ပရိသတ်တွေကိုချပြတော့မယ့် နန်းသူဇာနဲ့ကျော်ထွဋ်ဆွေတို့ရဲ့ လမ်းခွဲအကြောင်း

အခုရက်ပိုင်းမှာပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ ကျော်ထွဋ်ဆွေနဲ့နန်းသူဇာတို့ကတော့ လမ်းခွဲလိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးပရိသတ်တွေကို ဝမ်းနည်းစေခဲ့ပါတယ်။သူတို့နှစ်ဦးဟာ (၉)နှစ်ကျော်ကြာ ရည်းစားသက်တမ်းရှိပြီး ပရိသတ်တွေစံထားရတဲ့အတွဲတစ်တွဲဖြစ်ပါတယ်။ကျော်ထွဋ်ဆွေကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “လမ်းခွဲလိုက်ပါပြီ။သွေးအေးတဲ့နေ့ကျရှင်းပြပါမယ်။အခုတော့ ဒီလောက်ပါပဲ” လို့ရေးထားတာပါ။


ဒီသတင်းဟာမနေ့က အွန်လိုင်းမှာအတော်လေးပျံ့နှံ့သွားပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးမျိုးထင်မြင်ချက်ပေးနေကြတာပါ။အခုတော့ လမ်းခွဲတဲ့အကြောင်းကိုတိတိကျကျပြောပြလိုက်ပါပြီ။အဲ့ဒါကတော့ “!!!Surprise!!! မနက်ဖြန် Valentine’s Day အတွက် Music Video အသစ်ထွက်ပါမယ်” လို့ နှစ်ယောက်လုံးရဲ့ဖေ့ဘွတ်ခ်မှာ တင်ထားပါတယ်။အမှန်တကယ်လမ်းခွဲခဲ့တယ်လို့ထင်ပြီးတော့ စိတ်ပူခဲ့တဲ့ပရိသတ်တွေကတော့ စိတ်ဆိုးနေကြတာပါ။ကျော်ထွဋ်ဆွေတို့ချစ်သူနှစ်ဦးကတော့ စိတ်မဆိုးကြဖို့ပြောနေကြပါတယ်။


ပရိသတ်တွေသိချင်ခဲ့တဲ့ လမ်းခွဲတဲ့အကြောင်းကတော့ ဒီနေ့တိတိကျကျသိရပါပြီ။တကယ်တော့လမ်းခွဲဆိုတာ သူတို့နှစ်ဦးရဲ့သမီးရည်းစားဆက်ဆံရေးပြတ်တောက်သွားတာမဟုတ်ဘဲ သီချင်းအသစ်ရဲ့နာမည်ပါတဲ့နော်…
Source : KyawHtutSwe,NannThuzar
Rose – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

ပရိသတ္ေတြကိုခ်ျပေတာ့မယ့္ နန္းသူဇာနဲ႔ေက်ာ္ထြဋ္ေဆြတို႔ရဲ႕ လမ္းခြဲအေၾကာင္း
အခုရက္ပိုင္းမွာပရိသတ္ေတြခ်စ္ရတဲ့ အႏုပညာရွင္စံုတြဲတစ္တြဲျဖစ္တဲ့ ေက်ာ္ထြဋ္ေဆြနဲ႔နန္းသူဇာတို႔ကေတာ့ လမ္းခြဲလိုက္တယ္ဆိုတဲ့ သတင္းထြက္ေပၚခဲ့ျပီးပရိသတ္ေတြကို ၀မ္းနည္းေစခဲ့ပါတယ္။သူတို႔ႏွစ္ဦးဟာ (၉)ႏွစ္ေက်ာ္ၾကာ ရည္းစားသက္တမ္းရွိျပီး ပရိသတ္ေတြစံထားရတဲ့အတြဲတစ္တြဲျဖစ္ပါတယ္။ေက်ာ္ထြဋ္ေဆြကေတာ့ သူ႔ရဲ႕ေဖ့ဘြတ္ခ္မွာ “လမ္းခြဲလိုက္ပါျပီ။ေသြးေအးတဲ့ေန႔က်ရွင္းျပပါမယ္။အခုေတာ့ ဒီေလာက္ပါပဲ” လို႔ေရးထားတာပါ။


ဒီသတင္းဟာမေန႔က အြန္လိုင္းမွာအေတာ္ေလးပ်ံ႕ႏွ႔ံသြားျပီး ဒီကိစၥနဲ႔ပတ္သက္ျပီး အမ်ိဳးမ်ိဳးထင္ျမင္ခ်က္ေပးေနၾကတာပါ။အခုေတာ့ လမ္းခြဲတဲ့အေၾကာင္းကိုတိတိက်က်ေျပာျပလိုက္ပါျပီ။အဲ့ဒါကေတာ့ “!!!Surprise!!! မနက္ျဖန္ Valentine’s Day အတြက္ Music Video အသစ္ထြက္ပါမယ္” လို႔ ႏွစ္ေယာက္လံုးရဲ႕ေဖ့ဘြတ္ခ္မွာ တင္ထားပါတယ္။အမွန္တကယ္လမ္းခြဲခဲ့တယ္လို႔ထင္ျပီးေတာ့ စိတ္ပူခဲ့တဲ့ပရိသတ္ေတြကေတာ့ စိတ္ဆိုးေနၾကတာပါ။ေက်ာ္ထြဋ္ေဆြတို႔ခ်စ္သူႏွစ္ဦးကေတာ့ စိတ္မဆိုးၾကဖို႔ေျပာေနၾကပါတယ္။


ပရိသတ္ေတြသိခ်င္ခဲ့တဲ့ လမ္းခြဲတဲ့အေၾကာင္းကေတာ့ ဒီေန႔တိတိက်က်သိရပါျပီ။တကယ္ေတာ့လမ္းခြဲဆိုတာ သူတို႔ႏွစ္ဦးရဲ႕သမီးရည္းစားဆက္ဆံေရးျပတ္ေတာက္သြားတာမဟုတ္ဘဲ သီခ်င္းအသစ္ရဲ႕နာမည္ပါတဲ့ေနာ္…

x
error: Content is protected !!