ဝေဖန်တိုက်ခိုက်မှုတွေအများကြီးရှိပေမယ့် ကြည့်ရှုသူပရိသတ်တွေရဲ့ မှတ်ချက်ကောင်းတွေရခဲ့တဲ့ မြမြရုပ်ရှင် ဇာတ်ကားကြီး

ေသဆုံးသူ မြမြဆိုတဲ့ မိန်းကလေးရဲ့ ဝိဉာဉ်က စက်ရုံအလုပ်သမလေးတွေဆီ ဝင်ရောက်ပူးကပ်ပြီး လူသတ်တရားခံတွေကို ဖော်ထုတ်ခဲ့တဲ့ သတင်းဟာ လူမှုကွန်ရက်စာမျက်နှာထက်မှာ နာမည်ကြီးခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။ ဒီဖြစ်ရပ်လေးကို အခြေခံပြီး ဒါရိုက်တာညိုမင်းလွင်က မြမြဆိုတဲ့ရုပ်ရှင်ကားကြီးကို ပုံဖော်အသက်သွင်းခဲ့ပါတယ် ။ ဒါပေမယ့် ထုံးစမ်းအတိုင်း မြန်မာပေါကားသာသာ ပဲ ရှိမှာပါလို့ ဝေဖန်တိုက်ခိုက်သူတွေလည်း အများအပြားပေါ်ထွက်ခဲ့ပါတယ် ။

 

 

ဝေဖန်သူတွေ အများကြီးကြားက မြမြ ရုပ်ရှင်ကားကြီး ကို ကြည့်ရှုပြီးတဲ့ ပရိသတ်တွေဆီကလည်း မှတ်ချက်ကောင်းတွေ တပြိုင်နက်ထဲအများကြီးထွက်ပေါ်လာခဲ့ပါတယ် ။ တစ်ချက်တစ်ချက်လန့်လန့်ပြီး ဘယ်သူကိုထဆွဲရမလဲမသိဖြစ်တာလဲအခါခါ ပေါကားမဟုတ်တဲ့ ကားကောင်းတစ်ကားဖြစ်တယ်လို့ ပရိသတ်တွေဆီက ဝေဖန်သံတွေ လည်းထွက်ပေါ်လာခဲ့တာပါ ။ လူကြမ်းသရုပ်ဆောင် သုံးယောက်ကလဲ အရမ်းကောင်းလွန်းလို့ သရုပ်ဆောင်သစ်လို့တောင်မထင်ရလောက်အောင် မုန်းစရာကောင်းအောင် သရုပ်ဆောင်သွားနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေလည်း ပလူပျံနေခဲ့ပါတယ် ။ ဒါ့ကြောင့်လည်း ဒါရိုက်တာညိုမင်းလွင်က မျက်နှာသစ်သရုပ်ဆောင်တွေကို သုံးခဲ့ဟန်တူပါတယ် ။

 

အရမ်းကောင်းပြီး ဇာတ်လမ်းဇာတ်အိမ်ခိုင်မာတဲ့ သရဲကားလေးဖြစ်လို့ သရဲကားကြိုက်တဲ့ ပရိသတ်တွေ သွားကြည့်ကြဖို့ တိုက်တွန်းပါတယ် ။ Cele Gabar ပရိသတ်ကြီးလည်း သင်ဇာရဲ့ အမိုက်စားသရုပ်ဆောင်မှုတွေနဲ့အတူ ဘယ်လောက်ထိ ကြောက်လန့်တကြားပရိသတ်တွေကို ဇာတ်သိမ်းပိုင်းထိ ဆွဲခေါ်သွားမလဲ ဆိုတာကို သိချင်ရင် မြမြကားကြီးကို သွားရောက်ကြည့်ရှုလိုက်ကြပါနော် ။

Molly ( Cele Gabar )
ဇော်ဂျီဖြင့်ဖတ်ရန်

 


 




Molly ( Cele Gabar )

x
error: Content is protected !!