“ချစ်သူများနေ့မှာ ချစ်သူကိုပြိုင်အဆိုင်ချပြလိုက်တဲ့ အလှဖန်တီးရှင်(၂)ဦး”

မြန်မာနိုင်ငံရဲ့ မရှိမဖြစ်အလှဖန်တီးရှင်တွေဖြစ်ကြတဲ့ လင်းလင်းနဲ့ မထက်တို့ကတော့ ချစ်သူများနေ့မှာ ကိုယ်စီချစ်ရသူတွေကို အပြိုင်အဆိုင်ချပြခဲ့ပါတယ်။ လင်းလင်းကတော့ “Happy Valentine’s Day to u all ချစ်တဲ့သူတွေဆီက လက်ဆောင်တွေ ရလို့ အရမ်းပျော်ပါတယိလို့ Love u all” လို့ဆိုကာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ပုံကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာတင်ခဲ့တာလည်းဖြစ်ပါတယ်။

လင်းလင်းတစ်ယောက်တင်ခဲ့တဲ့ ပုံတွေထဲမှာတော့ အင်္ကျီဆင်တူဝတ်ထားတဲ့ကောင်လေး တစ်ယောက်နဲ့ပုံပါဝင်ခဲ့ကာ ပရိသတ်တွေနဲ့ သူငယ်ချင်မိတ်ဆွေမှ လိုက်ဖက်လိုက်တာ၊အားကျလိုက်တာဆိုပြီး ကွန်းမန့်တွေရေးခဲ့ကြတာကိုတွေ့ရပါတယ်။ အလှဖန်တီးရှင် မထက်ကလည်း ချစ်သူနဲ့ပုံတွေကို “ဘာရေးရမှန်းမသိတော့ပါဘူး” “ဒါလေးကလည်းတစ်မျိုးပေါ့” “ပုံတွေအရမ်းများသွားတယ်” လို့ဆိုကာ ချစ်သူနဲ့ပုံပေါင်းများစွာကိုတော့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ မထက်နဲ့ လင်းလင်းကတော့ မြန်မာနိုင်ငံရဲ့ မရှိမဖြစ်အလှဖန်တီးရှင်တွေဖြစ်ကြတဲ့အပြင် ရုပ်ရှင်သရုပ်ဆောင်တွေအဖြစ်ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကိုလည်း ရရှိထားကြပါတယ်။

CeleGabar ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ မရှိမဖြစ်အလှဖန်တီးရှင်တွေဖြစ်ကြတဲ့ လင်းလင်းနဲ့ မထက်တို့ကတော့ ချစ်သူများနေ့မှာ ကိုယ်စီချစ်ရသူတွေကို အပြိုင်အဆိုင်ချပြခဲ့တာနော်။ ပရိသတ်တွေကရော မထက်နဲ့ လင်းလင်းတို့လို ချပြစရာ ချစ်သူတွေရှိကြရဲ့လား။

Source: Ma Htet, Lin Linn
DarDar-CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်

“ခ်စ္သူမ်ားေန႔မွာ ခ်စ္သူကိုျပိဳင္အဆိုင္ခ်ျပလိုက္တဲ့ အလွဖန္တီးရွင္(၂)ဦး”

ျမန္မာနိုင္ငံရဲ႕ မရိွမျဖစ္အလွဖန္တီးရွင္ေတြျဖစ္ၾကတဲ့ လင္းလင္းနဲ႔ မထက္တို႔ကေတာ့ ခ်စ္သူမ်ားေန႔မွာ ကိုယ္စီခ်စ္ရသူေတြကို အျပိဳင္အဆိုင္ခ်ျပခဲ့ပါတယ္။ လင္းလင္းကေတာ့ “Happy Valentine’s Day to u all ခ်စ္တဲ့သူေတြဆီက လက္ေဆာင္ေတြ ရလို႔ အရမ္းေပ်ာ္ပါတယိလို ့ Love u all” လို႔ဆိုကာ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ပံုကို သူ႕ရဲ႕လူမႈကြန္ရက္ စာမ်က္နွာမွာတင္ခဲ့တာလည္းျဖစ္ပါတယ္။

လင္းလင္းတစ္ေယာက္တင္ခဲ့တဲ့ ပံုေတြထဲမွာေတာ့ အကၤ်ီဆင္တူ၀တ္ထားတဲ့ေကာင္ေလး တစ္ေယာက္နဲ႕ပံုပါ၀င္ခဲ့ကာ ပရိသတ္ေတြနဲ႕ သူငယ္ခ်င္မိတ္ေဆြမွ လိုက္ဖက္လိုက္တာ၊အားက်လိုက္တာဆိုျပီး ကြန္းမန္႔ေတြေရးခဲ့ၾကတာကိုေတြ႔ရပါတယ္။ အလွဖန္တီးရွင္ မထက္ကလည္း ခ်စ္သူနဲ႔ပံုေတြကို “ဘာေရးရမွန္းမသိေတာ့ပါဘူး” “ဒါေလးကလည္းတစ္မ်ိဳးေပါ့” “ပုံေတြအရမ္းမ်ားသြားတယ္” လို႔ဆိုကာ ခ်စ္သူနဲ႔ပံုေပါင္းမ်ားစြာကိုေတာ့ သူ႕ရဲ႕လူမႈကြန္ရက္ စာမ်က္နွာမွာေဖာ္ျပထားပါတယ္။ မထက္နဲ႔ လင္းလင္းကေတာ့ ျမန္မာနိုင္ငံရဲ႕ မရိွမျဖစ္အလွဖန္တီးရွင္ေတြျဖစ္ၾကတဲ့အျပင္ ရုပ္ရွင္သရုပ္ေဆာင္ေတြအျဖစ္ပါ ရုပ္ရွင္ဇာတ္ကားၾကီးေတြမွာ ပါ၀င္သရုပ္ေဆာင္ေနျပီျဖစ္ျပီး ပရိသတ္ေတြရဲ႕ အားေပးေထာက္ခံမႈကိုလည္း ရရိွထားၾကပါတယ္။

CeleGabar ပရိသတ္ၾကီးေရ ျမန္မာနိုင္ငံရဲ႕ မရိွမျဖစ္အလွဖန္တီးရွင္ေတြျဖစ္ၾကတဲ့ လင္းလင္းနဲ႔ မထက္တို႔ကေတာ့ ခ်စ္သူမ်ားေန႔မွာ ကိုယ္စီခ်စ္ရသူေတြကို အျပိဳင္အဆိုင္ခ်ျပခဲ့တာေနာ္။ ပရိသတ္ေတြကေရာ မထက္နဲ႔ လင္းလင္းတို႔လို ခ်ျပစရာ ခ်စ္သူေတြရိွၾကရဲ႕လား။

x
error: Content is protected !!