“မျက်နှာခွဲစိတ်ပြုပြင်မှုအပြီး (၃)လကျော်လာတဲ့အချိန်မှာ ပြောင်းလဲသွားတဲ့မျက်နှာကို ချပြလိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်”

ထွန်းအိန္ဒြာဗိုလ်ကတော့ မြန်မာ့ရုပ်ရှင်လောကမှာရော ဂီတလောကမှာပါ အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မခိုင်ကြီးဟာ အသက်(၅၀)ကျော်နေပြီဖြစ်ပေမယ့် ငယ်ငယ်တုန်းကအတိုင်း ကျက်သရေရှိတဲ့အလှတရားနဲ့ ပျိုမြစ်နုနယ်နေဆဲအနုပညာရှင်တစ်ယောက်ပါ။ဒါပေမယ့် ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းအတိုင်း မျက်နှာထိန်းသိမ်းပြုပြင်ဖို့အတွက် ကမ္ဘာ့နာမည်ကြီး ပလတ်စတစ်ဆာဂျရီဆေးရုံတို့ရှိရာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကိုသွားရောက်ခဲ့တာဖြစ်ပါတယ်။

 ပရိသတ်တွေကတော့ မျက်နှာပြောင်းလဲသွားမှာစိုးရိမ်နေကြတာဖြစ်ပြီး မခိုင်ကြီးကတော့ Deep skin Care လောက်ပဲလုပ်ဖြစ်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။မျက်ရစ်ခွဲစိတ်ခြင်း၊ အသားအရည်ပြောင်းလဲခြင်း၊ အသားအရည်ပင့်တင်ခြင်းစတာတွေကို ပြုလုပ်ဖြစ်ခဲ့တာဖြစ်ပြီး မျက်နှာပြုပြင်ပြီးကတည်းက မျက်လုံးတွေယောင်နေသေးတာကြောင့် မျက်မှန်အမြဲတပ်ထားရသူလည်းဖြစ်ပါတယ်။ပွဲတက်အခမ်းအနားတွေမှာ သီဆိုဖျော်ဖြေတိုင်းလည်း မျက်မှန်အမြဲတပ်ထားလေ့ရှိတဲ့ မခိုင်ကြီးကတော့ ဒီနေ့မှာတော့ သူ့ရဲ့ခွဲစိတ်ပြီး(၃)လပြည့်မျက်နှာလေးကို ပရိသတ်ကိုချပြလိုက်ပြီဖြစ်ပါတယ်။ငယ်ငယ်တုန်းက မခိုင်ကြီးကိုပြန်လည်မြင်လိုက်ရသလို ပြောင်းလဲသွားတဲ့မျက်နှာလေးကိုတော့ ပရိသတ်တွေက အံ့သြမှင်သက်ခဲ့ကြတာပါ။

မခိုင်ကြီးကတော့ သူ့ရဲ့မျက်နှာပြုပြင်ထားတဲ့ရလဒ်ကတော့(၆)လပြည့်မှသာ သိသာမှာဖြစ်ပြီး ဒီနေ့မှာတော့ (၃)လကျော်လာပြီဖြစ်တဲ့မျက်နှာလေးကို ချပြလိုက်တာပဲဖြစ်ပါတယ်။ရလဒ်အတိအကျမထွက်သေးခင်မှာတောင် သိသိသာသာပျိုမြစ်နုနယ်တဲ့အသွင်ကိုဆောင်နေတဲ့ထွန်းအိန္ဒြာဗိုလ်ရဲ့ မျက်နှာပြုပြင်မှုအပြီး(၃)လအကြာမျက်နှာလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက်လည်း မျှဝေပေးလိုက်ပါတယ်နော်။


Source – Htun Aeindra Bo
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“မ်က္ႏွာခြဲစိတ္ျပဳျပင္မွုအျပီး (၃)လေက်ာ္လာတဲ့အခ်ိန္မွာ ေျပာင္းလဲသြားတဲ့မ်က္ႏွာကို ခ်ျပလိုက္တဲ့ ထြန္းအိျႏၵာဗိုလ္”

ထြန္းအိျႏၵာဗိုလ္ကေတာ့ ျမန္မာ့ရုပ္ရွင္ေလာကမွာေရာ ဂီတေလာကမွာပါ ေအာင္ျမင္ေက်ာ္ၾကားလူၾကိဳက္မ်ားတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ မခုိင္ၾကီးဟာ အသက္(၅၀)ေက်ာ္ေနျပီျဖစ္ေပမယ့္ ငယ္ငယ္တုန္းကအတုိင္း က်က္သေရရွိတဲ့အလွတရားနဲ႔ ပ်ိဳျမစ္ႏုနယ္ေနဆဲအႏုပညာရွင္တစ္ေယာက္ပါ။ဒါေပမယ့္ ေျပာင္းလဲလာတဲ့ေခတ္ေရစီးေၾကာင္းအတိုင္း မ်က္ႏွာထိန္းသိမ္းျပဳျပင္ဖို႔အတြက္ ကမာၻ႔နာမည္ၾကီး ပလတ္စတစ္ဆာဂ်ရီေဆးရံုတို႔ရွိရာ ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ျမိဳ႕ကိုသြားေရာက္ခဲ့တာျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ မ်က္နွာေျပာင္းလဲသြားမွာစိုးရိမ္ေနၾကတာျဖစ္ျပီး မခိုင္ၾကီးကေတာ့ Deep skin Care ေလာက္ပဲလုပ္ျဖစ္မယ္လို႔ ေျပာခဲ့တာျဖစ္ပါတယ္။မ်က္ရစ္ခြဲစိတ္ျခင္း၊ အသားအရည္ေျပာင္းလဲျခင္း၊ အသားအရည္ပင့္တင္ျခင္းစတာေတြကို ျပဳလုပ္ျဖစ္ခဲ့တာျဖစ္ျပီး မ်က္ႏွာျပဳျပင္ျပီးကတည္းက မ်က္လံုးေတြေယာင္ေနေသးတာေၾကာင့္ မ်က္မွန္အျမဲတပ္ထားရသူလည္းျဖစ္ပါတယ္။ပြဲတက္အခမ္းအနားေတြမွာ သီဆိုေဖ်ာ္ေျဖတိုင္းလည္း မ်က္မွန္အျမဲတပ္ထားေလ့ရွိတဲ့ မခိုင္ၾကီးကေတာ့ ဒီေန႔မွာေတာ့ သူ႔ရဲ႕ခြဲစိတ္ျပီး(၃)လျပည့္မ်က္ႏွာေလးကို ပရိသတ္ကိုခ်ျပလိုက္ျပီျဖစ္ပါတယ္။ငယ္ငယ္တုန္းက မခိုင္ၾကီးကိုျပန္လည္ျမင္လိုက္ရသလို ေျပာင္းလဲသြားတဲ့မ်က္ႏွာေလးကိုေတာ့ ပရိသတ္ေတြက အ့ံၾသမွင္သက္ခဲ့ၾကတာပါ။

မခိုင္ၾကီးကေတာ့ သူ႔ရဲ႕မ်က္ႏွာျပဳျပင္ထားတဲ့ရလဒ္ကေတာ့(၆)လျပည့္မွသာ သိသာမွာျဖစ္ျပီး ဒီေန႔မွာေတာ့ (၃)လေက်ာ္လာျပီျဖစ္တဲ့မ်က္ႏွာေလးကုိ ခ်ျပလိုက္တာပဲျဖစ္ပါတယ္။ရလဒ္အတိအက်မထြက္ေသးခင္မွာေတာင္ သိသိသာသာပ်ိဳျမစ္ႏုနယ္တဲ့အသြင္ကိုေဆာင္ေနတဲ့ထြန္းအိျႏၵာဗိုလ္ရဲ႕ မ်က္ႏွာျပဳျပင္မွုအျပီး(၃)လအၾကာမ်က္ႏွာေလးကို ဆယ္လီကမာၻပရိသတ္ၾကီးအတြက္လည္း မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source – Htun Aeindra Bo
Rainbow- Cele Gabar

x
error: Content is protected !!