“သမီးငယ်လေးရဲ့ သိတတ်မှုကြောင့် အံ့သြပျော်ရွှင်ခဲ့ရတဲ့ မီးမီးခဲ”

အဆိုတော်မီးမီးခဲကိုတော့ ပရိသတ်ကြီးကို အထူးတလည် မိတ်ဆက်ပေးစရာမလိုတော့လောက်အောင် ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီနေ့ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာတော့ မီးမီးခဲက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သမီးဖြစ်သူရဲ့ မထင်မှတ်ထားလောက်တဲ့ surprise လေးကြောင့် အံ့သြပျော်ရွှင်ဝမ်းသာမဆုံးဖြစ်ခဲ့ရတဲ့ အကြောင်းကို မျှဝေဖော်ပြလာခဲ့ပါတယ်။

သမီးဖြစ်သူက “Valentine’s Day အမှတ်တရများ မနက်စောစော ချစ်သူက မနက်စာ Pan Cake On The Rock ဆိုတဲ့ဆိုင်မှာလိုက်ကျွေး။ နေ့လည် အိမ်သန့့်ရှင်းရေး လုပ်နေတုန်း သမီးကျောင်းကပြန်ရောက်လာတော့ တံခါးဝကနေ Mommy လို့ခေါ်တယ်။ တံခါးလဲဖွင့်ကော သူက ပန်းစည်းကို ဖွက်ထားပြီး အိမ်ထဲဝင်လာပြီးမှ မျက်စိမှိတ်ခိုင်းပြီး Surprise တဲ့။ သူအဖေ သွားဝယ်လာတာတဲ့”ဆိုပြီး ဖခင်နဲ့အတူတူပူးပေါင်းပြီး Surprise လုပ်တဲ့အကြောင်း ပြောပြထားခဲ့ပါသေးတယ်။

မီးမီးခဲကတော့ ချစ်စရာကောင်းလှတဲ့ သားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်စရာကောင်းလှတဲ့ မိသားစု ဘဝလေးကို ချစ်ခင်ပွန်းနဲ့အတူ တည်ဆောက်ထားပြီး သားသားမီမီးလေးတွေကလည်း အသက်အရွယ်နဲ့မလိုက်လောက်အောင်ကို သိတတ်လိမ္မာကျတဲ့ ကလေးတွေပါ။CeleGabar ပရိသတ်ကြီးတွေရော ဒီနေ့မှာ ဘယ်သူတွေဆီက ဘာလက်ဆောင်တွေရပြီးပြီလဲ ကြွားခဲ့ကြပါဦး။

Chilli – CeleGabar
Source – The Real Mee Mee Khel – မီးမီးခဲ
ဇော်ဂျီဖြင့်ဖတ်ရန်။

 

“သမီးငယ္ေလးရဲ႕ သိတတ္မႈေၾကာင့္ အံ့ၾသေပ်ာ္ရႊင္ခဲ့ရတဲ့ မီးမီးခဲ”

အဆိုေတာ္မီးမီးခဲကိုေတာ့ ပရိသတ္ႀကီးကို အထူးတလည္ မိတ္ဆက္ေပးစရာမလိုေတာ့ေလာက္ေအာင္ ရင္းႏွီးၿပီးသားျဖစ္မွာပါ။ ဒီေန႕ေဖေဖာ္ဝါရီလ (၁၄)ရက္ေန႕မွာေတာ့ မီးမီးခဲက သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန သမီးျဖစ္သူရဲ႕ မထင္မွတ္ထားေလာက္တဲ့ surprise ေလးေၾကာင့္ အံ့ၾသေပ်ာ္ရႊင္ဝမ္းသာမဆံုးျဖစ္ခဲ့ရတဲ့ အေၾကာင္းကို မွ်ေဝေဖာ္ျပလာခဲ့ပါတယ္။

သမီးျဖစ္သူက “Valentine’s Day အမွတ္တရမ်ား မနက္ေစာေစာ ခ်စ္သူက မနက္စာ Pan Cake On The Rock ဆိုတဲ့ဆိုင္မွာလိုက္ေကၽြး။ ေန ့လည္ အိမ္သန္႔ ့ရွင္းေရး လုပ္ေနတုန္း သမီးေက်ာင္းကျပန္ေရာက္လာေတာ့ တံခါးဝကေန Mommy လို ့ေခၚတယ္။ တံခါးလဲဖြင့္ေကာ သူက ပန္းစည္းကို ဖြက္ထားၿပီး အိမ္ထဲဝင္လာၿပီးမွ မ်က္စိမွိတ္ခိုင္းၿပီး Surprise တဲ့။ သူအေဖ သြားဝယ္လာတာတဲ့”ဆိုၿပီး ဖခင္နဲ႕အတူတူပူးေပါင္းၿပီး Surprise လုပ္တဲ့အေၾကာင္း ေျပာျပထားခဲ့ပါေသးတယ္။

မီးမီးခဲကေတာ့ ခ်စ္စရာေကာင္းလွတဲ့ သားသားမီးမီးေလးေတြနဲ႕ ေပ်ာ္ရႊင္စရာေကာင္းလွတဲ့ မိသားစု ဘဝေလးကို ခ်စ္ခင္ပြန္းနဲ႕အတူ တည္ေဆာက္ထားၿပီး သားသားမီမီးေလးေတြကလည္း အသက္အရြယ္နဲ႕မလိုက္ေလာက္ေအာင္ကို သိတတ္လိမၼာက်တဲ့ ကေလးေတြပါ။CeleGabar ပရိသတ္ႀကီးေတြေရာ ဒီေန႕မွာ ဘယ္သူေတြဆီက ဘာလက္ေဆာင္ေတြရၿပီးၿပီလဲ ႂကြားခဲ့ၾကပါဦး။

Chilli – CeleGabar
Source – The Real Mee Mee Khel – မီးမီးခဲ

x