“ဆေးတက္ကသိုလ်မှာ Dead Body လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ”

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဒီနေ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ “ပြည်ထောင်စု သမ္မတနိုင်ငံတော်အစိုးရ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ်ဦးစီးဌာန ဆေးတက္ကသိုလ် (၁) ရန်ကုန်”မှာ သေဆုံးပြီးနောက် ကျန်ရှိတဲ့ ခန္ဓာကိုယ်ကို ဆေးပညာအကျိုးအတွက် သင်ကြားရေးကိစ္စရပ်များတွင် အသုံးပြုရန် သွားရောက်လှူဒါန်းခဲ့ပါတယ်။

မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ လက်ရှိမှာ လူထုအကျိုးပြုအလုပ်တွေကို ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်နေပြီး ပရိသတ်တွေကတောင် “ပရဟိတ မင်းသမီး”လို့ ခေါ်ဆိုတာကိုတောင်ခံနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ။အနုပညာရှင်လုပ်ဖော်ကိုင်ဖက်တွေထဲက ကျပ်တည်းတဲ့ သူတွေကိုလည်း လိုအပ်တဲ့ အကူအညီတွေပေးအပ်လေ့ရှိပါသေးတယ်။အခါအခွင့်သင့်ရင်သင့်သလိုလည်း အလှူအတန်းတွေကို ပြုလုပ်လေ့ရှိတဲ့သူတစ်ယောက်ပါ။

အခုတစ်ခေါက်မှာလည်း ခိုင်နှင်းဝေက ဆေးတက္ကသိုလ်မှာ Dead Body လှူဒါန်းခဲ့တဲ့ အပြင် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှာတော့ ကလေးတွေအတွက် ရေဘူး၊ချောကလက်တွေကိုလှူဒါန်းခဲ့ပြီး အသံဒါနပြုလုပ်ခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ မြင့်မြတ်လှတဲ့ အလှူလေးအတွက်ကို သာဓုခေါ်ဆိုပေးကြပါဦး ပရိသတ်ကြီးရေ…..

Chilli – CeleGabar
Source – CeleGabar
ဇော်ဂျီဖြင့်ဖတ်ရန်။

 





Chilli – CeleGabar
Source – CeleGabar

x
error: Content is protected !!