“စိုးပြည့်သဇင်ကိုယ်တိုင်သဘောကျခဲ့ရတဲ့ ရွှေမင်းသမီးဇာတ်ဝင်ခန်းကိုဆော့ထားတဲ့ ဟာသ TikTokလေး”

နိုင်ငံကျော် မင်းသမီးချောလေး အကယ်ဒမီ စိုးပြည့်သဇင်ဟာ သူခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေမင်းသမီးရုပ်ရှင်ဇာတ်ကားကြီးမှ ဇာတ်ဝင်ခန်းတစ်ခုကိုတော့ Challenge ခေါ်ထားတဲ့အပေါ် ပရိသတ်တစ်ဦးမှ ဟာသပုံစံလေးဆော့ထားတဲ့ TikTok လေးကို သဘောကျကြောင်းကို “အမေကြီးကအသက်ပါ” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ စိုးပြည့်သဇင်ကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်အဆိုတော်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ စိုးပြည့်သဇင်ဟာ အနုပညာအသိုင်းအဝိုင်းက ဆင်းသက်လာသူတစ်ယာက်ဖြစ်ပြီး အစ်မဖြစ်သူ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့ကလည်း အနုပညာလောကမှာ ထိပ်တန်းရောက်နေတဲ့ အနုပညာရှင်တွေပဲ ဖြစ်ပါတယ်။ စိုးပြည်သဇင်ကတော့ ညီအစ်မတွေအားလုံးထဲမှာ အငယ်ဆုံးလေးဖြစ်နေတာကြောင့် ညီအစ်မတွေရဲ့ အချစ်ပိုတာကို ခံနေရသူတစ်ယောက်ပါ။ စိုးပြည့်သဇင်ဟာ သရုပ်ဆောင်ပိုင်းမှာ ပီပြင်လွန်းသူ တစ်ယောက်ဖြစ်တာကြောင့် အကောင်းဆုံးအကယ်ဒမီဆုကို သိမ်းပိုက်ရရှိထားသူ တစ်ယောက်ဖြစ်သလို အဆိုပိုင်းမှာလည်း အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ပါ။ လက်ရှိမှာတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ “ရွှေမင်းသမီး”ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်ပြသနေပြီလည်းဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ လက်ရှိမှာတော့ နိုင်ငံကျော် မင်းသမီးချောလေး အကယ်ဒမီ စိုးပြည့်သဇင်ကိုယ်တိုင် သဘောကျနေတဲ့ ရုံတင်ပြသနေပြီဖြစ်တဲ့ “ရွှေမင်းသမီး”ရုပ်ရှင်ဇာတ်ကားကြီးမှာ အကောင်းဆုံးဇာတ်ဝင်ခန်းတစ်ခုကို ပရိသတ်တစ်ဦးမှ ဟာသပုံစံလေးဆော့ထားတဲ့ TikTok လေးကို မျှဝေပေးလိုက်တဲ့နော်။

Source: Soe Pyae Thazin
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်





x
error: Content is protected !!