“ခရီးသွားရင်း ချစ်ရတဲ့သမီးလေးအတွက် ဆွဲကြိုးတွေ၊လက်ကောက်တွေလုပ်ပေးလိုက်တဲ့ ချမ်းချမ်း”

မယ်လိုဒီဝေါလ်သီချင်းဆိုပြိုင်ပွဲကနေတဆင့် အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာခဲ့တဲ့ချမ်းချမ်းကတော့ လက်ရှိအချိန်မှာဖျော်ဖြေပွဲတွေ ဆက်တိုက်ဆိုသလိုသွားရောက်သီဆိုနေရသူလည်း ဖြစ်ပါတယ်။နေ့တိုင်းနီးပါးခရီးတွေဆက်နေအောင် သွားနေရသူဖြစ်တဲ့အတွက်လည်း သမီးလေးကျောင်းမရှိတဲ့ရက်တွေမှာဆို ကားပေါ်မှာပဲ သမီးလေးကို အဖော်ပြုနေရတာလည်း ဖြစ်ပါတယ်။

 မကြာသေးခင်က ကျရောက်ခဲ့တဲ့သမီးလေးမြမိုးဂင်္ဂါရဲ့မွေးနေ့မှာဆိုရင်လည်း အလုပ်တွေမအားတဲ့ကြားက မွေးနေ့လေးကိုရအောင် လုပ်ပေးခဲ့ပါသေးတယ်။မနေ့ညက သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲလေးမှာအားပါးတရဖျော်ဖြေခဲ့တဲ့ချမ်းချမ်းကတော့ ဒီနေ့မှာမြစ်သားမြို့လေးမှာ သွားရောက်ဖျော်ဖြေမှာဖြစ်ပြီး သမီးလေးကိုပါ ခေါ်ဆောင်လာခဲ့တာပါ။အနုပညာနဲ့ဝမ်းစာရှာနေရင်းပဲ မရှိ ရှိတဲ့အချိန်လေးကို သမီးလေးအတွက်ပေးနေရတဲ့ချမ်းချမ်းကတော့ ကားပေါ်မှာသမီးလေးနဲ့ပတ်သက်ပြီးရရှိခဲ့တဲ့ ကြည်နူးစရာအချိန်လေးတွေကို မျှဝေပေးခဲ့ပါသေးတယ်။ချစ်ရတဲ့သမီးလေးအတွက် ဖန်စီလေးတွေနဲ့ ဆွဲကြိုးတွေ၊လက်ကောက်တွေလုပ်ပေးပြီး သမီးလေးကိုပျော်ရွှင်စေခဲ့တာပဲဖြစ်ပါတယ်။

 

ဂင်္ဂါလေးကတော့ ဒီနေ့ညမြစ်သားမြို့ပွဲလေးမှာ ရှိုးထုတ်ချင်တာမို့ အမေရေ…သမီး ဒီညပွဲအမှီဝတ်ချင်လို့ဆိုပြီး တောင်းဆိုခဲ့တာကြောင့် ချမ်းချမ်းကတော့ ကားပေါ်မှာတင်ပဲ လုပ်ပေးခဲ့တာပါ။မေမေလုပ်ပေးထားတဲ့ ဆွဲကြိုး၊လက်ကောက်လေးတွေနဲ့လှနေတဲ့ မြမိုးဂဂါၤလေးရဲ့ပုံရိပ်လေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။


Source – Chan Chan
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ခရီးသြားရင္း ခ်စ္ရတဲ့သမီးေလးအတြက္ ဆြဲၾကိဳးေတြ၊လက္ေကာက္ေတြလုပ္ေပးလိုက္တဲ့ ခ်မ္းခ်မ္း”

မယ္လိုဒီေဝါလ္သီခ်င္းဆိုျပိဳင္ပြဲကေနတဆင့္ ေအာင္ျမင္တဲ့အဆိုေတာ္တစ္ေယာက္ျဖစ္လာခဲ့တဲ့ခ်မ္းခ်မ္းကေတာ့ လက္ရွိအခ်ိန္မွာေဖ်ာ္ေျဖပြဲေတြ ဆက္တိုက္ဆိုသလိုသြားေရာက္သီဆိုေနရသူလည္း ျဖစ္ပါတယ္။ေန႔တုိင္းနီးပါးခရီးေတြဆက္ေနေအာင္ သြားေနရသူျဖစ္တဲ့အတြက္လည္း သမီးေလးေက်ာင္းမရွိတဲ့ရက္ေတြမွာဆို ကားေပၚမွာပဲ သမီးေလးကို အေဖာ္ျပဳေနရတာလည္း ျဖစ္ပါတယ္။

မၾကာေသးခင္က က်ေရာက္ခဲ့တဲ့သမီးေလးျမမိုးဂဂၤါရဲ႕ေမြးေန႔မွာဆိုရင္လည္း အလုပ္ေတြမအားတဲ့ၾကားက ေမြးေန႔ေလးကိုရေအာင္ လုပ္ေပးခဲ့ပါေသးတယ္။မေန႔ညက ေသြးခ်င္းတို႔ရဲ႕ပြဲေတာ္ဆီ ပြဲေလးမွာအားပါးတရေဖ်ာ္ေျဖခဲ့တဲ့ခ်မ္းခ်မ္းကေတာ့ ဒီေန႔မွာျမစ္သားျမိဳ႕ေလးမွာ သြားေရာက္ေဖ်ာ္ေျဖမွာျဖစ္ျပီး သမီးေလးကိုပါ ေခၚေဆာင္လာခဲ့တာပါ။အႏုပညာနဲ႔ဝမ္းစာရွာေနရင္းပဲ မရွိ ရွိတဲ့အခ်ိန္ေလးကို သမီးေလးအတြက္ေပးေနရတဲ့ခ်မ္းခ်မ္းကေတာ့ ကားေပၚမွာသမီးေလးနဲ႔ပတ္သက္ျပီးရရွိခဲ့တဲ့ ၾကည္ႏူးစရာအခ်ိန္ေလးေတြကို မွ်ေဝေပးခဲ့ပါေသးတယ္။ခ်စ္ရတဲ့သမီးေလးအတြက္ ဖန္စီေလးေတြနဲ႔ ဆြဲၾကိဳးေတြ၊လက္ေကာက္ေတြလုပ္ေပးျပီး သမီးေလးကိုေပ်ာ္ရႊင္ေစခဲ့တာပဲျဖစ္ပါတယ္။

ဂဂၤါေလးကေတာ့ ဒီေန႔ညျမစ္သားျမိဳ႕ပြဲေလးမွာ ရွိုးထုတ္ခ်င္တာမို႔ အေမေရ…သမီး ဒီညပြဲအမွီဝတ္ခ်င္လို႔ဆိုျပီး ေတာင္းဆိုခဲ့တာေၾကာင့္ ခ်မ္းခ်မ္းကေတာ့ ကားေပၚမွာတင္ပဲ လုပ္ေပးခဲ့တာပါ။ေမေမလုပ္ေပးထားတဲ့ ဆြဲၾကိဳး၊လက္ေကာက္ေလးေတြနဲ႔လွေနတဲ့ ျမမိုးဂဂါၤေလးရဲ႕ပံုရိပ္ေလးကို ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source – Chan Chan
Rainbow- Cele Gabar

x
error: Content is protected !!