“နန်းခင်ဇေယျာရဲ့ ‘You Are My Papi’ သီချင်းအသစ်လေးနဲ့ MTVလေး”

CeleGabar ပရိသတ်ကြီးရေ မနေ့က ဖေဖော်ဝါရီလ (၇)ရက်နေ့ ညနေပိုင်းလောက်မှာတော့ မော်ဒယ်သရုပ်ဆောင် အဆိုတော် နန်းခင်ဇေယျာကသူ့ရဲ့ သီချင်းအသစ်လေးကို MTVလေးနဲ့ အတူ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ “You are my papi” လို့ နာမည်ပေးထားပြီး အဆိုတော် ဝိုင်းလေးကရေးစပ်ပေးထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးတွေ သတိထားမိလိုက်မယ်ထင်ပါတယ်။ဒီသီချင်းလေးက The Mask Singer Myanmar မှာ နန်းခင်ဇေယျာတစ်ယောက် ရေခဲမုန့်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေခဲ့ပြီး ပရိသတ်တွေကို မျက်နှာဖုံးချွတ်ပြခဲ့ရတဲ့နောက် နောက်ဆုံးဖျော်ဖြေသီဆိုခဲ့တဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ The Mask Singer မှာ သီဆိုပြသခဲ့ချိန်ကတည်းကပရိသတ်တွေက သဘောကျနှစ်သက်ခဲ့ပြီး သီချင်းလေးကို နန်းခင်ဇေယျာ တရားဝင်ထုတ်ပေးမယ့် အချိန်ကိုလည်း စောင့်မျှော်နေကြပါသေးတယ်။

ဒီသီချင်းလေးထဲမှာ နန်းခင်ဇေယျာက ကိုယ်တိုင်သရုပ်ဆောင်ထားခဲ့ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် မင်းသားချော ဟိန်းထက်နဲ့ကလည်း အတူတွဲဖက်ကာ သရုပ်ဆောင်ထားတာကြောင့် အမိုက်စား MTV လေးကိုလည်း တွေ့မြင်ရပါတယ်။CeleGabar ပရိသတ်ကြီးရေ နန်းခင်ဇေယျာရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ “You are my papi” သီချင်းလေးကိုနားဆင်ပြီး MTV အမိုက်စားလေးကိုလည်း ခံစားကြည့်ရှုလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

Chilli – CeleGabar
Source – Nang Khin Zay Yar – နန်းခင်ဇေယျာ
ဇော်ဂျီဖြင့်ဖတ်ရန်။

 

“နန္းခင္ေဇယ်ာရဲ႕ ‘You Are My Papi’ သီခ်င္းအသစ္ေလးနဲ႕ MTVေလး”

CeleGabar ပရိသတ္ႀကီးေရ မေန႕က ေဖေဖာ္ဝါရီလ (၇)ရက္ေန႕ ညေနပိုင္းေလာက္မွာေတာ့ ေမာ္ဒယ္သ႐ုပ္ေဆာင္ အဆိုေတာ္ နန္းခင္ေဇယ်ာကသူ႕ရဲ႕ သီခ်င္းအသစ္ေလးကို MTVေလးနဲ႕ အတူ ပရိသတ္ေတြအတြက္ တင္ဆက္ေပးလိုက္ပါတယ္။ သီခ်င္းေလးရဲ႕ နာမည္ကေတာ့ “You are my papi” လို႕ နာမည္ေပးထားၿပီး အဆိုေတာ္ ဝိုင္းေလးကေရးစပ္ေပးထားတာပဲျဖစ္ပါတယ္။

ပရိသတ္ႀကီးေတြ သတိထားမိလိုက္မယ္ထင္ပါတယ္။ဒီသီခ်င္းေလးက The Mask Singer Myanmar မွာ နန္းခင္ေဇယ်ာတစ္ေယာက္ ေရခဲမုန္႕အေနနဲ႕ ပါဝင္ယွဥ္ၿပိဳင္ေဖ်ာ္ေျဖခဲ့ၿပီး ပရိသတ္ေတြကို မ်က္ႏွာဖံုးခၽြတ္ျပခဲ့ရတဲ့ေနာက္ ေနာက္ဆံုးေဖ်ာ္ေျဖသီဆိုခဲ့တဲ့ သီခ်င္းေလးလည္း ျဖစ္ပါတယ္။ The Mask Singer မွာ သီဆိုျပသခဲ့ခ်ိန္ကတည္းကပရိသတ္ေတြက သေဘာက်ႏွစ္သက္ခဲ့ၿပီး သီခ်င္းေလးကို နန္းခင္ေဇယ်ာ တရားဝင္ထုတ္ေပးမယ့္ အခ်ိန္ကိုလည္း ေစာင့္ေမွ်ာ္ေနၾကပါေသးတယ္။

ဒီသီခ်င္းေလးထဲမွာ နန္းခင္ေဇယ်ာက ကိုယ္တိုင္သ႐ုပ္ေဆာင္ထားခဲ့ၿပီး ႏႈတ္ခမ္းနီမေလးေတြရဲ႕ အခ်စ္ေတာ္ မင္းသားေခ်ာ ဟိန္းထက္နဲ႕ကလည္း အတူတြဲဖက္ကာ သ႐ုပ္ေဆာင္ထားတာေၾကာင့္ အမိုက္စား MTV ေလးကိုလည္း ေတြ႕ျမင္ရပါတယ္။CeleGabar ပရိသတ္ႀကီးေရ နန္းခင္ေဇယ်ာရဲ႕ သီခ်င္းအသစ္ေလးျဖစ္တဲ့ “You are my papi” သီခ်င္းေလးကိုနားဆင္ၿပီး MTV အမိုက္စားေလးကိုလည္း ခံစားၾကည့္ရွဳလို႕ရေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

Chilli – CeleGabar
Source – Nang Khin Zay Yar – နန္းခင္ေဇယ်ာ

x
error: Content is protected !!