မျက်ရည်မကျကြေး သီချင်းမှာ ခံစားချက်အစစ်တွေနဲ့သရုပ်ဆောင်ခဲ့လို့ ပီပြင်တာပါဆိုတဲ့ ကောင်းပြည့်

ပရိသတ်တွေ အားကျချစ်ခင်နေရတဲ့ ဆယ်လီစုံတွဲတွေထဲမှာ မော်ဒယ်လ် သန္တာဗိုလ်နဲ့ မင်းသားချောလေး ကောင်းပြည့်တို့အတွဲလည်းအပါဝင်ပါပဲ ပရိသတ်ကြီးရေ ..။ ချစ်သူ သက်တမ်း (၇) နှစ်အတွင်း တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေ သံယောဇဉ်တွေနဲ့ ချည်နှောင်ခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲလေးကို ပရိသတ်တွေက မြင်ချင်နေကြပြီဆိုပေမယ့် သူတို့နှစ်ဦးကတော့ နီးစပ်ဖို့အတွက် ကြိုးစားနေဆဲပါ ။

 

 

မကြာသေးမီကမှ ထွက်ရှိခဲ့တဲ့ အားတီရဲ့ မျက်ရည်မကျကြေးဆိုတဲ့ MV လေးကို အပြင်မှာတကယ် တွဲနေကြတဲ့ ဆယ်လီ စုံတွဲ သုံးတွဲနဲ့အတူ ရိုက်ကူးခဲ့ပါတယ် ။ လွှမ်းပိုင် Bobby Soxer ၊ ဝါဆိုမိုးဦး ဖြိုးလေး နဲ့ ကောင်းပြည့်သန္တာဗိုလ်တို့စုံတွဲတွေနဲ့ရိုက်ကူးခဲ့ပြီး တကယ့်ခံစားချက်အစစ်မှန်ကိုပေါ်လွင်စေဖို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာစကားမှမပြောဘဲနေခဲ့ရတယ်လို့သိရပါတယ် ။ အဲ့လို သရုပ်ဆောင်နေစဉ်မှာလည်း ချစ်သူ သက်တမ်း (၇) နှစ်အတွင်း ပျော်ခဲ့ ငိုခဲ့ရတာတွေကို ပြန်တွေးပြီး ခံစားချက် အစစ်တွေနဲ့ သရုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကောင်းပြည့်က ပြောပြခဲ့ပါတယ် ။

 

 

ချစ်သူ သက်တမ်းတစ်လျှောက် ဖြစ်ပျက်ခဲ့တာတွေကို ပြန်စဉ်းစားရင်း ပျော်စရာတွေ တွေ့ရင်ပြုံးပြီး ဝမ်းနည်းစရာတွေတွေ့ရင်လည်း ဝမ်းနည်းတဲ့အတိုင်းနေခဲ့တဲ့အတွက် ပိုပြီး ပီပြင်တယ်ထင်တယ်လို့ ကောင်းပြည့်က သူ့ရဲ့ခံစားချက်တွေကို ပြောပြခဲ့ပါတယ် ။ Cele Gabar ပရိသတ်ကြီးအတွက် မျက်ရည်မကျကြေး သီချင်းနဲ့ပတ်သက်ပြီး ကောင်းပြည့် ဖြေဆိုထားတဲ့ အင်တာဗျူးဗီဒီယိုလေးကိုလည်း ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်

Source : Exclusive on Cele Gabar
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Molly ( Cele Gabar )

x
error: Content is protected !!