“ပရိသတ်တွေ့ဆုံပွဲရဲ့အမှတ်တရ ဗီဒီယိုဖိုင်လေးကို မျှဝေလိုက်တဲ့ တန်ခွန်ကျော်”

နာဂတိုင်းရင်းသားလေး တန်ခွန်ကျော်ကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Top (11) အထိကို တက်လှမ်းနိုင်ခဲ့တဲ့ပြိုင်ပွဲဝင်တစ်ယောက်ပါ။ပရိသတ်အားပေးမှုအပြည့်အဝကို ရရှိခဲ့တာကြောင့် ပြိုင်ပွဲတစ်လျှောက်မှာ တစ်ကြိမ်သာရရှိတဲ့ Wild Card Winner အခွင့်အရေးကိုရရှိပိုင်ဆိုင်ခဲ့တဲ့ တစ်ဦးတည်းသော ပြိုင်ပွဲဝင်တစ်ယောက်ပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၉)ရက်နေ့မှာ တန်ခွန်ကျော်က သူ့ကို ပြိုင်ပွဲဝင်နေစဉ်ကတည်းက Votting ပေးပြီးအားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပရိသတ်တွေ့ဆုံပွဲလေးကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။တန်ခွန်ကျော်ရဲ့ ပရိသတ်တွေကလည်း ဒီပွဲကြီးမှာ တန်ခွန်ကျော်ကို သိန်း (၃၈၅)တန်ဖိုးရှိကားတစ်စီးနဲ့ Surprise ပြန်လုပ်ခဲ့ပါသေးတယ်။

တန်ခွန်ကျော်ကတော့ ဒီနေ့မှာ ပရိသတ်တွေဆုံပွဲလေးကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်လေးကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။ဒီဗီဒီယိုလေးကတော့ ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး Game တွေကစားခဲ့ပြီး ပရိသတ်တွေက ဘယ်လို Surprise တိုက်ခဲ့လဲ အသေးစိတ်ကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီး တွေထဲက တန်ခွန်ကျော်ရဲ့ Fan Meeting ပွဲကိုသွားတဲ့ သူတွေရှိရင် ကိုယ့်ပုံလေးတွေပါလားရှာကြည့်လိုက်ကြပါဦး။

Chilli – CeleGabar
Source – TAN KHUN KYAW
ဇော်ဂျီဖြင့်ဖတ်ရန်။

 





Chilli – CeleGabar
Source – TAN KHUN KYAW

x
error: Content is protected !!