“ပျိုမေတွေရဲ့အသည်းကျော်နှစ်ယောက်နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးသွားမယ့် ဖွေးဖွေး”

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်နေနဲ့ ရပ်တည်နေတဲ့ဖွေးဖွေးကတော့ ရုံတင်ဇာတ်ကားတွေဆက်တိုက်ဆိုသလို ရိုက်ကူးနေရသူပါ။အသက်ငယ်ငယ်နဲ့ အကယ်ဒမီဆုကြီး(၃)ခုကို ဆွတ်ခူးထားပြီး (၂၀၁၉)ခုနှစ်မှာလည်း လေးဆုမြောက်အကယ်ဒမီဆုကြီးကို ရယူနိုင်မယ်လို့ ဖွေးဖွေးရဲ့အမာခံပရိသတ်တွေကတော့ မျှော်မှန်းထားကြပါသေးတယ်။

ဟိတ်ဟန်မရှိဘဲ အမြဲတက်ကြွလန်းဆန်းနေတတ်တဲ့ဖွေးဖွေးကတော့ နှစ်သစ်ကို ဆံပင်ပုံစံအသစ်နဲ့စတင်မိတ်ဆက်ခဲ့တဲ့အပြင် (၂၀၂၀)ရဲ့နှစ်စမှာတော့နူတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားနှစ်ယောက်နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ဆရာမပုညခင်ရဲ့ ရွှေဖူးစာဆိုတဲ့ ဝတ္ထုလေးကို ဒါရိုက်တာပွင့်သိင်္ဂီဇော်က ရိုက်ကူးသွားမှာဖြစ်ပြီး ဖွေးဖွေးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေဘက်ကို စတင်ခြေလှမ်းလာပြီဖြစ်တဲ့ မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောပိုင်တံခွန်၊ကောင်းမြတ်စံတို့က ပါဝင်ရိုက်ကူးသွားမှာပါ။

လူငယ်ဆန်ဆန်ရိုမန့်တစ်ဖြစ်တဲ့ဇာတ်ကားလေးတွေနဲ့ နာမည်ရလာတဲ့ဒါရိုက်တာပွင့်သိဂီၤဇော်ကတော့ ပရိသတ်ရဲ့အသည်းကျော်သုံးဦးကို ဘယ်လိုတွေချစ်စရာကောင်းအောင်ရိုက်ကူးပုံဖော်ဦးမလဲဆိုတာတော့ မျှော်လင့်စောင့်စားရဦးမှာပဲဖြစ်ပါတယ်။


Source – Phway Phway,Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ပ်ိဳေမေတြရဲ႕အသည္းေက်ာ္ႏွစ္ေယာက္နဲ႔အတူ ရုပ္ရွင္ဇာတ္ကားၾကီးရိုက္ကူးသြားမယ့္ ေဖြးေဖြး”

ျမန္မာႏုိင္ငံရဲ႕ထိပ္တန္းမင္းသမီးတစ္လက္ေနနဲ႔ ရပ္တည္ေနတဲ့ေဖြးေဖြးကေတာ့ ရံုတင္ဇာတ္ကားေတြဆက္တိုက္ဆိုသလို ရိုက္ကူးေနရသူပါ။အသက္ငယ္ငယ္နဲ႔ အကယ္ဒမီဆုၾကီး(၃)ခုကို ဆြတ္ခူးထားျပီး (၂၀၁၉)ခုႏွစ္မွာလည္း ေလးဆုေျမာက္အကယ္ဒမီဆုၾကီးကို ရယူႏုိင္မယ္လို႔ ေဖြးေဖြးရဲ႕အမာခံပရိသတ္ေတြကေတာ့ ေမွ်ာ္မွန္းထားၾကပါေသးတယ္။

ဟိတ္ဟန္မရွိဘဲ အျမဲတက္ၾကြလန္းဆန္းေနတတ္တဲ့ေဖြးေဖြးကေတာ့ ႏွစ္သစ္ကို ဆံပင္ပံုစံအသစ္နဲ႔စတင္မိတ္ဆက္ခဲ့တဲ့အျပင္ (၂၀၂၀)ရဲ႕ႏွစ္စမွာေတာ ့ႏူတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္မင္းသားႏွစ္ေယာက္နဲ႔အတူ ရုပ္ရွင္ဇာတ္ကားၾကီးကို စတင္ရိုက္ကူးေတာ့မွာျဖစ္ပါတယ္။ဆရာမပုညခင္ရဲ႕ ေရႊဖူးစာဆိုတဲ့ ဝတၳဳေလးကို ဒါရိုက္တာပြင့္သိဂၤီေဇာ္က ရိုက္ကူးသြားမွာျဖစ္ျပီး ေဖြးေဖြးနဲ႔အတူ ရုပ္ရွင္ဇာတ္ကားၾကီးေတြဘက္ကို စတင္ေျခလွမ္းလာျပီျဖစ္တဲ့ ေမာ္လ္ဒယ္သရုပ္ေဆာင္မင္းသားေခ်ာပိုင္တံခြန္၊ေကာင္းျမတ္စံတို႕က ပါဝင္ရိုက္ကူးသြားမွာပါ။

လူငယ္ဆန္ဆန္ရိုမန္႔တစ္ျဖစ္တဲ့ဇာတ္ကားေလးေတြနဲ႔ နာမည္ရလာတဲ့ဒါရိုက္တာပြင့္သိဂီၤေဇာ္ကေတာ့ ပရိသတ္ရဲ႕အသည္းေက်ာ္သံုးဦးကို ဘယ္လုိေတြခ်စ္စရာေကာင္းေအာင္ရိုက္ကူးပံုေဖာ္ဦးမလဲဆိုတာေတာ့ ေမွ်ာ္လင့္ေစာင့္စားရဦးမွာပဲျဖစ္ပါတယ္။
Source – Phway Phway
Rainbow- Cele Gabar

x
error: Content is protected !!