စင်ကာပူနိုင်ငံမှာ တစ်ကိုယ်တော်ရှိုးပွဲလေးလုပ်ပြီး ပရိသတ်တွေနဲ့တွေ့ဆုံသွားမယ့် ဘင်ဂျမင်ဆုမ်း

မိန်းကလေးထုကြီးရဲ့အသည်းကျော် ဘင်ဘင်ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးကတည်းက ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလို သွားရောက်သီဆိုနေရတဲ့အပြင် ဆိုင်ဖွင့်ပွဲအခမ်းအနားတွေလည်း မကြာခဏဆိုသလိုတက်ရောက်နေရသူတစ်ယောက်ပါ။ဒါ့အပြင် ဘင်ဘင်ကတော့ မြန်မာနိုင်ငံမှာတင်မကဘဲ စင်ကာပူကပရိသတ်တွေအတွက်လည်း လာမယ့်မတ်လ(၁)ရက်နေ့မှာ တစ်ကိုယ်တော်ရှိုးပွဲလေးလုပ်ပြီး သွားရောက်တွေဆုံတော့မှာဖြစ်ပါတယ်။

ဘင်ဘင်ရဲ့စင်ကာပူကပွဲလေးကိုတော့ မတ်လ(၁)ရက်နေ့ 6001 Beach Raod, Carnival Cinema, Golden Mile Tower , Third Floor မှာ မနက်(၁၀)နာရီကနေ နေ့လည်(၁)နာရီအတွင်းပြုလုပ်သွားမှာဖြစ်ပါတယ်။လက်မှတ်တွေကတော့ S$20,S$30 ဖြစ်ပြီးတော့ Fan Meeting မှာဆိုရင် ဘင်ဘင်နဲ့အတူတူဂိမ်းဆော့ခြင်း၊ဓာတ်ပုံတွဲရိုက်ခြင်းတွေကို ပြုလုပ်သွားမှာပါ။ဒါ့အပြင် ဒီရှိုးပွဲလေးမှာတော့ ဘင်ဘင်က မြန်မာ၊အင်္ဂလိပ်၊ဖလမ်း၊မီဇို၊ဟားခါး၊တီးတိန် တေးသီချင်းပေါင်းစုံနဲ့သီဆိုဖျော်ဖြေသွားမှာဖြစ်လို့ စင်ကာပူက Summer လေးတွေအတွက်ကတော့ မဖြစ်မနေသွားအားပေးသင့်တဲ့ပွဲလေးတစ်ပွဲပဲ ဖြစ်ပါတယ်။

ဘင်ဂျမင်ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တွေအထဲမှာ အချစ်ခံရဆုံး၊ ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုအများဆုံးရရှိထားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်လည်းဖြစ်တာမို့ လာမယ့် မတ်လ စင်ကာပူမှာကျင်းပဖျော်ဖြေမယ့်ပွဲလေးကို မသိသေးတဲ့ ဘင်ဂျမင်ရဲ့Summer လေးတွေအတွက် ဆယ်လီကမ္ဘာကနေ မျှဝေပေးလိုက်ပါတယ်နော်။

Source – We love Benjamin Sum(MMID)Official Group,Rainbow- Cele Gabar

ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

စင္ကာပူႏုိင္ငံမွာ တစ္ကိုယ္ေတာ္ရွိုးပြဲေလးလုပ္ျပီး ပရိသတ္ေတြနဲ႔ေတြ႔ဆံုသြားမယ့္ ဘင္ဂ်မင္ဆုမ္း

မိန္းကေလးထုၾကီးရဲ႕အသည္းေက်ာ္ ဘင္ဘင္ကေတာ့ ျမန္မာအိုင္ေဒါျပိဳင္ပြဲၾကီးျပီးကတည္းက ေဖ်ာ္ေျဖပြဲေတြဆက္တုိက္ဆိုသလုိ သြားေရာက္သီဆိုေနရတဲ့အျပင္ ဆုိင္ဖြင့္ပြဲအခမ္းအနားေတြလည္း မၾကာခဏဆိုသလိုတက္ေရာက္ေနရသူတစ္ေယာက္ပါ။ဒါ့အျပင္ ဘင္ဘင္ကေတာ့ ျမန္မာႏုိင္ငံမွာတင္မကဘဲ စင္ကာပူကပရိသတ္ေတြအတြက္လည္း လာမယ့္မတ္လ(၁)ရက္ေန႔မွာ တစ္ကိုယ္ေတာ္ရွိုးပြဲေလးလုပ္ျပီး သြားေရာက္ေတြဆံုေတာ့မွာျဖစ္ပါတယ္။

ဘင္ဘင္ရဲ႕စင္ကာပူကပြဲေလးကိုေတာ့ မတ္လ(၁)ရက္ေန႔ 6001 Beach Raod, Carnival Cinema, Golden Mile Tower , Third Floor မွာ မနက္(၁၀)နာရီကေန ေန႔လည္(၁)နာရီအတြင္းျပဳလုပ္သြားမွာျဖစ္ပါတယ္။လက္မွတ္ေတြကေတာ့ S$20,S$30 ျဖစ္ျပီးေတာ့ Fan Meeting မွာဆိုရင္ ဘင္ဘင္နဲ႔အတူတူဂိမ္းေဆာ့ျခင္း၊ဓာတ္ပံုတြဲရိုက္ျခင္းေတြကို ျပဳလုပ္သြားမွာပါ။ဒါ့အျပင္ ဒီရွိုးပြဲေလးမွာေတာ့ ဘင္ဘင္က ျမန္မာ၊အဂၤလိပ္၊ဖလမ္း၊မီဇို၊ဟားခါး၊တီးတိန္ ေတးသီခ်င္းေပါင္းစံုနဲ႔သီဆုိေဖ်ာ္ေျဖသြားမွာျဖစ္လို႔ စင္ကာပူက Summer ေလးေတြအတြက္ကေတာ့ မျဖစ္မေနသြားအားေပးသင့္တဲ့ပြဲေလးတစ္ပြဲပဲ ျဖစ္ပါတယ္။

ဘင္ဂ်မင္ကေတာ့ ျမန္မာအိုင္ေဒါျပိဳင္ပြဲဝင္ေတြအထဲမွာ အခ်စ္ခံရဆံုး၊ ပရိသတ္ေတြရဲ႕ဝန္းရံအားေပးမွုအမ်ားဆံုးရရွိထားတဲ့ ျပိဳင္ပြဲဝင္တစ္ေယာက္လည္းျဖစ္တာမို႔ လာမယ့္ မတ္လ စင္ကာပူမွာက်င္းပေဖ်ာ္ေျဖမယ့္ပြဲေလးကို မသိေသးတဲ့ ဘင္ဂ်မင္ရဲ႕Summer ေလးေတြအတြက္ ဆယ္လီကမာၻကေန မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source – We love Benjamin Sum(MMID)Official Group,Rainbow- Cele Gabar

x
error: Content is protected !!