ကိုယ့်ရဲ့အရှိအတိုင်းကို တကယ်ချစ်ပေးတဲ့သူကို အိမ်ထောင်ပြုသင့်တယ်လို့ အကြံပေးလာတဲ့ အမရာငြိမ်း

အမရာငြိမ်းကတော့ Miss International Myanmar 2015 ဆုကိုရရှိထားတဲ့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်တစ်ယောက်ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး ညဏ်ရည်ညဏ်သွေးထက်မြက်တဲ့ အလှမယ်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့အချစ်ကိုရရှိထားသူလည်းဖြစ်ပါတယ်။အခုဆိုရင် ချစ်ရသူနဲ့လက်ထပ်ထားပြီး သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာပါ။


မကြာသေးခင်ကလည်း မင်္ဂလာဦးတရားအလှူပွဲလေးကို ပြုလုပ်ထားသေးတဲ့ အမရာငြိမ်းတို့ဇနီးမောင်နှံရဲ့အပြုအမူလေးကတော့ အများကလေးစားအားကျစရာလေးလည်း ဖြစ်ခဲ့ပါတယ်။အမရာ့ကို သူငယ်ချင်းအပျိုကြီးတွေနဲ့ပတ်သက်ပြီး ဘယ်လိုအိမ်ထောင်ဘက်မျိုးကို ရွေးချယ်ဖို့အကြံပေးမလဲ ဆိုတဲ့မေးခွန်းကိုတော့ နားလည်မှုမရှိတဲ့ယောကျာ်း၊စာနာစိတ်မရှိတဲ့ယောကျာ်း၊အရမ်းကို ယောကျ်ားကြီးဝါဒရှိတဲ့သူဆိုရင် မိန်းကလေးဘက်က အရှုံးများပြီး အဆင်မပြေနိုင်ကြောင်းကို ပြောခဲ့ပါသေးတယ်။


ရွေးချယ်သင့်တဲ့ အိမ်ထောင်ဘက်ပုံစံကို “ကိုယ့်ကိုအရမ်းချစ်ပြီးတော့ နားလည်ပေးတဲ့သူ၊ကိုယ့်ကိုတကယ်ချစ်တဲ့သူ ၊ကိုယ့်ရဲ့ဖြစ်တည်မှု၊ကိုယ့်ရဲ့အရှိတိုင်းကိုတကယ်ချစ်ပေးတဲ့သူဆိုရင်တော့ အိမ်ထောင်ပြုစေချင်ပါတယ်” လို့ ဆိုပါတယ်။အမရာငြိမ်းရဲ့အကြံပြုချက်ကတော့ သူငယ်ချင်းအပျိုကြီးမမတွေသာမက မိန်းကလေးတွေအတွက် ထိရောက်တဲ့အကြံပြုချက်လေးလည်းဖြစ်နေပါတယ်နော်…

Source : Exclusive on Cele Gabar,Photo – Emerald Nyein
Rose – Cele Gabar
ဇော်ဂျီဖြင့်ဖတ်ရန်

“ကိုယ့္ရဲ႕အရွိအတိုင္းကို တကယ္ခ်စ္ေပးတဲ့သူကို အိမ္ေထာင္ျပဳသင့္တယ္လို႔ အႀကံေပးလာတဲ့ အမရာၿငိမ္း”
အမရာျငိမ္းကေတာ့ Miss International Myanmar 2015 ဆုကိုရရွိထားတဲ့ ျမန္မာႏိုင္ငံကိုယ္စားျပဳအလွမယ္တစ္ေယာက္ျဖစ္ပါတယ္။ ကိုယ့္ကိုကိုယ္ယံုၾကည္မွုရွိျပီး ညဏ္ရည္ညဏ္ေသြးထက္ျမက္တဲ့ အလွမယ္တစ္ေယာက္ျဖစ္သလို ပရိသတ္ေတြရဲ႕အခ်စ္ကိုရရွိထားသူလည္းျဖစ္ပါတယ္။အခုဆုိရင္ ခ်စ္ရသူနဲ႔လက္ထပ္ထားျပီး သာယာေပ်ာ္ရႊင္တဲ့အိမ္ေထာင္ေရးေလးကို တည္ေဆာက္ထားတာပါ။


မၾကာေသးခင္ကလည္း မဂၤလာဦးတရားအလွဴပြဲေလးကို ျပဳလုပ္ထားေသးတဲ့ အမရာျငိမ္းတို႔ဇနီးေမာင္ႏွံရဲ႕အျပဳအမူေလးကေတာ့ အမ်ားကေလးစားအားက်စရာေလးလည္း ျဖစ္ခဲ့ပါတယ္။အမရာ့ကို သူငယ္ခ်င္းအပ်ိဳၾကီးေတြနဲ႔ပတ္သက္ျပီး ဘယ္လိုအိမ္ေထာင္ဘက္မ်ိဳးကို ေရြးခ်ယ္ဖို႔အၾကံေပးမလဲ ဆိုတဲ့ေမးခြန္းကိုေတာ့ နားလည္မွဳမရွိတဲ့ေယာက်ာ္း၊စာနာစိတ္မရွိတဲ့ေယာက်ာ္း၊အရမ္းကို ေယာက်္ားၾကီး၀ါဒရွိတဲ့သူဆိုရင္ မိန္းကေလးဘက္က အရွံုးမ်ားျပီး အဆင္မေျပႏိုင္ေၾကာင္းကို ေျပာခဲ့ပါေသးတယ္။


ေရြးခ်ယ္သင့္တဲ့ အိမ္ေထာင္ဘက္ပံုစံကို “ကိုယ့္ကိုအရမ္းခ်စ္ျပီးေတာ့ နားလည္ေပးတဲ့သူ၊ကိုယ့္ကိုတကယ္ခ်စ္တဲ့သူ ၊ကိုယ့္ရဲ႕ျဖစ္တည္မွု၊ကိုယ့္ရဲ႕အရွိတိုင္းကိုတကယ္ခ်စ္ေပးတဲ့သူဆိုရင္ေတာ့ အိမ္ေထာင္ျပဳေစခ်င္ပါတယ္” လို႔ ဆိုပါတယ္။အမရာျငိမ္းရဲ႕အၾကံျပဳခ်က္ကေတာ့ သူငယ္ခ်င္းအပ်ိဳၾကီးမမေတြသာမက မိန္းကေလးေတြအတြက္ ထိေရာက္တဲ့အၾကံျပဳခ်က္ေလးလည္းျဖစ္ေနပါတယ္ေနာ္…

x
error: Content is protected !!