ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ Yangon In Love ဇာတ်ကားကြီးမှာ ပထမဆုံးအနေနဲ့ပါဝင်သရုပ်ဆောင်ခွင့်ရရှိမယ့် ထွန်းပုလဲရတနာ

ထွန်းပုလဲရတနာကတော့ Miss Intenational Myanmar 1st Runner up 2017 လည်းဖြစ်သလို Face of Beauty Myanmar 2019 ဆုရရှိထားကာ မြန်မာနိုင်ငံကိုယ်စားပြုပြီးနိုင်ငံရပ်ခြားမှာ အလှမယ်ပြိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူဟာ အလှမယ်တစ်ယောက်ဖြစ်သလို ဆရာဝန်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

အခုဆိုရင်တာ့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာခြေလှမ်းတွေစတင်တော့မှာလည်းဖြစ်ပါတယ်။မျက်နှာသစ်တွေကို ပွဲထုတ်မယ့် ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ Yangon In Love ဇာတ်ကားကြီးဟာ ပရိသတ်တွေစိတ်ဝင်စားမှုရရှိနေပါတယ်။လူငယ်မျက်နှာသစ်တွေထဲမှာ ထွန်းပုလဲရတနာတစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။

ပုလဲကတော့ သရုပ်ဆောင်ပိုင်းမှာအတွေ့အကြုံလုံးဝမရှိသလို အမှန်တကယ်ရိုက်ကူးတဲ့အခါမှာလည်း အကောင်းဆုံးလုပ်ဆောင်လိုတာဖြစ်ပါတယ်။ “ကိုယ်လှတာမလှတာထက် အိုက်တင်ကြီးဂွမ်းနေမှာ အရမ်းကြောက်တယ်၊ကိုယ့်အိုက်တင်က သဘာဝကျပါ့မလား အိုဗာဖြစ်နေမလား” ဆိုပြီးတော့လည်း ရင်ခုန်နေတဲ့အကြောင်းကိုပြောပြထားပါတယ်။ပုလဲရဲ့ပထမဆုံးသရုပ်ဆောင်မှုကို အားပေးမယ့်သူတွေရှိတယ်မဟုတ်လားနော်…

Source : Exclusive on Cele Gabar,Photo : HtunPaLalYadanar
Rose – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်






x
error: Content is protected !!