“အဝင်းနဲ့ နေခြည်ဦးတို့ သရုပ်ဆောင်ထားတဲ့ အိပ်မက်တွေမိုးထားတဲ့အိမ် ဇာတ်လမ်းတွဲရဲ့ Offical Teaser”

နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံခြင်းကိုခံရတဲ့ မိုရီဆာကီဝင်းနဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ်အောင်မြင်မှုတွေရရှိနေတဲ့ နေခြည်ဦးတို့သရုပ်ဆောင်ထားတဲ့ “အိပ်မက်တွေမိုးထားတဲ့ အိမ်”ရုပ်သံဇာတ်လမ်းတွဲလေးရဲ့တော့ လာမယ့် ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှာ စတင်ပြီး ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ဒီဇာတ်ကားကြီးမှာတော့ အဝင်းနဲ့ နေခြည်ဦးတို့အပြင် အောင်လေး၊ ချမ်းမင်းရဲထွဋ်၊အုပ်စိုးခန့်၊ညီနန္ဒ၊ မျိုးစန္ဒီကျော်တို့နဲ့ တခြားအနုပညာရှင်တွေလည်းပါဝင်ပါသေးတယ်။

“အိပ်မက်တွေမိုးထားတဲ့ အိမ်”ရုပ်သံဇာတ်လမ်းတွဲကတော့ စတင်ရိုက်ကူးချိန်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုရရှိထားခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ဒီဇာတ်လမ်းတွဲရဲ့ Offical Teaser လေးထွက်ရှိလာပြီပဲဖြစ်ပါတယ်။ဒီရုပ်သံဇာတ်လမ်းတွဲကိုတော့ MNTV ကနေလာမယ့် (၂၄)ရက်နေ့ကနေစတင်ပြီး အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့အထိ ညစဉ် (၈)နာရီအချိန်မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

“အိပ်မက်တွေမိုးထားတဲ့ အိမ်”ရုပ်သံဇာတ်လမ်းတွဲကိုမျှော်လင့်စောင့်စားနေတဲ့ ပရိသတ်တွေအတွက်ကိုတော့ (၂၄)ရက်နေကမတိုင်ခင် အမြည်းအနေနဲ့ Offical Teaser လေးကိုကြည့်ရှုလို့ရအောင်မျှဝေပေးလိုက်ပါတယ်။Celegabar ပရိတ်ကြီးရေ “အိပ်မက်တွေမိုးထားတဲ့ အိမ်” ရုပ်သံဇာတ်လမ်းတွဲကြီးကို (၂၄)ရက်နေ့မှာ အားပေးဖို့ မမေ့ပါနဲ့နော်။

Chilli – CeleGabar
Source – အိပ်မက်တွေမိုးထားတဲ့အိမ်
ဇော်ဂျီဖြင့်ဖတ်ရန်။

 





Chilli – CeleGabar

x
error: Content is protected !!