“မိမိရဲ့ပါးချိုင့်လေးအတွက် ကဗျာတစ်ပုဒ်လောက်ဖွဲ့သီပေးဖို့ ပရိသတ်ကိုတောင်းဆိုလိုက်တဲ့ ကောင်းမြတ်စံ”

ချိုင့်စိန်လေးလို့ ပရိသတ်တွေမှချစ်စနိုးခေါ်ရတဲ့ မင်းသားချော ကောင်းမြတ်စံကတော့ ရိသတ်တွေအချစ်ပိုနေရတဲ့ ပါးချိုင့်လေးကို ကဗျာတစ်ပုဒ်လောက်ဖွဲ့သီပေးဖို့ ပရိသတ်ကို “ကိုယ့်ပါးချိုင့်လေးတွေအတွက် ကဗျာတစ်ပိုဒ်လောက် စာဖွဲ့ပေးပါလားကလေးရယ်!” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှ တောင်ဆိုထားပါတယ်။

MRTV-4 က နာမည်ကျော် မြန်မာဇာတ်လမ်းတွဲ “အမုန်းမှသည်”မှာ ကိုးလ်ဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုရရှိခဲ့တဲ့ မင်းသားချော ကောင်းမြတ်စံကတော့ မော်ဒယ် မင်းသားတစ်လက်အနေဖြင့် အနုပညာလောကကို စတင်ဝင်ရောက်လာသူပဲ ဖြစ်ပါတယ်။”ရတနာထဲကရတနာ” ရုပ်သံဇာတ်လမ်းတွဲကြီးမှာလည်း အောင်သခင် ဆိုတဲ့ ဗီလိန်ကာရိုက်တာကို အကောင်းဆုံးသရုပ်ဆောင်ထားပါသေးတယ်။”နှလုံးသားနှင့်အနီးဆုံး” ရုပ်သံဇာတ်လမ်းတွဲကြီးမှာလည်း ဂျစ်ကန်ကန်ကောင်လေး “ကောင်းမြတ်သူ” ဆိုတဲ့ ဇာတ်ကောင်နဲ့ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။လတ်တလောမှာတော့ MRTV 4မှာ ထုတ်လွှင့်ပြသတော့မည့် သည်းထိပ်ရင်ဖို ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။

CeleGabar ပရိသတ်ကြီးရေ ဇာတ်ကောင်ကာရိုက်တာအမျိုးမျိုးနဲ့ ပရိသတ်တွေရဲ့အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ မင်းသာေးချာ ကောင်းမြတ်စံကတော့ အပြုံးချိုချိုလေးနဲ့ဖမ်းစားထားနိုင်တဲ့ ပါးချိုင့်လေးတွေကို ကဗျာတစ်ပိုဒ်လောက် စာဖွဲ့ပေးပါလားလို့ ပရိသတ်တွေကို တောင်းဆိုထားပါတယ်နော်။ မင်းသားချော ကောင်းမြတ်စံကို အားပေးတဲ့ ပရိသတ်တွေရှိရင် သူ့ရဲ့ပါးချိုင့်လေးတွေကို စာဖွဲ့ပေးခဲ့ကြဦးနော်။

Source: Kaung Myat San
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!