“သစ္စာမရှိလှည့်စားသွားတဲ့ ရည်းစားဟောင်းရှေ့မှာ ဆိုပြပြီးဖဲ့လို့ရတဲ့ အိစိကွေးရဲ့ သီချင်းအသစ်”

အိစိကွေးကတော့ ကလေးပေါက်စဘဝကတည်းက ပီပြင်ပိုင်နိုင်လှတဲ့ သရုပ်ဆောင်မှုတွေကို ချပြထားခဲ့နိုင်တဲ့ ကလေးသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ကလေးဘဝကတည်းက ပရိသတ်တွေနဲ့ ရင်နှီးပြီးသားဖြစ်တဲ့ ဒီကလေးလေးကတော့ လက်ရှိမှာ (၁၉)နှစ်အရွယ်ကိုတောင်ရောက်နေပါပြီ။ကလေးဘဝကတည်းကနေ အခုချိန်ထိ အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပြီး အောင်မြင်မှုတွေ လျော့ကျသွားခြင်းမရှိအောင်ထိန်းထားနိုင်တဲ့ အနုပညာရှင်လေးတစ်ယောက်ပါ။

ငယ်ငယ်ထဲကချစ်စရာကောင်းခဲ့တဲ့ အိစိကွေးက အရွယ်ရောက်လာချိန်မှာတော့ နှုတ်ခမ်းနီမလေးတွေ အသဲစွဲဖြစ်ရလောက်အောင် ခန့်ချောလေးတစ်ယောက်လည်း ဖြစ်လာပါသေးတယ်။လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုလုပ်ကိုင်နေပြီး သရုပ်ဆောင်အပြင် အဆိုတော်တစ်ယောက်အနေနဲ့လည်း သီချင်းတွေသီဆိုနေပါသေးတယ်။သရုပ်ဆောင်စွမ်းရည်မှာသာမက အဆိုပိုင်းမှာလည်း ပိုင်နိုင်ထူးချွန်လှကြောင်းကို အိစိကွေးကသူ့ရဲ့ သီချင်းတွေနဲ့ သက်သေပြနိင်ခဲ့ပါသေးတယ်။

လတ်တလောမှာလည်း အိစိကွေးက သစ္စာဖောက်တာကို ခံခဲ့ရတဲ့ သူတွေအတွက် ရည်းစားဟောင်းရှေ့မှာ ဆိုပြလို့ဖို့သင့်တော်တဲ့ အမိုက်စားသီချင်းအသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် ချပြပေးခဲ့ပါတယ်။CeleGabar ပရိသတ်ကြီးရေ ပရိသတ်တွေထဲက သစ္စာမရှိတဲ့သူရဲ့ လှည့်စားမှုကိုခံဖူးတဲ့ သူတွေရှိရင် ဒီသီချင်းလေးကိုနားထောင်ပြီး ဆိုပြလိုက်ပါ ဒါမှမဟုတ် ဒီသီချင်းလေးကို သစ္စာဖောက်တဲ့သူရဲ့အရှေ့မှာ အကျယ်ကြီးဖွင့်ပြလိုက်ပါ။

Chilli – CeleGabar
Source – Ei Si Kway
ဇော်ဂျီဖြင့်ဖတ်ရန်။

 





Chilli – CeleGabar
Source – Ei Si Kway

x
error: Content is protected !!