“အမြတ်တနိုးတန်ဖိုးထားတဲ့ စိန်နဲ့မြ လက်စွပ်လေးကို စိန်ဖူးတော်မှာ ဌာပနာထည့်လိုက်တဲ့ ဆောင်းယွန်းစံ”

CeleGabar ပရိသတ်ကြီးရေ ဒီနေ့ ဖေဖော်ဝါရီလ (၈)ရက်နေ့မှာတော့ ကျေးဇူးတော်ရှင် သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ အလိုပြည့် အောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားလေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီအခမ်းအနားလေးကိုတော့ ဆရာတော်ဘုရားကြီးရဲ့ တပည့်ဒါယိကာ ဒါယိကာမတွေကတက်ရောက်ခဲ့ကြပြီး ထီးတင်ပွဲမှာ ဌာပနာပစ္စည်းတွေကိုလှူဒါန်းခဲ့ကြပါတယ်။

အခုလိုလှူဒါန်းကြတဲ့ အထဲမှာ မင်းသမီးချောလေး ဆောင်းယွန်းစံကလည်း အပါအဝင်ပဲဖြစ်ပါတယ်။ဆောင်းယွန်းစံကတော့ သူအမြတ်တနိုးနဲ့ ဝတ်ဆင်တဲ့ စိန်နဲ့မြ လက်စွပ်လေးကို စိန်ဖူးတော်မှာ ဌာပနာထည့်သွင်းလှူဒါန်းဖြစ်ခဲ့တာကို “သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ ထီးတော်တင်လှူပွဲမှာ ဆောင်းယွန်း အမြတ်တနိုးဝတ်ဆင်ခဲ့သော စိန်နှင့်မြ လက်စွပ်လေးကို စိန်ဖူးတော်တွင် ကိုယ်တိုင်ကိုယ်ကျ ကပ်လှူပူဇော်ခွင့် ရရှိခဲ့ပါတယ်” ဆိုပြီး သဒ္ဒါကြည်လင်စွာနဲ့လှူဒါန်းခဲ့ပြီး ဆရာတော်ဘုရားကြီးရဲ့ မေတ္တာဓာတ်ကိုလည်း ခံယူခဲ့ပါတယ်လို့ ဖော်ပြထားတာပဲဖြစ်ပါတယ်။

ဆောင်းယွန်းစံက အခုလို လှူဒါန်းခဲ့တဲ့ ကုသိုလ်အဖို့ဘာဂကို မိဘ ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းများနှင့်တကွ ချစ်ရသော ပရိသတ်များ မြင်အပ်မမြင်အပ်သော သက်ရှိ သတ္တဝါ များ အားလုံးကို အမျှပေးခဲ့ပါသေးတယ်။ ဆောင်းယွန်းတစ်ယောက်ပြုလုပ်တဲ့ အလှူလေးကို ပရိသတ်တွေလည်း မုတိတာပွား သာဓု အနုမောဓနာခေါ်ဆိုလို့ရအောင်မျှဝေပေးလိုက်ပါတယ်….CeleGabar ပရိသတ်ကြီးရေ။

Chilli – CeleGabar
Source – Saung Yoon San
ဇော်ဂျီဖြင့်ဖတ်ရန်။

 

“အျမတ္တႏိုးတန္ဖိုးထားတဲ့ စိန္နဲ႕ျမ လက္စြပ္ေလးကို စိန္ဖူးေတာ္မွာ ဌာပနာထည့္လိုက္တဲ့ ေဆာင္းယြန္းစံ”

CeleGabar ပရိသတ္ႀကီးေရ ဒီေန႕ ေဖေဖာ္ဝါရီလ (၈)ရက္ေန႕မွာေတာ့ ေက်းဇူးေတာ္ရွင္ သစ္တံခါးဆရာေတာ္ဘုရားႀကီးရဲ႕ အလိုျပည့္ ေအာင္ေစတီေတာ္ျမတ္ႀကီး ေရႊထီးေတာ္တင္လွဴပူေဇာ္ပြဲအခမ္းအနားေလးကို က်င္းပျပဳလုပ္ခဲ့ပါတယ္။ဒီအခမ္းအနားေလးကိုေတာ့ ဆရာေတာ္ဘုရားႀကီးရဲ႕ တပည့္ဒါယိကာ ဒါယိကာမေတြကတက္ေရာက္ခဲ့ၾကၿပီး ထီးတင္ပြဲမွာ ဌာပနာပစၥည္းေတြကိုလွဴဒါန္းခဲ့ၾကပါတယ္။

အခုလိုလွဴဒါန္းၾကတဲ့ အထဲမွာ မင္းသမီးေခ်ာေလး ေဆာင္းယြန္းစံကလည္း အပါအဝင္ပဲျဖစ္ပါတယ္။ေဆာင္းယြန္းစံကေတာ့ သူအျမတ္တႏိုးနဲ႕ ဝတ္ဆင္တဲ့ စိန္နဲ႕ျမ လက္စြပ္ေလးကို စိန္ဖူးေတာ္မွာ ဌာပနာထည့္သြင္းလွဴဒါန္းျဖစ္ခဲ့တာကို “သစ္တံခါးဆရာေတာ္ဘုရားႀကီးရဲ႕ ထီးေတာ္တင္လွဴပြဲမွာ ေဆာင္းယြန္း အျမတ္တႏိုးဝတ္ဆင္ခဲ့ေသာ စိန္ႏွင့္ျမ လက္စြပ္ေလးကို စိန္ဖူးေတာ္တြင္ ကိုယ္တိုင္ကိုယ္က် ကပ္လွဴပူေဇာ္ခြင့္ ရရွိခဲ့ပါတယ္” ဆိုၿပီး သဒၵါၾကည္လင္စြာနဲ႕လွဴဒါန္းခဲ့ၿပီး ဆရာေတာ္ဘုရားႀကီးရဲ႕ ေမတၱာဓာတ္ကိုလည္း ခံယူခဲ့ပါတယ္လို႕ ေဖာ္ျပထားတာပဲျဖစ္ပါတယ္။

ေဆာင္းယြန္းစံက အခုလို လွဴဒါန္းခဲ့တဲ့ ကုသိုလ္အဖို႕ဘာဂကို မိဘ ေဆြမ်ိဳး မိတ္ေဆြ အေပါင္းအသင္းမ်ားႏွင့္တကြ ခ်စ္ရေသာ ပရိသတ္မ်ား ျမင္အပ္မျမင္အပ္ေသာ သက္ရွိ သတၱဝါ မ်ား အားလုံးကို အမွ်ေပးခဲ့ပါေသးတယ္။ ေဆာင္းယြန္းတစ္ေယာက္ျပဳလုပ္တဲ့ အလွဴေလးကို ပရိသတ္ေတြလည္း မုတိတာပြား သာဓု အႏုေမာဓနာေခၚဆိုလို႕ရေအာင္မွ်ေဝေပးလိုက္ပါတယ္….CeleGabar ပရိသတ္ႀကီးေရ။

Chilli – CeleGabar
Source – Saung Yoon San

x
error: Content is protected !!