“ယောကျ်ားလေးတစ်ယောက်အလား မန်ကျည်းပင်ပေါ်ကလွှားခနဲခုန်ချခဲ့တဲ့ ဖြူဖြူထွေးရဲ့ဗွီဒီယိုဖိုင်လေး”

အမြဲတက်ကြွလန်းဆန်းပျော်ရွှင်နေတတ်တဲ့ ဖြူဖြူထွေးကတော့ လူမှုကွန်ရက်မှာစတင်နာမည်ကြီးခဲ့စဉ်ကတည်းက နိုင်ငံခြားအက၊မြန်မာအကတွေကို ကျွမ်းကျင်စွာကနိုင်တဲ့အပြင် အနားမှာရှိတဲ့သူတွေကို ပျော်ရွှင်အောင်ထားနိုင်တဲ့ ဟာသဉာဏ်ရွှင်တဲ့ကောင်မလေးအဖြစ် သတိပြုမိခဲ့ကြမှာပါ။ဒါ့အပြင် ဖြူဖြူထွေးကတော့ တောရွာမှာကြီးပြင်းခဲ့သူပီပီ ရွာဓလေ့မပျောက်သေးတဲ့စကားပြောဟန်လေးတွေကြောင့် ပရိသတ်ကအချစ်ပိုနေရတာဖြစ်ပြီး မကြာခဏဆိုသလိုလည်း သူလုပ်လေ့လုပ်ထရှိတဲ့အရာလေးတွေကို ဗွီဒီယိုလေးတွေနဲ့မျှဝေပေးလေ့ရှိသူပါ။

ဖြူဖြူထွေးကတော့ လတ်တလောမှာကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရပြီး အချို့ကြော်ငြာလေးတွေကို သူနေထိုင်ခဲ့တဲ့ရွာလေးမှာပဲ ရွာဓလေ့လေးတွေနဲ့ရိုက်ကူးလေ့ရှိသူပါ။ ရွာဟန်လေးတွေအမြဲပါတဲ့ ဖြူဖြူထွေးမျှဝေပေးလေ့ရှိတဲ့ဗွီဒီယိုလေးတွေကိုတော့ ကြည့်ရှုအားပေးသူပရိသတ်ပေါင်းများစွာရှိပြီး ပွင့်လင်းရိုးသားတဲ့ဖြူဖြူထွေးကိုတော့ ပရိသတ်တွေက တစ်နေ့ထက်တစ်နေ့တိုးလို့ အချစ်ပိုနေကြရတာဖြစ်ပါတယ်။ဒီတစ်ခေါက်မျှဝေပေးခဲ့တဲ့ ဗွီဒီယိုလေးမှာလည်း ဖြူဖြူထွေးကတော့ ရွာဓလေ့အတိုင်း မန်ကျည်းပင်ပေါ်မှာ မန်ကျည်းသီးခူးစားနေခဲ့တာဖြစ်ပြီး ပစ္စည်းလာပို့ပေးတဲ့အချိန်မှာတော့ မန်ကျည်းပင်ပေါ်ကနေ လွှားခနဲခုန်ချခဲ့တဲ့ဖြူဖြူထွေးကြောင့် ပရိသတ်တွေကတော့ အံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ဖြူဖြူထွေးကတော့ ရွာထဲကလင်မယားတွေကို Bella နှုတ်ခမ်းနီလေးတွေနဲ့ ပြိုင်ပွဲလေးတစ်ခုလုပ်ပေးခဲ့ပါသေးတယ်။ယောကျ်ားလေးတွေကို မျက်လုံးမှိတ်ကာ ကိုယ့်မိန်းမရဲ့နှုတ်ခမ်းကိုမှန်းပြီးဆိုးစေခဲ့ကာ အနိုင်ရရှိသူကို ဆုချီးမြှင့်ပေးခဲ့တာပါ။သူမျှဝေပေးလေ့ရှိတဲ့ ဗွီဒီယိုတစ်ခုချင်းဆီတိုင်းမှာ ဖြူစင်ရိုးသားတဲ့ဖြူဖြူထွေးရဲ့စိတ်ထားလေးကို တွေ့မြင်ရမှာဖြစ်ပြီး ပရိသတ်တွေကိုပျော်ရွှင်စေတာမို့ ကြည့်ရှုအားပေးသူတွေ တစ်နေ့ထက်တစ်နေ့တိုးများလာတဲ့ ဖြူဖြူထွေးရဲ့နောက်ဆုံးတင်ဆက်ပေးထားတဲ့ဗွီဒီယိုလေးကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe
Rainbow – Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“ေယာက်္ားေလးတစ္ေယာက္အလား မန္က်ည္းပင္ေပၚကလႊားခနဲခုန္ခ်ခဲ့တဲ့ ျဖဴျဖဴေထြးရဲ႕ဗြီဒီယိုဖိုင္ေလး”

အျမဲတက္ၾကြလန္းဆန္းေပ်ာ္ရႊင္ေနတတ္တဲ့ ျဖဴျဖဴေထြးကေတာ့ လူမွုကြန္ရက္မွာစတင္နာမည္ၾကီးခဲ့စဥ္ကတည္းက ႏုိင္ငံျခားအက၊ျမန္မာအကေတြကို ကၽြမ္းက်င္စြာကႏုိင္တဲ့အျပင္ အနားမွာရွိတဲ့သူေတြကို ေပ်ာ္ရႊင္ေအာင္ထားႏုိင္တဲ့ ဟာသဥာဏ္ရႊင္တဲ့ေကာင္မေလးအျဖစ္ သတိျပဳမိခဲ့ၾကမွာပါ။ဒါ့အျပင္ ျဖဴျဖဴေထြးကေတာ့ ေတာရြာမွာၾကီးျပင္းခဲ့သူပီပီ ရြာဓေလ့မေပ်ာက္ေသးတဲ့စကားေျပာဟန္ေလးေတြေၾကာင့္ ပရိသတ္ကအခ်စ္ပိုေနရတာျဖစ္ျပီး မၾကာခဏဆိုသလိုလည္း သူလုပ္ေလ့လုပ္ထရွိတဲ့အရာေလးေတြကုိ ဗြီဒီယိုေလးေတြနဲ႔မွ်ေဝေပးေလ့ရိွသူပါ။

ျဖဴျဖဴေထြးကေတာ့ လတ္တေလာမွာေၾကာ္ျငာေတြဆက္တုိက္ရိုက္ကူးေနရျပီး အခ်ိဳ႕ေၾကာ္ျငာေလးေတြကို သူေနထိုင္ခဲ့တဲ့ရြာေလးမွာပဲ ရြာဓေလ့ေလးေတြနဲ႔ရိုက္ကူးေလ့ရွိသူပါ။ ရြာဟန္ေလးေတြအျမဲပါတဲ့ ျဖဴျဖဴေထြးမွ်ေဝေပးေလ့ရွိတဲ့ဗြီဒီယိုေလးေတြကိုေတာ့ ၾကည့္ရွုအားေပးသူပရိသတ္ေပါင္းမ်ားစြာရွိျပီး ပြင့္လင္းရိုးသားတဲ့ျဖဴျဖဴေထြးကိုေတာ့ ပရိသတ္ေတြက တစ္ေန႔ထက္တစ္ေန႔တိုးလို႔ အခ်စ္ပိုေနၾကရတာျဖစ္ပါတယ္။ဒီတစ္ေခါက္မွ်ေဝေပးခဲ့တဲ့ ဗြီဒီယိုေလးမွာလည္း ျဖဴျဖဴေထြးကေတာ့ ရြာဓေလ့အတုိင္း မန္က်ည္းပင္ေပၚမွာ မန္က်ည္းသီးခူးစားေနခဲ့တာျဖစ္ျပီး ပစၥည္းလာပို႔ေပးတဲ့အခ်ိန္မွာေတာ့ မန္က်ည္းပင္ေပၚကေန လႊားခနဲခုန္ခ်ခဲ့တဲ့ျဖဴျဖဴေထြးေၾကာင့္ ပရိသတ္ေတြကေတာ့ အ့ံအားသင့္ခဲ့ရတာျဖစ္ပါတယ္။

ဒါ့အျပင္ ျဖဴျဖဴေထြးကေတာ့ ရြာထဲကလင္မယားေတြကို Bella ႏွုတ္ခမ္းနီေလးေတြနဲ႔ ျပိဳင္ပြဲေလးတစ္ခုလုပ္ေပးခဲ့ပါေသးတယ္။ေယာက်္ားေလးေတြကို မ်က္လံုးမွိတ္ကာ ကိုယ့္မိန္းမရဲ႕ႏွုတ္ခမ္းကိုမွန္းျပီးဆိုးေစခဲ့ကာ အႏုိင္ရရွိသူကို ဆုခ်ီးျမွင့္ေပးခဲ့တာပါ။သူမွ်ေဝေပးေလ့ရွိတဲ့ ဗြီဒီယိုတစ္ခုခ်င္းဆီတုိင္းမွာ ျဖဴစင္ရိုးသားတဲ့ျဖဴျဖဴေထြးရဲ႕စိတ္ထားေလးကို ေတြ႔ျမင္ရမွာျဖစ္ျပီး ပရိသတ္ေတြကိုေပ်ာ္ရႊင္ေစတာမို႔ ၾကည့္ရွုအားေပးသူေတြ တစ္ေန႔ထက္တစ္ေန႔တိုးမ်ားလာတဲ့ ျဖဴျဖဴေထြးရဲ႕ေနာက္ဆံုးတင္ဆက္ေပးထားတဲ့ဗြီဒီယိုေလးကို ဆယ္လီကမာၻပရိသတ္ၾကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source – Phyu Phyu Htwe
Rainbow – Cele Gabar

x
error: Content is protected !!