“သားဖြစ်သူကို မေမေကလွဲရင်ကျန်တာအေးဆေးပါလို့ ပြောလာတဲ့ ဖြိုးငွေစိုး”

တစ်ခေတ်တစ်ခါ ဗီစီဒီခေတ်ထဲကနေ့ ပျိုပျိုမေမေတို့ရဲ့ အသည်းကျော်မင်သားတစ်လက်ဖြစ်ခဲ့ပြီး ယနေ့အချိန်အထိ အောင်မြင်မှုရရှိနေတဲ့ မင်းသား ဖြိုးငွေစိုးကတော့ သားဖြစ်သူကို မေမေကလွဲရင် ကျန်တာအေးဆေးပါဆိုတဲ့အကြောင်းကို “ဟိုဘဲကြီးနဲ့ဒီဘဲလေး ဘဲကြီးလုပ်သမျှဘဲလေးကလိုက်လုပ်တယ်။ ကဲ ဘဲကြီး သတိသာထားနေတော့ ဆိုတဲ့သဘောပေါ့ သိပ်မကြာခင်စတွေ့တော့မှာ. ဘာဘဲဖြစ်ဖြစ် မင်းနားမှာ ဘဲကြီးရှိတယ် ဘဲလေး အားလုံး အေးဆေးပေါ့

(မင်းအမေကလွဲရင်ပြောတာနော် သူ့တော့ငါကိုမနိုင်တာဟ) ဒါပေမဲ့ ငါ့မိသားစု ကိုငါချစ်တယ်) ဒါပါဘဲ ဒီနေ့ဘာနေ့ဆိုလား ထားပါတော့” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ နိုင်ငံကျော်သရုပ်ဆောင် မင်းသား ဖြိုးငွေစိုးကတော့ လက်ရှိမှာတော့ စွယ်စုံရပညာရှင် ဦးအောင်ကိုလတ်မှာ ဒါရိုက်တာအဖြစ်နဲ့ တာဝန်ယူရိုက်ကူးနေတဲ့ နတ် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး လက်ရှိမှာတော့ အင်ဒိုနီးရှာနိုင်ငံ ဘာလီကျွန်းမှာ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ရိုက်ကူးရန်အတွက်ရောက်ရှိနေတာလည်းဖြစ်ပါတယ်။ ဖြိုးငွေစိုးကတော့ မိန်းမချောချောလေးကိုပိုင်ဆိုင်ထားတဲ့ သားချောလေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါ ဗီစီဒီခေတ်ထဲကနေ့ ပျိုပျိုမေမေတို့ရဲ့ အသည်းကျော်မင်သားတစ်လက်ဖြစ်ခဲ့ပြီး ယနေ့အချိန်အထိ အောင်မြင်မှုရရှိနေတဲ့ မင်းသား ဖြိုးငွေစိုးရဲ့ သားချောလေးဟာ ဖေဖေလုပ်သမျှလိုက်အတုခိုးနေပါပြီတဲ့နော်။ ပရိသတ်တွေကတော့ ဖြိုးငွေစိုးရဲ့ သားချောလေးကြောင့် ယက္ခမကြီးလို့ ခေါ်ခံနေရပါပြီနော်။

Source: Phyo Ngwesoe
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!