မင်းသမီးဖြစ်ရင်ပြီးရော ဆိုတဲ့ စိတ်နဲ့ ဇာတ်ကားမရိုက်ဘူး ဆိုတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင် ဘဝထဲက ပရိသတ်တွေ ချစ်ခင်အားပေးလာခဲ့ရတဲ့ ယွန်းယွန်းကတော့ အခုဆို အပျိုပေါက် တက္ကသိုလ်ကျောင်းသူ အရွယ်တောင်ရောက်ရှိလာခဲ့ပါပြီ ပရိသတ်ကြီးရေ ..။ ကလေးသရုပ်ဆောင် အကယ်ဒမီဆုကို ဆွတ်ခူးရရှိထားတဲ့ ယွန်းယွန်းလေး ဘယ်လောက်ထိ သရုပ်ဆောင်ကောင်းတယ်ဆိုတာကတော့ အထူးတလည်ရှင်းပြနေစရာမလိုတော့ပါဘူး နော် ။ လက်ရှိမှာလည်း ကြော်ငြာတွေရိုက်ကူးနေပြီး ရုပ်ရှင်တွေကိုတော့ သေချာ စီစစ်ပြီး ရွေးချယ်ရိုက်ကူးဖြစ်တယ်လို့လည်း သိရပါတယ် ။

 

 

ယွန်းအနေနဲ့ မြန်မာ့ရုပ်ရှင်ရဲ့ ဂုဏ်ယူစရာမကောင်းတဲ့ကာလမှာ ကြီးပြင်းလာရတော့ အထင်သေးခံရတာတွေရှိခဲ့တယ်လို့လည်းသိရပါတယ် ။ သူမနောက်ဆုံး ရိုက်ကူးခဲ့တာကတော့ အကယ်ဒမီဆုကြီးရရှိခဲ့တဲ့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ကားကြီး ဖြစ်ပြီး အခုဆို ရုပ်ရှင်နဲ့တော်တော်ကို အလှမ်းဝေးနေပြီ ဖြစ်တယ်လို့ပြောပြခဲ့ပါတယ် ။ ဆယ်တန်းဖြေဖို့အတွက် ရုပ်ရှင်လောက ကနေ (၂) နှစ်အနားယူခဲ့ပြီး ဆယ်တန်းပြီးတဲ့နောက်မှာတော့ မနေ့ကဖြစ်သည် ဇာတ်လမ်းတွဲမှာ ပြန်လည်သရုပ်ဆောင်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ် ။

 

ရုပ်ရှင်ကားကြီးတွေကတော့ ကိုယ်နဲ့မလိုက်တဲ့ အသက်ရွယ်မျိုး သရုပ်ဆောင်ရတာရယ် ၊ နည်းနည်း ကာရိုက်တာထပ်နေတဲ့ ဇာတ်ကားမျိုး သရုပ်မဆောင်ချင်လို့ ဇာတ်လမ်းရွေးချယ်တဲ့အပိုင်းမှာ အခက်ခဲရှိတာနဲ့ နှောင့်နှေးနေတာပါလို့လည်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ ယွန်းယွန်းကို ငယ်ငယ်ထဲကချစ်ခင်အားပေးနေကြတဲ့ Cele Gabar ပရိသတ်ကြီးအတွက် ယွန်းရဲ့ အင်တာဗျူးဗီဒီယိုလေးကို အခုပဲပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Exclusive on Cele Gabar
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 

မင္းသမီးျဖစ္ရင္ၿပီးေရာ ဆိုတဲ့ စိတ္နဲ႔ ဇာတ္ကားမ႐ိုက္ဘူး ဆိုတဲ့ ယြန္းယြန္း

ကေလးသ႐ုပ္ေဆာင္ ဘဝထဲက ပရိသတ္ေတြ ခ်စ္ခင္အားေပးလာခဲ့ရတဲ့ ယြန္းယြန္းကေတာ့ အခုဆို အပ်ိဳေပါက္ တကၠသိုလ္ေက်ာင္းသူ အ႐ြယ္ေတာင္ေရာက္ရွိလာခဲ့ပါၿပီ ပရိသတ္ႀကီးေရ ..။ ကေလးသ႐ုပ္ေဆာင္ အကယ္ဒမီဆုကို ဆြတ္ခူးရရွိထားတဲ့ ယြန္းယြန္းေလး ဘယ္ေလာက္ထိ သ႐ုပ္ေဆာင္ေကာင္းတယ္ဆိုတာကေတာ့ အထူးတလည္ရွင္းျပေနစရာမလိုေတာ့ပါဘူး ေနာ္ ။ လက္ရွိမွာလည္း ေၾကာ္ျငာေတြ႐ိုက္ကူးေနၿပီး ႐ုပ္ရွင္ေတြကိုေတာ့ ေသခ်ာ စီစစ္ၿပီး ေ႐ြးခ်ယ္႐ိုက္ကူးျဖစ္တယ္လို႔လည္း သိရပါတယ္ ။

ယြန္းအေနနဲ႔ ျမန္မာ့႐ုပ္ရွင္ရဲ႕ ဂုဏ္ယူစရာမေကာင္းတဲ့ကာလမွာ ႀကီးျပင္းလာရေတာ့ အထင္ေသးခံရတာေတြရွိခဲ့တယ္လို႔လည္းသိရပါတယ္ ။ သူမေနာက္ဆုံး ႐ိုက္ကူးခဲ့တာကေတာ့ အကယ္ဒမီဆုႀကီးရရွိခဲ့တဲ့ ကြၽန္မက ႏွင္းဆီပါေမာင္ ႐ုပ္ရွင္ကားႀကီး ျဖစ္ၿပီး အခုဆို ႐ုပ္ရွင္နဲ႔ေတာ္ေတာ္ကို အလွမ္းေဝးေနၿပီ ျဖစ္တယ္လို႔ေျပာျပခဲ့ပါတယ္ ။ ဆယ္တန္းေျဖဖို႔အတြက္ ႐ုပ္ရွင္ေလာက ကေန (၂) ႏွစ္အနားယူခဲ့ၿပီး ဆယ္တန္းၿပီးတဲ့ေနာက္မွာေတာ့ မေန႔ကျဖစ္သည္ ဇာတ္လမ္းတြဲမွာ ျပန္လည္သ႐ုပ္ေဆာင္ခဲ့တယ္လို႔ ေျပာျပခဲ့ပါတယ္ ။

႐ုပ္ရွင္ကားႀကီးေတြကေတာ့ ကိုယ္နဲ႔မလိုက္တဲ့ အသက္႐ြယ္မ်ိဳး သ႐ုပ္ေဆာင္ရတာရယ္ ၊ နည္းနည္း ကာ႐ိုက္တာထပ္ေနတဲ့ ဇာတ္ကားမ်ိဳး သ႐ုပ္မေဆာင္ခ်င္လို႔ ဇာတ္လမ္းေ႐ြးခ်ယ္တဲ့အပိုင္းမွာ အခက္ခဲရွိတာနဲ႔ ေႏွာင့္ေႏွးေနတာပါလို႔လည္း ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္ ။ ယြန္းယြန္းကို ငယ္ငယ္ထဲကခ်စ္ခင္အားေပးေနၾကတဲ့ Cele Gabar ပရိသတ္ႀကီးအတြက္ ယြန္းရဲ႕ အင္တာဗ်ဴးဗီဒီယိုေလးကို အခုပဲျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source : Exclusive on Cele Gabar
Molly ( Cele Gabar )

x
error: Content is protected !!