“ချစ်သူများနေ့ မှာချစ်သူလိုချင်တယ်လို့ ကြွေးကြော်လိုက်တဲ့ အေးမြတ်သူ”
နိုင်ငံကျော်မင်းသမီးချော အေးမြတ်သူကတော့ တစ်ကိုယ်တည်းအပျိုကြီးဘဝကို ဖြတ်သန်းနေတာဖြစ်ပြီး ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ချစ်သူများနေ့ဖြစ်တဲ့ ယနေ့မှာတော့ မှာချစ်သူလိုချင်တယ်လို့ ကြွေးကြော်နေတဲ့ ဗီဒိယိုဖိုင်လေးကို ပျော်ပျော်ပါးပါး TikTok ဆော့ထားကာ “ဒီနေ့ ချစ်သူများနေ့…. ဆိုလို့” လို့သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။
မမြတ်လေးလို့ ပရိသတ်တွေရဲ့ ချစ်စနိုးခေါ်တဲ့ အေးမြတ်သူဟာ ဇာတ်လမ်းပိုင်းကို ပီပြင်အောင်ပုံဖော် သရုပ်ဆောင်နိုင်ပြီး သူမရဲ့ အကောင်းဆုံးအကယ်ဒမီဆုကို” နောင်တွင်ဥဒါန်းတည်စေသတည်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ သိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင်တစ်လက်လည်းဖြစ်ပါတယ်။သူကတော့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အပျိုကြီးမမတစ်ယောက်ဖြစ်ပြီး သူမရဲ့ ဘော်ဒီကောက်ကြောင်း လှပမှုတွေကြောင့် ပုရိသတွေရဲ့ ပါးစပ်ဖျားမှာ နေရာအပြည့်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။အေးမြတ်သူဟာ အနုပညာအလုပ်တွေနဲ့ပဲ မအားလပ်နေသူတစ်ယောက်ဖြစ်ပြီး အချစ်ရေးကိုပရိသတ်ကို ချပြထားခြင်းမရှိသေးတာကြောင့် အပျိုကြီးဖြစ်တော့မယ်လို့တောင် ပရိသတ်တွေက မှတ်ချက်ပေးထားသူတစ်ယောက်ဖြစ်ပါတယ်။
CeleGabar ပရိသတ်ကြီၤးရေ မင်သမီးချော အေးမြတ်သူကတော့ Myanmar Media 7 မှစီစဉ်တဲ့ “ဝင်္ကပါလမ်းမများ” ဇာတ်လမ်းတွဲမှာ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးငွေစိုး၊ သက်မွန်မြင့်၊ ခင်ဝင့်ဝါ၊ ဧငြိမ်းဖြူ၊ လီလီကျော်ခိုင်၊ ယမင်းမေဦး၊ ဖုန်းသီရိကျော်၊ နန်းထက်ထက်ဦး၊ သီရိကျော်၊ Ashley Kokoe၊ သဉ္ဇာတို့နဲ့အတူ ပါဝင်သရုပ်သွားမှာလည်းဖြစ်ပါတယ်။ မမမြတ်လေးကတော့ ချစ်သူများနေ့ ချစ်သူလိုချင်နေလို့ပါလို့ ကြွေးကြော်ထားပါတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှလိုက်ပါတယ်နော်။
Source: Myat Lay ML
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်
x