“နောင်နှစ်ထိအသက်ရှင်နေခဲ့ရင် တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးလုပ်ဦးမယ်ဆိုတဲ့ မီးမီးခဲ”

မီးမီးခဲကတော့ ကင်ဆာအဆင့်(၄)ဆိုတဲ့ ရောဂါဝေဒနာဒဏ်ကို ခံစားနေရတာကြောင့် သူမသေခင်မှာ ပရိသတ်တွေအတွက် တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးကျင်းပပြုလုပ်ပေးစေချင်ခဲ့တဲ့ ဆန္ဒလေးကို အကောင်အထည်ဖော်ခဲ့ပြီး မြန်မာပြည်ကို ပြန်လာကာ ဖျော်ဖြေပွဲလေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ ဖျော်ဖြေပွဲပြီးနောက် ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ မီးမီးခဲကတော့ သူနေထိုင်ရာ သြစတြေလျကို ပြန်လည်ရောက်ရှိနေပါပြီ။

သြစတြေးလျကိုပြန်ရောက်ချိန်မှာ သူရဲ့ (၃)လ(၁)ခါဆေးစစ်ရတဲ့ ဆေးစစ်ချက်အဖြေကလည်းကောင်းမွန်ခဲ့ပါတယ်။ပရိသတ်တွေအတွက် အနုပညာမှာလောဘကြီးတဲ့ မီးမီးခဲက ပြန်လည်ကျန်းမာလာတဲ့ အချိန်မှာ ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သူ့ရဲ့ ပထမဆုံအကြိမ်ရှိုးပွဲကို မလာနိုင်ခဲ့တဲ့ နယ်ဘက်ကပရိသတ်တွေအတွက် နောက်ထပ် တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးလုပ်ပေးသွားဖို့ဆန္ဒရှိနေခဲ့ပြန်ပါတယ်။မီးမီးခဲကတော့ နောက်ထပ်တစ်ကိုယ်တော်ရှိုးပွဲကို လာမယ့် (၂၀၂၁)ခုနှစ် မန္တလေးမြို့မှာ ကျင်းပပြုလုပ်ဖို့ရည်ရွယ်ထားခဲ့ပေမဲ့ သူ့ပရိသတ်တွေအများဆုံးရှိတဲ့ ဒေသမှာပြုလုပ်မှာဖြစ်တာကြောင့် ပရိသတ်တွေကို နေရာလေးတွေပြောပေးဖို့တောင်ဆိုထားခဲ့ပါသေးတယ်။

လာမယ့်နှစ်မှာ တစ်ကိုယ်တော်ဖျော်ဖြေပွြလေးကျင်းပနိုင်ဖို့က မီးမီးခဲကသူအတွက် လတ်တလောမျှော်လင့်ချက်ကလေး ဖြစ်နေခဲ့ပြီး နောင်နှစ်မှာ အသက်ဆက်ရှင်ချင်သေးတဲ့ အကြောင်းကို လည်း ပြောထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ မီးမီးခဲတစ်ယောက် နောက်ထပ်နှစ်များစွာ ကျန်းမာရေးတွေကောင်မွန်အောင်ဆုတောင်းစကားလေးတွေဆိုသွားပေးခဲ့ကြပါဦးနော်။

Chilli – CeleGabar
Source – The Real Mee Mee Khel
ဇော်ဂျီဖြင့်ဖတ်ရန်။

 

“ေနာင္ႏွစ္ထိအသက္ရွင္ေနခဲ့ရင္ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေလးလုပ္ဦးမယ္ဆိုတဲ့ မီးမီးခဲ”

မီးမီးခဲကေတာ့ ကင္ဆာအဆင့္(၄)ဆိုတဲ့ ေရာဂါေဝဒနာဒဏ္ကို ခံစားေနရတာေၾကာင့္ သူမေသခင္မွာ ပရိသတ္ေတြအတြက္ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေလးက်င္းပျပဳလုပ္ေပးေစခ်င္ခဲ့တဲ့ ဆႏၵေလးကို အေကာင္အထည္ေဖာ္ခဲ့ၿပီး ျမန္မာျပည္ကို ျပန္လာကာ ေဖ်ာ္ေျဖပြဲေလးကို ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့ပါတယ္။ ေဖ်ာ္ေျဖပြဲၿပီးေနာက္ ၿပီးခဲ့တဲ့ ရက္အနည္းငယ္ကပဲ မီးမီးခဲကေတာ့ သူေနထိုင္ရာ ၾသစေၾတလ်ကို ျပန္လည္ေရာက္ရွိေနပါျပီ။

ၾသစေၾတးလ်ကိုျပန္ေရာက္ခ်ိန္မွာ သူရဲ႕ (၃)လ(၁)ခါေဆးစစ္ရတဲ့ ေဆးစစ္ခ်က္အေျဖကလည္းေကာင္းမြန္ခဲ့ပါတယ္။ပရိသတ္ေတြအတြက္ အႏုပညာမွာေလာဘႀကီးတဲ့ မီးမီးခဲက ျပန္လည္က်န္းမာလာတဲ့ အခ်ိန္မွာ ရန္ကုန္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ သူ႕ရဲ႕ ပထမဆံုအႀကိမ္ရွိဳးပြဲကို မလာႏိုင္ခဲ့တဲ့ နယ္ဘက္ကပရိသတ္ေတြအတြက္ ေနာက္ထပ္ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲေလးလုပ္ေပးသြားဖို႕ဆႏၵရွိေနခဲ့ျပန္ပါတယ္။မီးမီးခဲကေတာ့ ေနာက္ထပ္တစ္ကိုယ္ေတာ္ရွိဳးပြဲကို လာမယ့္ (၂၀၂၁)ခုႏွစ္ မႏၲေလးၿမိဳ႕မွာ က်င္းပျပဳလုပ္ဖို႕ရည္ရြယ္ထားခဲ့ေပမဲ့ သူ႕ပရိသတ္ေတြအမ်ားဆံုးရွိတဲ့ ေဒသမွာျပဳလုပ္မွာျဖစ္တာေၾကာင့္ ပရိသတ္ေတြကို ေနရာေလးေတြေျပာေပးဖို႕ေတာင္ဆိုထားခဲ့ပါေသးတယ္။

လာမယ့္ႏွစ္မွာ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြျေလးက်င္းပႏိုင္ဖို႕က မီးမီးခဲကသူအတြက္ လတ္တေလာေမွ်ာ္လင့္ခ်က္ကေလး ျဖစ္ေနခဲ့ၿပီး ေနာင္ႏွစ္မွာ အသက္ဆက္ရွင္ခ်င္ေသးတဲ့ အေၾကာင္းကို လည္း ေျပာထားပါေသးတယ္။CeleGabar ပရိသတ္ႀကီးေရ မီးမီးခဲတစ္ေယာက္ ေနာက္ထပ္ႏွစ္မ်ားစြာ က်န္းမာေရးေတြေကာင္မြန္ေအာင္ဆုေတာင္းစကားေလးေတြဆိုသြားေပးခဲ့ၾကပါဦးေနာ္။

Chilli – CeleGabar
Source – The Real Mee Mee Khel

x
error: Content is protected !!