး နှာခေါင်းခွဲစိတ်မှုနဲ့ မျက်ရစ်ခွဲစိတ်မှုတွေကို ပြုလုပ်ခဲ့ပြီး အရင်ကထက် အရမ်းကိုလှလာခဲ့တာပါ ။ အဲ့လို သူမခွဲစိတ်တာကိုလည်း ပရိသတ်တွေ ဗဟုသုတရဖို့နဲ့ သူမလိုလှချင်သူတွေအတွက်ပါ ကိုရီယားနိုင်ငံကိုစတင်ရောက်ရှိချိန်က စပြီး ခွဲစိတ်ပြီးတဲ့ထိ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါတယ် ။ အခုလို သူမခွဲစိတ်မှုနဲ့ပတ်သတ်ပြီး ပရိသတ်အချို့ဆီက ဝေဖန်တိုက်ခိုက်မှုတွေကို ခံခဲ့ရပေမယ့် နောက်ထပ် ရင်သားလှပအောင် ခွဲစိတ်မှုပြုလုပ်သွားဦးမယ်လို့ အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်းဖြေဆိုခဲ့ဖူးတာကို အားလုံးမှတ်မိကြမယ်ထင်ပါတယ် ။

 

လတ်တလောမှာတော့ ချီချီတစ်ယောက် သူမပြောခဲ့တဲ့အတိုင်း ရင်သားခွဲစိတ်ဖို့အတွက် ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး သူမရဲ့ရင်သားခွဲစိတ်မှုကို ပြုလုပ်ခဲ့ပါတယ် ။ ထုံးစံအတိုင်း သူမရဲ့ ခွဲစိတ်မှုအတွေ့ကြုံလေးတွေကို ပရိသတ်ကို ပြန်လည်မျှဝေပေးဖို့အတွက် ဗီဒီယိုလေးတစ်ခုကို မကြာမီ ပရိသတ်တွေရှေ့ကို ချပြတော့မှာပဲဖြစ်ပါတယ် ။ အခုလက်ရှိမှာတော့ ပရိသတ်တွေကိုအမြည်းအနေနဲ့ Short Video လေးတစ်ခုကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ Cele Gabar ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို အခုပဲ ပြန်လည်မျှ ဝေပေးလိုက်ပါရစေနော် ။

Source : Nay Chi Oo
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Source : Nay Chi Oo
Molly ( Cele Gabar )

x
error: Content is protected !!