“ချစ်သူသက်တမ်းတစ်လျှောက် အမှတ်တရစုံတွဲပုံလေးတွေကို ချပြလိုက်တဲ့ ကောင်းပြည့်”

သရုပ်ဆောင်မော်ဒယ်လ်မင်းသားချောလေး ကောင်းပြည့်နဲ့ သရုပ်ဆောင်မော်ဒယ်လ်မင်းသမီးချောလေး သန္တာဗိုလ် တို့ ချစ်သူနှစ်ဦးကတော့ ပရိသတ်တွေကိုယ်တိုင်ကတောင် သဘောတူထားကြတဲ့ ချစ်စရာစုံတွဲလေးတစ်တွဲပါ။ပရိသတ်တော်တော်များနျားကလည်း Idol Couple အဖြစ် သတ်မှတ်ထားရတဲ့ အထိကို လိုက်ဖက်ညီပြီး တစ်ဦးကိုတစ်ဦး နားလည်မှုအပြည့်အဝရှိကြတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့စုံတွဲလေးက နားလည်မှုတွေရွှေလက်တွဲလာခဲ့တာ ချစ်သူသက်တမ်း (၇)နှစ်ကျော် (၈)နှစ်နီးပါးရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။ဒီနေ့ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာကျရောက်တဲ့ ချစ်သူများနေ့လေးမှာတော့ ကောင်းပြည့်က အမှတ်တရအနေနဲ့ သူတို့ချစ်သူနှစ်ဦး ချစ်သူသက်တမ်းတစ်လျှောက် အတူတူရိုက်ကူးထားတဲ့ ပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်။

“2012 to ∞ Infinity KP&TB အားလုံး Happy V’Day ပါ”ဆိုပြီးတော့လည်း နောင်နှစ်ပေါင်းများစွာအထိ ရွှေလက်တွဲသွားဖို့နဲ့ ပျော်ရွှင်စရာ ချစ်သူများနေ့ဖြစ်ဖို့ကိုလည်းဆုတောင်းထားပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ ချစ်သူနှစ်ဦးရဲ့ အမှတ်တရပုံလေးတွေကို ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်….ပရိသတ်ကြီးရေ…

Chilli – CeleGabar
Source – Kaung Pyae
ဇော်ဂျီဖြင့်ဖတ်ရန်။





Chilli – CeleGabar
Source – Kaung Pyae

x
error: Content is protected !!