ပြတ်သွားတဲ့ ရည်းစာဟောင်း နှစ်ယောက်နဲ့ပတ်သက်ပြီးပြောပြလာတဲ့ ချယ်ရီသင်း

ခွင့်လွှတ်ပေးဖို့တောင်းပန်ချင်တယ် ဆိုတဲ့ သီချင်းနဲ့ ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားခဲ့တဲ့ ချယ်ရီသင်းကတော့ အခုဆိုရင် အနုပညာအလုပ်တွေအများကြီးလုပ်ဆောင်နေပြီဖြစ်ပါတယ် ။ အခုနောက်ပိုင်းမှာလည်း သတိထား ဆိုတဲ့သီချင်းလေးဟာ ပရိသတ်တွေကြားမှာရေပန်းစားနေသလို နောက်ထပ် သင်္ကြန်သီချင်းအသစ်ကိုလည်း ဒီဖေဖော်ဝါရီလထဲမှာ ပရိသတ်ကို ချပြသွားဖို့ရှိတယ်လို့သိရပါတယ် ။ ရုပ်ချောပြီး စိတ်ထားကောင်းတဲ့ အဆိုမလေး ချယ်ရီသင်းရဲ့အချစ်ရေးကိုလည်း ပရိသတ်တွေ အထူးတလည် စိတ်ဝင်စားနေကြတာမို့ တင်ဆက်ပေးလိုက်ပါတယ်နော် ။

 

လက်ရှိမှာတော့ ချယ် က တစ်ယောက်ထဲစင်ဂယ်ဘဝနဲ့ရပ်တည်နေပြီး တကယ်ယူဖို့သေချာတယ်ဆိုမှပဲ ချစ်သူကို ပရိသတ်တွေရှေ့ချပြချင်တယ်လို့ဆိုလာပါတယ် ။ အရင်ကြိုက်ဖူးတဲ့ သူတွေကလည်း တည်တည်ငြိမ်ငြိမ်လူတွေဖြစ်သလို တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုမရှိလို့သာလမ်းခွဲလိုက်ကြပေမယ့် အခုချိန်ထိ မောင်နှမတွေလို သံယောဇဉ်ရှီပါတယ်လို့ ပြောပြလာခဲ့ပါတယ် ။ ကိုယ်တိုင်ကလည်း မိန်းကလေးအရမ်းမဆန်သလို မရိုတတ်တဲ့ထဲမှာလည်း ပါလို့ဖြစ်မှာပါလို့လည်း သူမရဲ့ခံစားချက်တွေကို ဖွင့်ဟလာခဲ့ပါတယ် ။

 

ကိုယ်ချစ်ဖူးတဲ့ သူနှစ်ယောက်ကိုလည်း သူတို့ကို ချစ်တယ်လို့ ပြောခဲ့ရတာကိုက ကျေနပ်စရာကောင်းနေပြီဆိုတော့ နောင်တရခဲ့တာမျိုးလည်း မရှိဘူးလို့သိရပါတယ် ။ ပြတ်သွားပြီဆိုပေမယ့်လည်း သူတို့ကို သံယောဇဉ်ရှိတဲ့အတွက်အဆင်ပြေပြီး ကောင်းမွန်တဲ့မိန်းမတွေ ရစေချင်သလို ကလေးတွေအများကြီးမွေးပြီး ပျော်ရွှင်တဲ့အဖေတွေပဲဖြစ်စေချင်တယ်လို့ သူမရဲ့သဘောထားလေးကို ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါသေးတယ် ။ ချယ် ထားဖူးတဲ့ချစ်သူ နှစ်ယောက်လုံးက သစ္စာအရမ်းရှိကြပေမယ့် နှစ်ယောက် Life Style ချင်း မတူလို့သာ ပြတ်သွားတာပါလို့ သိရပါတယ် ။

Source : Exclusive on Cele Gabar
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ျပတ္သြားတဲ့ ရည္းစာေဟာင္း ႏွစ္ေယာက္နဲ႔ပတ္သက္ျပီးေျပာျပလာတဲ့ ခ်ယ္ရီသင္း

ခြင့္လႊတ္ေပးဖို႕ေတာင္းပန္ခ်င္တယ္ ဆိုတဲ့ သီခ်င္းနဲ႕ ပရိသတ္ေတြၾကားမွာ အရမ္းကိုေရပန္းစားခဲ့တဲ့ ခ်ယ္ရီသင္းကေတာ့ အခုဆိုရင္ အနုပညာအလုပ္ေတြအမ်ားၾကီးလုပ္ေဆာင္ေနျပီျဖစ္ပါတယ္ ။ အခုေနာက္ပိုင္းမွာလည္း သတိထား ဆိုတဲ့သီခ်င္းေလးဟာ ပရိသတ္ေတြၾကားမွာေရပန္းစားေနသလို ေနာက္ထပ္ သၾကၤန္သီခ်င္းအသစ္ကိုလည္း ဒီေဖေဖာ္၀ါရီလထဲမွာ ပရိသတ္ကို ခ်ျပသြားဖို႕ရွိတယ္လုိ႕သိရပါတယ္ ။ ရုပ္ေခ်ာျပီး စိတ္ထားေကာင္းတဲ့ အဆိုမေလး ခ်ယ္ရီသင္းရဲ႕႔အခ်စ္ေရးကိုလည္း ပရိသတ္ေတြ အထူးတလည္ စိတ္၀င္စားေနၾကတာမို႕ တင္ဆက္ေပးလိုက္ပါတယ္ေနာ္ ။

လက္ရွိမွာေတာ့ ခ်ယ္ က တစ္ေယာက္ထဲစင္ဂယ္ဘ၀နဲ႕ရပ္တည္ေနျပီး တကယ္ယူဖို႕ေသခ်ာတယ္ဆိုမွပဲ ခ်စ္သူကို ပရိသတ္ေတြေရွ႕ခ်ျပခ်င္တယ္လို႕ဆိုလာပါတယ္ ။ အရင္ၾကိဳက္ဖူးတဲ့ သူေတြကလည္း တည္တည္ျငိမ္ျငိမ္လူေတြျဖစ္သလို တစ္ေယာက္နဲ႕တစ္ေယာက္က နားလည္မႈမရွိလို႕သာလမ္းခြဲလိုက္ၾကေပမယ့္ အခုခ်ိန္ထိ ေမာင္နွမေတြလို သံေယာဇဥ္ရွီပါတယ္လို႕ ေျပာျပလာခဲ့ပါတယ္ ။ ကိုယ္တိုင္ကလည္း မိန္းကေလးအရမ္းမဆန္သလို မရိုတတ္တဲ့ထဲမွာလည္း ပါလုိ႕ျဖစ္မွာပါလုိ႕လည္း သူမရဲ႕ခံစားခ်က္ေတြကို ဖြင့္ဟလာခဲ့ပါတယ္ ။

ကိုယ္ခ်စ္ဖူးတဲ့ သူႏွစ္ေယာက္ကိုလည္း သူတို႕ကို ခ်စ္တယ္လို႕ ေျပာခဲ့ရတာကိုက ေက်နပ္စရာေကာင္းေနျပီဆိုေတာ့ ေနာင္တရခဲ့တာမ်ိဳးလည္း မရွိဘူးလို႕သိရပါတယ္ ။ ျပတ္သြားျပီဆိုေပမယ့္လည္း သူတို႕ကို သံေယာဇဥ္ရွိတဲ့အတြက္အဆင္ေျပျပီး ေကာင္းမြန္တဲ့မိန္းမေတြ ရေစခ်င္သလို ကေလးေတြအမ်ားၾကီးေမြးျပီး ေပ်ာ္ရႊင္တဲ့အေဖေတြပဲျဖစ္ေစခ်င္တယ္လုိ႕ သူမရဲ႕သေဘာထားေလးကို ပြင့္ပြင့္လင္းလင္းေျပာျပခဲ့ပါေသးတယ္ ။ ခ်ယ္ ထားဖူးတဲ့ခ်စ္သူ နွစ္ေယာက္လံုးက သစၥာအရမ္းရွိၾကေပမယ့္ နွစ္ေယာက္ Life Style ခ်င္း မတူလုိ႕သာ ျပတ္သြားတာပါလုိ႕ သိရပါတယ္ ။

Source : Exclusive on Cele Gabar
Molly ( Cele Gabar )

x