ပျော်ရွှင်ကြည်နူးစွာ လျှောက်လည်ခဲ့ကြတဲ့ အိမ့်ချစ်တို့ စုံတွဲရဲ့ အမှတ်တရ ဗီဒီယိုလေး

လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သတင်းကတော့ အချစ်သီချင်းဆွေးဆွေးလေးတွေ ကိုသီဆိုတတ်တဲ့ တေးသံရှင် အိမ့်ချစ်တစ်ယောက်ပဲရစ်မှာ လက်ထက်ခွင့်တောင်းခံ ခဲ့ရတဲ့ သတင်းပဲဖြစ်ပါတယ် ။ ချစ်သူကောင်လေးကို ပရိသတ်ကို မချပြထားပေမယ့် မထင်မှတ်ဘဲ လက်ထက်ခွင့်တောင်းခံလိုက်ရတဲ့ အချိန်မှာတော့ ပရိသတ်တွေအားလုံး သူမနဲ့အတူ ပျော်ရွှင်ရစေဖို့ ချစ်သူကို အလင်းပြလိုက်တာဖြစ်ပါတယ် ။

 

 

မိသားစုနဲ့အတူ ပဲရစ်ကိုသွားလည်ရင်း မထင်မှတ်ထားပဲ လက်ထက်ခွင့်တောင်းခံလိုက်ရတဲ့ အိမ့်ချစ်ကတော့ လုံခြုံနွေးထွေးမှုတွေပေးပြီး အဖေလိုအကိုလိုစောင့်ရှောက်ပေးတဲ့အပြင် သူငယ်ချင်းတစ်ယောက်လိုပျော်ရွှင်မှုတွေပေးသူ ဖြစ်လို့ တူတူဘဝတစ်ခုထူထောင်ဖို့ ဆုံးဖြတ်လိုက်ပြီး လက်ထက်ခွင့်ကို လက်ခံခဲ့တာလို့လည်း ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။ သူမချစ်သူက သူမထက် (၃) နှစ်ကြီးပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ် ။

 

လတ်တလောမှာတော့ အိမ့်ချစ်က ပဲရစ်မြို့မှာ ချစ်သူနဲ့အတူတူ ပျော်ရွှင်ကြည်နူးစွာ လျှောက်လည်ခဲ့ကြတဲ့ ဗီဒီယိုလေးကို ချစ်သူများနေ့ အမှတ်တရ အဖြစ် ပရိသတ်တွေကို ပြန်လည်မျှဝေပေးထားပါတယ် ။ အရမ်းကိုလိုက်ဖက်ပြီး တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတယ်ဆိုတာကို ဒီဗီဒီယိုလေးမှာ အထင်းသားပေါ်လွင်နေတာမလို့ Cele Gabar ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Eint Chit
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ေပ်ာ္႐ႊင္ၾကည္ႏူးစြာ ေလွ်ာက္လည္ခဲ့ၾကတဲ့ အိမ့္ခ်စ္တို႔ စုံတြဲရဲ႕ အမွတ္တရ ဗီဒီယိုေလး

 

လတ္တေလာ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ သတင္းကေတာ့ အခ်စ္သီခ်င္းေဆြးေဆြးေလးေတြ ကိုသီဆိုတတ္တဲ့ ေတးသံရွင္ အိမ့္ခ်စ္တစ္ေယာက္ ပဲရစ္မွာ လက္ထက္ခြင့္ေတာင္းခံ ခဲ့ရတဲ့ သတင္းပဲျဖစ္ပါတယ္ ။ ခ်စ္သူေကာင္ေလးကို ပရိသတ္ကို မခ်ျပထားေပမယ့္ မထင္မွတ္ဘဲ လက္ထက္ခြင့္ေတာင္းခံလိုက္ရတဲ့ အခ်ိန္မွာေတာ့ ပရိသတ္ေတြအားလုံး သူမနဲ႔အတူ ေပ်ာ္႐ႊင္ရေစဖို႔ ခ်စ္သူကို အလင္းျပလိုက္တာျဖစ္ပါတယ္ ။

မိသားစုနဲ႔အတူ ပဲရစ္ကိုသြားလည္ရင္း မထင္မွတ္ထားပဲ လက္ထက္ခြင့္ေတာင္းခံလိုက္ရတဲ့ အိမ့္ခ်စ္ကေတာ့ လုံၿခဳံေႏြးေထြးမႈေတြေပးျပီး အေဖလိုအကိုလိုေစာင့္ေရွာက္ေပးတဲ့အျပင္
သူငယ္ခ်င္းတစ္ေယာက္လိုေပ်ာ္႐ႊင္မႈေတြေပးသူ ျဖစ္လုိ႕ တူတူဘဝတစ္ခုထူေထာင္ဖို႔ ဆုံးျဖတ္လိုက္ျပီး လက္ထက္ခြင့္ကို လက္ခံခဲ့တာလုိ႕လည္း ပရိသတ္ေတြကို ေျပာျပခဲ့ပါတယ္ ။ သူမခ်စ္သူက သူမထက္ (၃) နွစ္ၾကီးျပီး ဗုဒၶဘာသာ ျမန္မာလူမ်ိဳးတစ္ေယာက္ျဖစ္တယ္လို႕လည္း သိရပါတယ္ ။

လတ္တေလာမွာေတာ့ အိမ့္ခ်စ္က ပဲရစ္ျမိဳ႕မွာ ခ်စ္သူနဲ႕အတူတူ ေပ်ာ္ရႊင္ၾကည္နူးစြာ ေလွ်ာက္လည္ခဲ့ၾကတဲ့ ဗီဒီိယိုေလးကို ခ်စ္သူမ်ားေန႕ အမွတ္တရ အျဖစ္ ပရိသတ္ေတြကို ျပန္လည္မွ်ေ၀ေပးထားပါတယ္ ။ အရမ္းကိုလိုက္ဖက္ျပီး တစ္ေယာက္ကို တစ္ေယာက္ အရမ္းခ်စ္ၾကတယ္ဆိုတာကို ဒီဗီဒီယိုေလးမွာ အထင္းသားေပၚလြင္ေနတာမလို႕ Cele Gabar ပရိသတ္ၾကီးအတြက္ ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ ။

Source : Eint Chit
Molly ( Cele Gabar )

x
error: Content is protected !!