“ဆေးရုံရောက်နေတာတောင် အစ်မဖြစ်သူ ရွှေရင်အေးရဲ့ ဗိုလ်ကြီးရောဂါပြင်းမှုကို ပြောပြလာတဲ့ သဲနန္ဒာစိုး(ဂိုဂို)”

မင်းသမီးချောလေး သဲနန္ဒာစိုးကတော့ လတ်တလောမှာ ကိုရီးယားနိုင်ငံမှာ ထုတ်လွှင့်ပြသလျက်ရှိသေးတဲ့ ကိုရီးယားဒရမ်မာရုပ်သံဇာတ်လမ်းတွဲထဲမှ မြောက်ကိုရီးယားဗိုလ်ကြီး ကို အစ်မဖြစ်သူ မင်းသမီးချောလေး ရွှေရင်အေးမှ ဆေးရုံရောက်နေတာတောင် ဗိုလ်ကြီးရောဂါပြင်းမှုကို “ဆေးရုံမှာ ဆေးသွင်းထားလို့ အိပ်ပါဆိုတာကို မအိပ်ဘူး ဗိုလ်ကြီး လုပ်နေတာ ဂို ဖြင့် သိတောင် မသိ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

သဲနန္ဒာစိုးကတော့ ချစ်စရာကောင်းတဲ့မျက်နှာလေး၊ချိုသာတဲ့အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ တက်သစ်စမင်းသမီးလေးတစ်ဦးပဲဖြစ်ပါတယ်။ သူကတော့ စကားပြောရင် “ဂို” ဆိုတဲ့ အိမ်နာမည်လေးကို ထည့်ပြောလေ့ရှိပြီး ဝါသနာပါရာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့ လုပ်ကိုင်နေကာ ပရိသတ်တွေအချစ်ကိုရရှိထားသူပါ။သူဟာ ရိုးမပေါ်ကျတဲ့မျက်ရည်၊ ဒဏ္ဍာရီ၊ ကြောက်ကြောက်ကြောက်(၂) ၊မြက်နု တို့မှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့အနုပညာစွမ်းရည်တွေကို အကောင်းဆုံးချပြထားပါတယ်။လက်ရှိမှာတော့ အစ်မဖြစ်သူ ရွှေရင်အေးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ “အိပ်မက်တွေမိုးထားတဲ့အိမ်” ရုပ်သံဇာတ်လမ်းတွဲကတော့ မကြာမီထုတ်လွှင့်ပြသတော့မှာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေရင်အေးကတော့ ဆေးရုံမှာဆေးသွင်းနေထားရတာတောင် ကိုရီးယားဒရမ်မာရုပ်သံဇာတ်လမ်းတွဲထဲမှ မြောက်ကိုရီးယားဗိုလ်ကြီးအကြောင်းသာပြောနေတော့တာတဲ့နော်။ ပရိသတ်တွေထဲမှာရော ဗိုလ်ကြီးမှဗိုလ်ကြီးဖြစ်နေတဲ့သူတွေရှိလား ရှိရင် မန်းရှင်းခေါ်ခဲ့ကြဦးနော်။

Source: Thae NanDar Soe
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“အစ်မဖြစ်သူ ရွှေရင်အေးရဲ့ ဆေးရုံရောက်နေတာတောင် ဗိုလ်ကြီးရောဂါပြင်းမှုကို ပြောပြလာတဲ့ သဲနန္ဒာစိုး”




x
error: Content is protected !!