“ဗယ်လင်တိုင်းနေ့မှာထွက်ရှိတဲ့ နော်မာသထူးဝါးရဲ့သီချင်းသစ်လေးမှာအားဖြည့်ပါဝင်ထားတဲ့ UNI4E”

ပျိုမေတို့ရဲ့အသည်းကျော် UNI4E ကတော့ အဆိုတော်မလေး နော်မာသထူးဝါးရဲ့ ဗယ်လင်တိုင်းနေ့မှာထွက်ရှိမည့် သီချင်းသစ်လေးမှာ ပါဝင်အားဖြည့်ထားတဲ့အကြောင်းကို “ကျွန်တော်တို့ Ai Image Myanmar Company /Uni4e boyband မှ ညီမလေး martha သီချင်းသစ်လေး feb (14) Valentine’s Dayမှာထွက်ရှိမယ့် “အိပ်မက်ထဲမှာတွေ့မယ်” သီချင်းလေးမှာ ပါဝင်အားဖြည့်ထားပါတယ်ခင်ဗျ ထွက်လာမရ်ဆို အားပေးကြမရ် ဟုတ် .. Mv ကြည့်ပီး story ထဲကလို Crush ဖြစ်ခဲ့ရင ်ချောကလက်လာကျွေးလို့လည်း ရတယ်နော်” လို့ သူတို့အဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နာမှာဖော်ပြထားပါတယ်။

နော်မာသထူးဝါးကတော့ ကိုရီးယားမှာ နေထိုင်တဲ့ မြန်မာ၊ ကရင်လူမျိုး လေးဖြစ်ပြီး “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာခဲ့ပြီး အရွယ်နဲ့မလိုက်အောင် ထူးချွန်လွန်းတဲ့ သီချင်းဆိုပါရမီကြောင့် မြန်မာနိုင်ငံမှာသာမက ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးရုပ်သံလိုင်း KBS နဲ့လည်း အစီအစဉ်မှာလည်း ပါဝင်နိုင်တဲ့အထိ အောင်မြင်မှုရရှိထားပါသေးတယ်။သူက ကိုရီးယားနိုင်ငံ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာလည်း ပါဝင်ဖျော်ဖြေ တင်ဆက်ခဲ့ပါသေးတယ်။ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ KBS ရုပ်သံလိုင်းမှ ဖျော်ဖြေတင်ဆက်တဲ့ KBS ကလေး အစီအစဉ်မှာ ပါဝင်တင်ဆက်ရင်း Winner ဆုကြီးကို ဆွတ်ခူးထားပါတယ်။

CeleGabar ပရိသတ်ကြီးရေ ကိုရီးယားမှာ နေထိုင်တဲ့ ကရင်လူမျိုး လေးဖြစ်ပြီး “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းနဲ့ အောင်မြင်မှုတွေ ရရှိလာခဲ့တဲ့ နော်မာသထူးဝါးကတော့ ဗယ်လင်တိုင်းနေ့မှာတော့ “အိပ်မက်ထဲမှာတွေ့မယ်” ဆိုတဲ့ သီချင်းသစ်လေးထွက်ရှိမှာတဲ့နော်။ UNI4E အဖွဲ့မှ ကိုကြီးတွေကလည်း ညီမလေး နော်မာသထူးဝါးရဲ့ သီချင်းမှာပါဝင်အားဖြည့်ထားပါတယ်တဲ့နော်။

Source: UNI4E
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!