“လူမှုကွန်ရက်မှာ သနားကရုဏာသက်ခြင်းခံနေရတဲ့ (၉)လအရွယ်ကလေးလေးအတွက် သွားရောက်လှူဒါန်းပေးခဲ့တဲ့ ဟိန်းမင်းသူ”

နူတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်ဟိန်းမင်းသူကတော့ လက်ရှိလူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ မိဘဖြစ်သူတွေဆုံးပါးသွားပြီဖြစ်ပြီး အဘိုးဖြစ်သူနဲ့အတူတူနေနေရတဲ့ (၉)လအရွယ်ကလေးလေးကို သွားရောက်ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ကလေးလေးကတော့ (၉)လအရွယ်သာရှိသေးပြီး မိဘတွေဆုံးပါးသွားတာကြောင့် အဘိုးဖြစ်သူကတော့ Pep နို့မှုန့်(၁၀၀)ရာတန်လေးတွေဖျော်တိုက်နေရကြောင်း လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တာကြောင့် လူများစွာရဲ့ကရုဏာသက်ခြင်းကို ရရှိခဲ့တာပါ။

မနေ့ကတော့ ဟိန်းမင်းသူက သူသွားရောက်လှူဒါန်းခဲ့တဲ့ဗွီဒီယိုလေးနဲ့အတူ “ ရင်နင့်စရာကောင်းတဲ့အဖြစ်ပျက်နဲ့ (၉)လအရွယ် အဖေအမေကမွေးကတည်းက ဆုံးသွားရှာတယ်.. အဘက အငြိမ်းစားဘဝ.. နေစရာဘုန်းကြီးကျောင်းမှာနေပြီး မြေးလေးကိုစောင့်ရှောက်နေတာ…အဲ့ချစ်စရာကောင်းတဲ့သားလေးအတွက် အလှူငွေတစ်သိန်းနဲ့ နို့မှုန့်(၃)ဗူးလှူခဲ့ပါတယ်” ဆိုပြီးသူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာထက်မှာ မျှဝေပေးခဲ့တာပါ။ဟိန်းမင်းသူကတော့ မကြာသေးခင်ကလည်း လူမှုကွန်ရက်မှာ လူပြောများခဲ့တဲ့ လိမ္မော်သီးသည်အဘကိုလည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။

သူကတော့ လက်ရှိအချိန်မှာအနုပညာအလုပ်တွေနဲ့ ထိုင်းနိုင်ငံအထိခြေဆန့်ကာအောင်မြင်နေသူတစ်ယောက်ဖြစ်တဲ့အပြင် လိုအပ်နေတဲ့နေရာတွေကိုလည်း လက်မနှေးဘဲ ပါဝင်လှူဒါန်းပေးလေ့ရှိတာကြောင့် ပရိသတ်တွေအချစ်ပိုနေရသူတစ်ယောက်ပါ။ဒီတစ်ခေါက်မှာလည်း အကူညီလိုနေတဲ့သားလေးဆီကို ချက်ချင်းသွားရောက်ကူညီပေးခဲ့တဲ့ ဟိန်းမင်းသူရဲ့မွန်မြတ်လှတဲ့စေတနာလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီး သာဓုခေါ်နိုင်ဖို့မျှဝေပေးလိုက်ပါတယ်နော်။


Source – Hein Min Thu
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းးဖြင့်ဖတ်ရန်

“လူမွုကြန္ရက္မွာ သနားကရုဏာသက္ျခင္းခံေနရတဲ့ (၉)လအရြယ္ကေလးေလးအတြက္ သြားေရာက္လွဴဒါန္းေပးခဲ့တဲ့ ဟိန္းမင္းသူ”

ႏူတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္ဟိန္းမင္းသူကေတာ့ လက္ရွိလူမွုကြန္ရက္မွာပ်ံ႕ႏွံ႕ေနတဲ့ မိဘျဖစ္သူေတြဆံုးပါးသြားျပီျဖစ္ျပီး အဘိုးျဖစ္သူနဲ႔အတူတူေနေနရတဲ့ (၉)လအရြယ္ကေလးေလးကို သြားေရာက္ကူညီေပးခဲ့တာပဲျဖစ္ပါတယ္။ကေလးေလးကေတာ့ (၉)လအရြယ္သာရွိေသးျပီး မိဘေတြဆံုးပါးသြားတာေၾကာင့္ အဘိုးျဖစ္သူကေတာ့ Pep ႏို႔မွုန္႔(၁၀၀)ရာတန္ေလးေတြေဖ်ာ္တိုက္ေနရေၾကာင္း လူမွုကြန္ရက္မွာပ်ံ႕ႏွ႔ံခဲ့တာေၾကာင့္ လူမ်ားစြာရဲ႕ကရုဏာသက္ျခင္းကို ရရွိခဲ့တာပါ။

မေန႔ကေတာ့ ဟိန္းမင္းသူက သူသြားေရာက္လွဴဒါန္းခဲ့တဲ့ဗြီဒီယိုေလးနဲ႔အတူ “ ရင္နင့္စရာေကာင္းတဲ့အျဖစ္ပ်က္နဲ႔ (၉)လအရြယ္ အေဖအေမကေမြးကတည္းက ဆံုးသြားရွာတယ္.. အဘက အျငိမ္းစားဘဝ.. ေနစရာဘုန္းၾကီးေက်ာင္းမွာေနျပီး ေျမးေလးကိုေစာင့္ေရွာက္ေနတာ…အဲ့ခ်စ္စရာေကာင္းတဲ့သားေလးအတြက္ အလွဴေငြတစ္သိန္းနဲ႔ ႏုိ႔မွုန္႔(၃)ဗူးလွဴခဲ့ပါတယ္” ဆိုျပီးသူ႔ရဲ႕ေဖ့ဘြတ္ခ္စာမ်က္ႏွာထက္မွာ မွ်ေဝေပးခဲ့တာပါ။ဟိန္းမင္းသူကေတာ့ မၾကာေသးခင္ကလည္း လူမွုကြန္ရက္မွာ လူေျပာမ်ားခဲ့တဲ့ လိေမၼာ္သီးသည္အဘကိုလည္း သြားေရာက္လွဴဒါန္းခဲ့ပါေသးတယ္။

သူကေတာ့ လက္ရွိအခ်ိန္မွာအႏုပညာအလုပ္ေတြနဲ႔ ထိုင္းႏုိင္ငံအထိေျခဆန္႔ကာေအာင္ျမင္ေနသူတစ္ေယာက္ျဖစ္တဲ့အျပင္ လိုအပ္ေနတဲ့ေနရာေတြကိုလည္း လက္မေႏွးဘဲ ပါဝင္လွဴဒါန္းေပးေလ့ရွိတာေၾကာင့္ ပရိသတ္ေတြအခ်စ္ပိုေနရသူတစ္ေယာက္ပါ။ဒီတစ္ေခါက္မွာလည္း အကူညီလိုေနတဲ့သားေလးဆီကို ခ်က္ခ်င္းသြားေရာက္ကူညီေပးခဲ့တဲ့ ဟိန္းမင္းသူရဲ႕မြန္ျမတ္လွတဲ့ေစတနာေလးကို ဆယ္လီကမာၻပရိသတ္ၾကီး သာဓုေခၚႏုိင္ဖို႔မွ်ေဝေပးလုိက္ပါတယ္ေနာ္။
Source – Hein Min Thu
Rainbow- Cele Gabar

x
error: Content is protected !!