“မွေးနေ့မှာ ပရိသတ်တွေဆီကနေ သီချင်းတစ်ပုဒ်မွေးနေ့လက်ဆောင်ရလိုက်တဲ့ နေလင်းကျော်”

CeleGabar ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၄)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့ အချစ်တော် မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ နေလင်းကျော်ရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ နေလင်းကျော်ကတော့ သူရဲ့ မွေးနေ့လေးမှာ ပရိသတ်တွေနဲ့ အတူမွေးနေ့ပွဲလေးကျင်းပခဲ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ မွေးနေ့ရက်ကလေးကို ဖြတ်သန်းခဲ့ပါသေးတယ်။

နေလင်းကျော်ရဲ့ ပရိသတ်တွေကတော့ နေလင်းကျော်အတွက် မွေးနေ့လက်ဆောင်အနေနဲ့ သီချင်းတစ်ပုဒ်လက်ဆောင်ပေးခဲ့တယ်။ဒီနေ့မှာတော့ နေလင်းကျော်က “ကျွန်တော့် မွေးနေ့အတွက် Band တီးခ အပါအဝင် သီချင်းတပုဒ်လုံးစာ အမှတ်တရ အနေနဲ့ ကျွန်တော့် Fans တွေက ပေးတဲ့ မွေးနေ့လက်ဆောင် သီချင်းလေးကို တေးရေး သော်မိုးစက် ဆီ အပ်လိုက်ပါပြီ”ဆိုပြီး ပရိသတ်တွေရဲ့လက်ဆောင်သီချင်းလေးကို တေးရေး သော်မိုးစက်ဆီမှာ အပ်လိုက်တဲ့အကြောင်း ပရိသတ်တွေကို အသိပေးပြောကြားလာပါတယ်။

အခုလို သီချင်းအပ်ဖြစ်တဲ့ အကြောင်းလေးနဲ့အတူ မွေးနေ့လက်ဆောင်ပေး ချစ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းကိုလည်း ပြောထားပါသေးတယ်။ပရိသတ်တွေကတော့ သီချင်းအပ်လိုက်ပြီဆိုတဲ့အတွက် သီချင်းလေးထွက်လာတော့မယ့် အချိန်ကို ကြိုတင်စောင့်မျှော်နေကြတာကိုလည်း တွေ့ရပါတယ်။CeleGabar ပရိသတ်ကြီးရေ နေလင်းကျော်ရဲ့ ပရိသတ်တွေကတော့ နေလင်းကျော်ကို တော်တော်လေးချစ်ပြီး အားပေးကြတာပဲနော်။

Chilli – CeleGabar
Source – Nay Lin Kyaw
ဇော်ဂျီဖြင့်ဖတ်ရန်။

 

“ေမြးေန႕မွာ ပရိသတ္ေတြဆီကေန သီခ်င္းတစ္ပုဒ္ေမြးေန႕လက္ေဆာင္ရလိုက္တဲ့ ေနလင္းေက်ာ္”

CeleGabar ပရိသတ္ႀကီးေရ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ (၄)ရက္ေန႕ေလးကေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ ျမန္မာအိုင္ေဒါၿပိဳင္ပြဲဝင္တစ္ေယာက္ျဖစ္တဲ့ ေနလင္းေက်ာ္ရဲ႕ ေမြးေန႕ရက္ျမတ္ေလးပဲျဖစ္ပါတယ္။ ေနလင္းေက်ာ္ကေတာ့ သူရဲ႕ ေမြးေန႕ေလးမွာ ပရိသတ္ေတြနဲ႕ အတူေမြးေန႕ပြဲေလးက်င္းပခဲ့ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႕ ေမြးေန႕ရက္ကေလးကို ျဖတ္သန္းခဲ့ပါေသးတယ္။

ေနလင္းေက်ာ္ရဲ႕ ပရိသတ္ေတြကေတာ့ ေနလင္းေက်ာ္အတြက္ ေမြးေန႕လက္ေဆာင္အေနနဲ႕ သီခ်င္းတစ္ပုဒ္လက္ေဆာင္ေပးခဲ့တယ္။ဒီေန႕မွာေတာ့ ေနလင္းေက်ာ္က “ကြၽန္ေတာ့္ ေမြးေန႔အတြက္ Band တီးခ အပါအဝင္ သီခ်င္းတပုဒ္လုံးစာ အမွတ္တရ အေနနဲ႔ ကြၽန္ေတာ့္ Fans ေတြက ေပးတဲ့ ေမြးေန႔လက္ေဆာင္ သီခ်င္းေလးကို ေတးေရး ေသာ္မိုးစက္ ဆီ အပ္လိုက္ပါၿပီ”ဆိုၿပီး ပရိသတ္ေတြရဲ႕လက္ေဆာင္သီခ်င္းေလးကို ေတးေရး ေသာ္မိုးစက္ဆီမွာ အပ္လိုက္တဲ့အေၾကာင္း ပရိသတ္ေတြကို အသိေပးေျပာၾကားလာပါတယ္။

အခုလို သီခ်င္းအပ္ျဖစ္တဲ့ အေၾကာင္းေလးနဲ႕အတူ ေမြးေန႕လက္ေဆာင္ေပး ခ်စ္ေပးၾကတဲ့ ပရိသတ္ေတြကို ေက်းဇူးတင္ေၾကာင္းကိုလည္း ေျပာထားပါေသးတယ္။ပရိသတ္ေတြကေတာ့ သီခ်င္းအပ္လိုက္ၿပီဆိုတဲ့အတြက္ သီခ်င္းေလးထြက္လာေတာ့မယ့္ အခ်ိန္ကို ႀကိဳတင္ေစာင့္ေမွ်ာ္ေနၾကတာကိုလည္း ေတြ႕ရပါတယ္။CeleGabar ပရိသတ္ႀကီးေရ ေနလင္းေက်ာ္ရဲ႕ ပရိသတ္ေတြကေတာ့ ေနလင္းေက်ာ္ကို ေတာ္ေတာ္ေလးခ်စ္ၿပီး အားေပးၾကတာပဲေနာ္။

Chilli – CeleGabar
Source – Nay Lin Kyaw

x
error: Content is protected !!