“(၁၁)နှစ်ကျော်ကြာသိုဝှက်ထားတဲ့အချစ်ရေးကို လွမ်းမောဖွယ်ပြောပြခဲ့တဲ့ ဝင်းမင်းသန်း”

Beauty Blogger တစ်ယောက်အနေနဲ့ပရိသတ်ရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ဝင်းမင်းသန်းကတော့ အလှအပရေးရာတွေအပြင် မိန်းကလေးတွေအတွက် လိုအပ်မယ်ထင်တဲ့ဗဟုသုတလေးတွေကိုလည်း မျှဝေပေးလေ့ရှိသူပါ။သူကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ချပြထားတာမရှိတဲ့အပြင် ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိတာကြောင့်လည်း ပရိသတ်တွေကတော့ အပျိုကြီးလို့စနောက်ခေါ်ဝေါ်နေကြတာလည်းဖြစ်ပါတယ်။

ညတိုင်းနီးပါး Live လွှင့်ပြီး အသားအရည်ထိန်းသိမ်းဖို့ ပရိသတ်တွေနဲ့ စကားစမြည်လေးတွေပြောလေ့ရှိတဲ့ မဝင်းမင်းသန်းကတော့ မနေ့ညကထူးဆန်းစွာနဲ့ပဲ သူ့ရဲ့အချစ်ရေးကို လွမ်းလွမ်းဆွေးဆွေးနဲ့ပြောကြားခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့(၁၁)နှစ် ချစ်သူများနေ့မတိုင်ခင် ဖေဖော်ဝါရီ(၁၃)ရက်နေ့မှာတွေ့ဆုံခဲ့ရတဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ပါးချိုင့်လေးနဲ့လူတစ်ယောက်အကြောင်းကို ပြောပြခဲ့ပြီး ပရိသတ်တွေကိုပါလိုက်ပါခံစားစေခဲ့တာပါ။သူကတော့ အဲ့ဒီလူအကြောင်းကိုသာပြောပြခဲ့ပြီး သူ့အချစ်ရေးအကြောင်းကို အဆုံးသတ်ခဲ့ပေမယ့် ဟန်မင်းဆက် အကောင့်ပိုင်ရှင်ကတော့ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ပါးချိုင့်ပိုင်ရှင်လေးကို မဝင်းမင်းသန်းကို ခွင့်ပြုချက်တောင်းခံပြီးဖော်ပြပေးခဲ့ပါတယ်။ဒါ့အပြင် သူတို့ရဲ့အချစ်ရေးတစေ့တစောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

“တစ်ချိန်လုံး Live မှာဆို ဟာသတွေပြော ရယ်ရယ်မောမောနဲ့သူက ဒီနေ့ကျမှ မျက်ရည်တွေဝဲပြီး ခံစားချက်တွေထုတ်ပြောတော့ အကုန်အံ့သြကြမှာ…ဒီဓာတ်ပုံက အစ်မဝင်းမင်းသန်းချစ်သူပါ ချစ်သူမဟုတ်ကြတော့ပေမဲ့ တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုတွေ မေတ္တာစစ်တွေနဲ့ အခုထိအဆက်အသွယ်ရှိနေတုန်းပါ…သူလည်းလူပါပဲ…အပျိုကြီးဆိုတာကလည်းချစ်လို့စနောက်ခေါ်ကြတာပါ…အသည်းကွဲခဲ့တဲ့အချိန်လည်းရှိတာပဲ…အပျိုကြီးမလို့ မချစ်တတ်ဘူးမထင်ပါနဲ့…အောက်က Live video လေးမှာ သူ့မျက်လုံးကစကားတွေအများကြီးပြောသွားရှာတယ်…ဖြစ်နိုင်ရင် အစ်ကိုနဲ့အစ်မကို ပြန်ပြီးအဆင်ပြေစေချင်တယ်… တကယ်လည်းလိုက်ဖက်တယ်…ဒီနေ့နဲ့ဆို အတူတူရှိနေခဲ့တဲ့အချိန်က (၁၁) နှစ်ပြည့်ပါပြီ… ဘယ်လောက်တောင်သူလွမ်းနေလိုက်မလဲဆိုတာ…သူပြောနေပုံကိုကြည့်ပြီး ကိုယ်တောင်လိုက်ခံစားရတယ်… ဖြစ်နိုင်ရင် တကယ်ပြန်ပြီး အဆင်ပြေစေချင်တယ်အစ်မရေ ချစ်တယ်” ဆိုပြီးရေးသားခဲ့ကာ ပုံလေးတွေမျှဝေပေးခဲ့တာပါ။

ပရိသတ်ကြီးမထင်မှတ်ထားလောက်တဲ့ အချစ်ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ဖူးတဲ့ မဝင်းမင်းသန်းကတော့ မနေ့ က သူချစ်ရတဲ့သူနဲ့ တွေ့ဆုံခဲ့တဲ့(၁၁)နှစ်မြောက်နေ့လေးကို ပြန်လည်သက်ဝင်ခံစားပြီး ပြောပြခဲ့တာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Win Min Than
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“(၁၁)ႏွစ္ေက်ာ္ၾကာသိုဝွက္ထားတဲ့အခ်စ္ေရးကို လြမ္းေမာဖြယ္ေျပာျပခဲ့တဲ့ ဝင္းမင္းသန္း”

Beauty Blogger တစ္ေယာက္အေနနဲ႔ပရိသတ္ရဲ႕အခ်စ္ေတြကို သိမ္းပိုက္ထားတဲ့ဝင္းမင္းသန္းကေတာ့ အလွအပေရးရာေတြအျပင္ မိန္းကေလးေတြအတြက္ လိုအပ္မယ္ထင္တဲ့ဗဟုသုတေလးေတြကိုလည္း မွ်ေဝေပးေလ့ရွိသူပါ။သူကေတာ့ အခ်စ္ေရးနဲ႔ပတ္သက္ျပီး ခ်ျပထားတာမရွိတဲ့အျပင္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနေလ့ရွိတာေၾကာင့္လည္း ပရိသတ္ေတြကေတာ့ အပ်ိဳၾကီးလို႔စေနာက္ေခၚေဝၚေနၾကတာလည္းျဖစ္ပါတယ္။

ညတိုင္းနီးပါး Live လႊင့္ျပီး အသားအရည္ထိန္းသိမ္းဖို႔ ပရိသတ္ေတြနဲ႔ စကားစျမည္ေလးေတြေျပာေလ့ရွိတဲ့ မဝင္းမင္းသန္းကေတာ့ မေန႔ညကထူးဆန္းစြာနဲ႔ပဲ သူ႔ရဲ႕အခ်စ္ေရးကို လြမ္းလြမ္းေဆြးေဆြးနဲ႔ေျပာၾကားခဲ့တာျဖစ္ပါတယ္။လြန္ခဲ့တဲ့(၁၁)ႏွစ္ ခ်စ္သူမ်ားေန႔မတိုင္ခင္ ေဖေဖာ္ဝါရီ(၁၃)ရက္ေန႕မွာေတြ႕ဆံုခဲ့ရတဲ့ အရမ္းခ်စ္ဖို႔ေကာင္းတဲ့ ပါးခ်ိဳင့္ေလးနဲ႔လူတစ္ေယာက္အေၾကာင္းကုိ ေျပာျပခဲ့ျပီး ပရိသတ္ေတြကိုပါလိုက္ပါခံစားေစခဲ့တာပါ။သူကေတာ့ အဲ့ဒီလူအေၾကာင္းကိုသာေျပာျပခဲ့ျပီး သူ႔အခ်စ္ေရးအေၾကာင္းကုိ အဆံုးသတ္ခဲ့ေပမယ့္ ဟန္မင္းဆက္ အေကာင့္ပိုင္ရွင္ကေတာ့ ပရိသတ္ေတြစိတ္ဝင္စားေနတဲ့ ပါးခ်ိဳင့္ပိုင္ရွင္ေလးကို မဝင္းမင္းသန္းကို ခြင့္ျပဳခ်က္ေတာင္းခံျပီးေဖာ္ျပေပးခဲ့ပါတယ္။ဒါ့အျပင္ သူတို႔ရဲ႕အခ်စ္ေရးတေစ့တေစာင္းကိုလည္း ေျပာျပခဲ့ပါေသးတယ္။

“တစ္ခ်ိန္လုံး Live မွာဆို ဟာသေတြေျပာ ရယ္ရယ္ေမာေမာနဲ႔သူက ဒီေန႔က်မွ မ်က္ရည္ေတြဝဲၿပီး ခံစားခ်က္ေတြထုတ္ေျပာေတာ့ အကုန္အံ့ၾသၾကမွာ…ဒီဓာတ္ပုံက အစ္မဝင္းမင္းသန္းခ်စ္သူပါ ခ်စ္သူမဟုတ္ၾကေတာ့ေပမဲ့ တစ္ေယာက္ေပၚတစ္ေယာက္ နားလည္မႈေတြ ေမတၱာစစ္ေတြနဲ႔ အခုထိအဆက္အသြယ္ရွိေနတုန္းပါ…သူလည္းလူပါပဲ…အပ်ိဳႀကီးဆိုတာကလည္းခ်စ္လို႔စေနာက္ေခၚၾကတာပါ…အသည္းကြဲခဲ့တဲ့အခ်ိန္လည္းရွိတာပဲ…အပ်ိဳႀကီးမလို႔ မခ်စ္တတ္ဘူးမထင္ပါနဲ႔…ေအာက္က Live video ေလးမွာ သူ႔မ်က္လုံးကစကားေတြအမ်ားႀကီးေျပာသြားရွာတယ္…ျဖစ္ႏိုင္ရင္ အစ္ကိုနဲ႔အစ္မကို ျပန္ၿပီးအဆင္ေျပေစခ်င္တယ္… တကယ္လည္းလိုက္ဖက္တယ္…ဒီေန႔နဲ႔ဆို အတူတူရွိေနခဲ့တဲ့အခ်ိန္က (၁၁) ႏွစ္ျပည့္ပါၿပီ… ဘယ္ေလာက္ေတာင္သူလြမ္းေနလိုက္မလဲဆိုတာ…သူေျပာေနပုံကိုၾကည့္ၿပီး ကိုယ္ေတာင္လိုက္ခံစားရတယ္… ျဖစ္ႏိုင္ရင္ တကယ္ျပန္ၿပီး အဆင္ေျပေစခ်င္တယ္အစ္မေရ ခ်စ္တယ္” ဆိုျပီးေရးသားခဲ့ကာ ပံုေလးေတြမွ်ေဝေပးခဲ့တာပါ။

ပရိသတ္ၾကီးမထင္မွတ္ထားေလာက္တဲ့ အခ်စ္ပံုျပင္ေလးတစ္ပုဒ္ရွိခဲ့ဖူးတဲ့ မဝင္းမင္းသန္းကေတာ့ မေန႔ က သူခ်စ္ရတဲ့သူနဲ႔ ေတြ႔ဆံုခဲ့တဲ့(၁၁)ႏွစ္ေျမာက္ေန႔ေလးကို ျပန္လည္သက္ဝင္ခံစားျပီး ေျပာျပခဲ့တာမို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။
Source – Win Min Than
Rainbow- Cele Gabar

x