နေခြည်ဦးရဲ့ ရင်သားနဲ့ မေးရိုးခွဲစိတ်တဲ့ ပထမဆုံးနေ့အတွေ့ကြုံဗီဒီယိုလေး

Cele Gabar ပရိသတ်ကြီးရေ .. ပြီးခဲ့တဲ့နေ့က ပရိသတ်တွေကိုအသည်းတယားယားဖြစ်အောင် နေခြည်ဦးတစ်ယောက် သူမရဲ့ ရင်သားနဲ့ မေးရိုးခွဲစိတ်တဲ့ Short Video လေးတစ်ခုကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ သူမ ခွဲစိတ်မှုတစ်ခုပြုလုပ်တိုင်း အမြဲတမ်း ပရိသတ်တွေကိုမျှဝေပေးနေကြဖြစ်တဲ့ အတွက် ဒီတစ်ခေါက် သူမရဲ့ ခွဲစိတ်မှုကရော ဘယ်လိုအတွေ့ကြုံတွေ နဲ့ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ပရိသတ်တွေအရမ်းကို စိတ်ဝင်စားနေကြပြီထင်ပါတယ် ။

 

ဒီနေ့မှာတော့ နေခြည်က သူမရဲ့ ရင်သားနဲ့မေးရိုးခွဲစိတ်မှု ပထမဆုံးနေ့ အတွေ့ကြုံလေးတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို သူမရဲ့ Youtube ကနေတဆင့် ပရိသတ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါပြီ ။ မြန်မာနိုင်ငံက စတင်ထွက်ခွာတဲ့နေ့ကစပြီး ဆေးရုံမှာ ဆရာဝန်တွေနဲ့ ဆွေးနွှေးမှုတွေ ၊ ကျန်းမာရေး စစ်ဆေးချက် တွေပြုလုပ်မှုတွေ နဲ့ တစ်စုံတစ်ခုအမှားယွင်းဖြစ်သွားခဲ့ရင် လူနာဘက်က တာဝန်ယူပါမယ် ဆိုတဲ့ သဘောတူ လက်မှတ်ရေးထိုးရမှုတွေ အစရှိတဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ရဲ့ ဆေးရုံမှာ ခွဲစိတ်ခဲ့တဲ့ သူမရဲ့ အတွေ့ကြုံတွေကို ဗီဒီယိုလေးနဲ့ ပရိသတ်တွေအတွက် တဆင့်ပြန်လည် မျှဝေပေးထားတာဖြစ်ပါတယ် ။

 

ဗီဒီယိုကို အပိုင်း (၃) ပိုင်းခွဲပြီး ပရိသတ်တွေကိုမျှ ဝေပေးသွားမှာဖြစ်တဲ့အတွက် နောက်ထပ် ခွဲစိတ်ပြီး အတွေ့ကြုံတွေနဲ့ ခံစားချက်တွေကိုလည်း နောက် ဗီဒီယိုတွေမှာ ဆက်လက် ဖော်ပြသွားမှာဖြစ်ပါတယ် ။ ခွဲစိတ်မှုကို စိတ်ဝင်စားပေမယ့်လည်း ဘယ်က စစုံစမ်းပြီး ဘယ်လိုတွေ ဆောင်ရွက်ရမယ်ဆိုတာမသိသေးတဲ့ ပရိသတ်တွေအတွက် နေခြည်ရဲ့ လမ်းညွှန်မှုလေးကို အခုပဲ ပြန်လည်မျှဝေပေးလိုက်ပါရစေနော် ။

Source : BeautybyNaychi
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ေနျခည္ဦးရဲ႕ ရင္သားနဲ႕ ေမးရိုးခြဲစိတ္တဲ့ ပထမဆံုးေန႕အေတြ႕ၾကံဳဗီဒီယိုေလး

Cele Gabar ပရိသတ္ၾကီးေရ .. ျပီးခဲ့တဲ့ေန႕က ပရိသတ္ေတြကိုအသည္းတယားယားျဖစ္ေအာင္ ေနျခည္ဦးတစ္ေယာက္ သူမရဲ႕ ရင္သားနဲ႕ ေမးရိုးခြဲစိတ္တဲ့ Short Video ေလးတစ္ခုကို ပရိသတ္ေတြကို မွ်ေ၀ေပးခဲ့ပါတယ္ ။ သူမ ခြဲစိတ္မႈတစ္ခုျပဳလုပ္တိုင္း အျမဲတမ္း ပရိသတ္ေတြကိုမွ်ေ၀ေပးေနၾကျဖစ္တဲ့ အတြက္ ဒီတစ္ေခါက္ သူမရဲ႕ ခြဲစိတ္မႈကေရာ ဘယ္လိုအေတြ႕ၾကံဳေတြ နဲ႕ ဘယ္လိုေတြျဖစ္လာမလဲဆိုတာကို ပရိသတ္ေတြအရမ္းကို စိတ္၀င္စားေနၾကျပီထင္ပါတယ္ ။

ဒီေန႕မွာေတာ့ ေနျခည္က သူမရဲ႕ ရင္သားနဲ႕ေမးရိုးခြဲစိတ္မႈ ပထမဆံုးေန႕ အေတြ႕ၾကံဳေလးေတြ ရိုက္ကူးထားတဲ့ ဗီဒီယိုေလးကို သူမရဲ႕ Youtube ကေနတဆင့္ ပရိသတ္ေတြကို ျပန္လည္မွ်ေ၀ေပးလုိက္ပါျပီ ။ ျမန္မာနိုင္ငံက စတင္ထြက္ခြာတဲ့ေန႕ကစျပီး ေဆးရံုမွာ ဆရာ၀န္ေတြနဲ႕ ေဆြးေႏႊးမႈေတြ ၊ က်န္းမာေရး စစ္ေဆးခ်က္ ေတြျပဳလုပ္မႈေတြ နဲ႕႔ တစ္စံုတစ္ခုအမွားယြင္းျဖစ္သြားခဲ့ရင္ လူနာဘက္က တာ၀န္ယူပါမယ္ ဆိုတဲ့ သေဘာတူ လက္မွတ္ေရးထိုးရမႈေတြ အစရွိတဲ့ ေတာင္ကိုရီးယားနုိင္ငံ ဆုိးလ္ျမိဳ႕ ရဲ႕ ေဆးရံုမွာ ခြဲစိတ္ခဲ့တဲ့ သူမရဲ႕ အေတြ႕ၾကံဳေတြကို ဗီဒီယိုေလးနဲ႕ ပရိသတ္ေတြအတြက္ တဆင့္ျပန္လည္ မွ်ေ၀ေပးထားတာျဖစ္ပါတယ္ ။

ဗီဒီယိုကို အပိုင္း (၃) ပိုင္းခြဲျပီး ပရိသတ္ေတြကိုမွ် ေ၀ေပးသြားမွာျဖစ္တဲ့အတြက္ ေနာက္ထပ္ ခြဲစိတ္ျပီး အေတြ႕ၾကံဳေတြနဲ႕ ခံစားခ်က္ေတြကိုလည္း ေနာက္ ဗီဒီယိုေတြမွာ ဆက္လက္ ေဖာ္ျပသြားမွာျဖစ္ပါတယ္ ။ ခြဲစိတ္မႈကို စိတ္၀င္စားေပမယ့္လည္း ဘယ္က စစံုစမ္းျပီး ဘယ္လိုေတြ ေဆာင္ရြက္ရမယ္ဆိုတာမသိေသးတဲ့ ပရိသတ္ေတြအတြက္ ေနျခည္ရဲ႕ လမ္းညႊန္မႈေလးကို အခုပဲ ျပန္လည္မွ်ေ၀ေပးလိုက္ပါရေစေနာ္ ။

Source : BeautybyNaychi
Molly ( Cele Gabar )

x
error: Content is protected !!