နှုတ်ခမ်းနီမလေးတွေကို ချစ်သူများနေ့အမီ ဈေးဗန်းခင်းလိုက်တဲ့ တိုင်ရွန်

မြန်မာပြည်အဝင်းလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ခေါ်ရတဲ့ တိုင်ရွန်ကတော့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေး ဝန်းရံခြင်းခံနေရတဲ့ မင်းသားတစ်ယောက်ပါ ။ အမိုက်စား ဘော်ဒီနဲ့ ချောမောတဲ့ရုပ်ရည်ကြောင့် ပျိုပျိုမေတို့ရဲ့အသည်းစွဲမင်းသားလေးတစ်လက်ဖြစ်နေခဲ့တာပါ ။ အခုနောက်ပိုင်း ကြော်ငြာ ရိုက်ကူးမှုတွေ နဲ့ရုပ်ရှင်ရိုက်ကူးမှုတွေကြားမှာ မအားလပ်အောင် ဖြစ်နေတဲ့ အဝင်းတစ်ယောက်ကတော့ အချစ်ရေးဘက်ကို ခြေဦးမလှည့်နိုင်သေးပါဘူးတဲ့ ပရိသတ်ကြီးရေ ..။

 

ဒါပေမယ့် လူပျိုကြီး အဝင်းကတော့ အခုနောက်ပိုင်း ချစ်သူများနေ့အမီ ဈေးဗန်းတွေအရမ်းကိုခင်းနေပါတယ်နော် ။ အခုလက်ရှိမှာလည်း ” ပုံပါအတိုင်း ရယ်နေပုံသည် နှစ်ချို့ single စစ်စစ် ဖြစ်ကြောင်းကို သိပ္ပံပညာရှင်များမှ အတည်ပြုသတင်းထုတ်ပြန်လိုက်သည် ။ ဂင်းနစ် စံချိန်ဝင်ဖို့လဲကြိုးစားသွားမည်ဟု ကောင်လေးမှပြောကြား ” ဆိုတဲ့ စာသားလေးနဲ့အတူ စနောက်ပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ဈေးဗန်းခင်းလိုက်ပါပြီ ။ အဝင်းကတော့ သူ့ကိုချစ်တဲ့ ပရိသတ်တွေတစ်ယောက်ချင်းဆီတိုင်းကို တလေးတစား Reply တွေပြန်ပေးထားတာကိုလည်းတွေ့ရပါတယ် ။

အဝင်းကို သည်းသည်းလှုပ်ချစ်ကြတဲ့ ပရိသတ်တွေလည်း V-Day အမီဈေးဗန်းတွေ ခင်းနေတဲ့ ကော်ရီးရဲ့ ဈေးဗန်းလေးကိုအားပေးလိုက်ကြပါဦနော် ။ Cele Gabar ပရိသတ်ကြီးအတွက်လည်း နှစ်ချို့ စင်ဂယ်လေး အဝင်းရဲ့ အမိုက်စား ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Tyron Bejay
Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 

ႏႈတ္ခမ္းနီမေလးေတြကို ခ်စ္သူမ်ားေန႔အမီ ေဈးဗန္းခင္းလိုက္တဲ့ တိုင္႐ြန္

 

ျမန္မာျပည္အဝင္းလို႔ ပရိသတ္ေတြ ခ်စ္စႏိုးနဲ႔ေခၚရတဲ့ တိုင္႐ြန္ကေတာ့ မိန္းကေလး ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္အားေပး ဝန္းရံျခင္းခံေနရတဲ့ မင္းသားတစ္ေယာက္ပါ ။ အမိုက္စား ေဘာ္ဒီနဲ႔ ေခ်ာေမာတဲ့႐ုပ္ရည္ေၾကာင့္ ပ်ိဳပ်ိဳေမတို႔ရဲ႕အသည္းစြဲမင္းသားေလးတစ္လက္ျဖစ္ေနခဲ့တာပါ ။ အခုေနာက္ပိုင္း ေၾကာ္ျငာ ႐ိုက္ကူးမႈေတြ နဲ႔႐ုပ္ရွင္႐ိုက္ကူးမႈေတြၾကားမွာ မအားလပ္ေအာင္ ျဖစ္ေနတဲ့ အဝင္းတစ္ေယာက္ကေတာ့ အခ်စ္ေရးဘက္ကို ေျခဦးမလွည့္ႏိုင္ေသးပါဘူးတဲ့ ပရိသတ္ႀကီးေရ ..။

ဒါေပမယ့္ လူပ်ိဳႀကီး အဝင္းကေတာ့ အခုေနာက္ပိုင္း ခ်စ္သူမ်ားေန႔အမီ ေဈးဗန္းေတြအရမ္းကိုခင္းေနပါတယ္ေနာ္ ။ အခုလက္ရွိမွာလည္း ” ပုံပါအတိုင္း ရယ္ေနပုံသည္ ႏွစ္ခ်ိဳ႕ single စစ္စစ္ ျဖစ္ေၾကာင္းကို သိပၸံပညာရွင္မ်ားမွ အတည္ျပဳသတင္းထုတ္ျပန္လိုက္သည္ ။ ဂင္းနစ္ စံခ်ိန္ဝင္ဖို႔လဲႀကိဳးစားသြားမည္ဟု ေကာင္ေလးမွေျပာၾကား ” ဆိ္ုတဲ့ စာသားေလးနဲ႔အတူ စေနာက္ျပီး သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္နွာထက္ကေန ေစ်းဗန္းခင္းလိုက္ပါျပီ ။ အ၀င္းကေတာ့ သူ႕ကိုခ်စ္တဲ့ ပရိသတ္ေတြတစ္ေယာက္ခ်င္းဆီတိုင္းကို တေလးတစား Reply ေတြျပန္ေပးထားတာကိုလည္းေတြ႕ရပါတယ္ ။

အ၀င္းကို သည္းသည္းလႈပ္ခ်စ္ၾကတဲ့ ပရိသတ္ေတြလည္း V-Day အမီေစ်းဗန္းေတြ ခင္းေနတဲ့ ေကာ္ရီးရဲ႕ ေစ်းဗန္းေလးကိုအားေပးလိုက္ၾကပါဦေနာ္ ။ Cele Gabar ပရိသတ္ၾကီးအတြက္လည္း နွစ္ခ်ိဳ႕ စင္ဂယ္ေလး အ၀င္းရဲ႕ အမိုက္စား ပံုရိပ္ေလးေတြကို ျပန္လည္မွ်ေ၀ေပးလိုက္ပါတယ္ေနာ္ ။

Source : Tyron Bejay
Molly ( Cele Gabar )

x