“တစ်သက်လုံးသည်းခံလာခဲ့ရသမျှတွေကို အတိုးချပြီးပေါက်ကွဲလိုက်တဲ့ သရုပ်ဆောင်အေးသီတာ”

ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ခဲ့တဲ့ မအေးသီတာကတော့ ဟိုးအရင်အချိန်တွေကတည်းက ယနေ့ထက်တိုင်ဇာတ်ကားတွေမှာ နေရာယူနေဆဲသရုပ်ဆောင်တစ်ယောက်ပါ။ဟာသဇာတ်ရုပ်တွေနဲ့အများဆုံးတွေ့ရလေ့ရှိတဲ့အပြင် မျက်လုံးမှေးမှေးလေးနဲ့ရယ်လိုက်တိုင်း ပရိသတ်ကိုအချစ်ပိုစေခဲ့တာဆိုရင်လည်း အမှန်ပါပဲ။ရယ်ရယ်မောမောနဲ့အမြဲမြင်တွေ့ရလေ့ရှိတဲ့ သရုပ်ဆောင်တွေကို အပြင်လောကမှာလည်း ဘဝအမောတွေမရှိဘူးလို့ထင်ကြပြီး အနိုင်ယူတတ်တဲ့သူတွေလည်းရှိတတ်ကြသလို စိတ်ထားကောင်းတဲ့သူတွေကိုလည်း အနိုင်ယူလေ့ရှိကြတာ လူ့ပတ်ဝန်းကျင်ရဲ့ထုံးစံလိုဖြစ်လာကြတဲ့ခေတ်ကြီးမှာ မအေးသီတာကတော့ သူ့ရဲ့ရင်ထဲကခံစားချက်တွေကို ဒီနေ့မှာ ပေါက်ကွဲလိုက်ပြီး ဖေ့ဘွတ်ခ်ပေါ်မှာရေးသားမျှဝေခဲ့တာပါ။

“တစ်ခုတော့ပြောပါရစေ…ကျွန်မအေးသီတာ ဟာ ဘယ်လိုစိတ်ထားမျိုး ဘယ်လိုလူမျိုးဆိုတာ ရုပ်ရှင်အသိုင်းဝန်းနဲ့ လူမှုအသိုင်းဝန်းက လူတွေ သိထားကြပြီးသားပါ….ကျွန်မဟာ အမြဲတမ်း တဟီးဟီးတဟားဟားနေတတ်ပေမယ့် ကျွန်မမှာလဲ စိတ်ညစ်တဲ့အချိန်ဆိုတာရှိပါတယ်…..အဲ့ဒီလို စိတ်ညစ်တဲ့အချိန်မျိုးနဲ့ ကြုံရင်တော့ အမြဲသည်းခံတတ်တဲ့ ကျွန်မစိတ်ဟာ တခါတလေ ပေါက်ကွဲ ထွက်မိကောင်းထွက်မိမယ်လေ…..အဲ့လိုကျ အေးသီတာ လူဆိုးမကြီးဖြစ်ရော ဒါကြောင့် လူဆိုးမကြီးပြောပြော ဘာကြီးပဲပြောပြော နောက်ပိုင်းတော့ နယူတန်နိယာမ လုပ်သင့်လုပ်ရတော့မှာပဲ… လူတွေဟာ ဘာဖြစ်ချင်နေကြလဲ မသိဘူး… အမြဲခွင့်လွတ် သည်းခံနေပါတယ်ဆိုမှ တစ်နေ့ထက် တစ်နေ့ခေါင်းပေါ် ချီးမတက်ပါရုံတမယ်ပဲ”

“ဘဝမှာ အသက်အရွယ်ကလဲ ကြီးပါပြီလေ…အေးအေးချမ်းချမ်းလေးပဲ နေချင်တော့တယ်အဲ့လို စိတ်တွေမွေးဖို့အရာရာကို သည်းခံနေခဲ့တာ.. ဒါပေမယ့် ကျမရဲ့သည်းခံစိတ်ကို စော်ကားချင်သူ အတွက် အခွင့်အရေးမို့လားမသိဘူး ပိုပိုလို့ဆိုးလာတော့တယ်.. တကယ်တော့ ကျွန်မလဲ စိတ်နဲ့တည်ဆောက်ထားတဲ့ လူသားတယောက်ပဲလေ ဘယ်လောက်ပဲ သည်းခံခံ တစ်ချိန်တော့ ပေါက်ကွဲထွက်မှာပါပဲ……နောက်လူအချို့တွေကို ဒီနေရာကနေ တခုတော့ ပြောပြပါရစေ….. ကျွန်မအေးသီတာသည် မိမိစိတ်နဲ့မိမိလူဖြစ်တာဖြစ်တဲ့အတွက် အရာရာ ကောင်းခြင်း ဆိုးခြင်းသည်မိမိနဲ့သာ သက်ဆိုင်တဲ့အတွက်……ကျွန်မ မကြိုက်နှစ်သက်တဲ့ ဘယ်အရာမဆို စိတ်ရင်းစေတနာနဲ့ ညိုှနှိုင်းပေးတာကို လက်ခံပေမယ့်… ကြားထဲက အနှောင့်သဘောမျိုးနဲ့ လာညှိနှိုင်းမှုမျိုးကိုတော့ လက်သင့်ခံမည်မဟုတ်ပါ…….အားလုံးကို ပိစ်ပါ” ဆိုပြီးရေးသားခဲ့ပါတယ်။

သူကတော့ စိတ်ထားကောင်းကောင်းနဲ့လူတကာကိုဆက်ဆံခဲ့ပေမယ့် လူလိုနားမလည်တဲ့လူတချို့ကြောင့် သူရဲ့ရင်ထဲကခံစားချက်တွေ ပေါက်ကွဲခဲ့ကာအများသိအောင် ရေးသားခဲ့တာဖြစ်ပါတယ်။


Source – Aye Thida
Rainbow- Cele Gabar
ဇော်ဂျီဗားရှင်းဖြင့်ဖတ်ရန်

“တစ္သက္လံုးသည္းခံလာခဲ့ရသမွ်ေတြကို အတိုးခ်ျပီးေပါက္ကြဲလိုက္တဲ့ သရုပ္ေဆာင္ေအးသီတာ”

ဇာတ္ပို႔ဇာတ္ရံတစ္ေယာက္အေနနဲ႔ ပရိသတ္ရဲ႕အခ်စ္ကိုသိမ္းပိုက္ခဲ့တဲ့ မေအးသီတာကေတာ့ ဟိုးအရင္အခ်ိန္ေတြကတည္းက ယေန႔ထက္တိုင္ဇာတ္ကားေတြမွာ ေနရာယူေနဆဲသရုပ္ေဆာင္တစ္ေယာက္ပါ။ဟာသဇာတ္ရုပ္ေတြနဲ႔အမ်ားဆံုးေတြ႔ရေလ့ရွိတဲ့အျပင္ မ်က္လံုးေမွးေမွးေလးနဲ႔ရယ္လိုက္တိုင္း ပရိသတ္ကိုအခ်စ္ပိုေစခဲ့တာဆိုရင္လည္း အမွန္ပါပဲ။ရယ္ရယ္ေမာေမာနဲ႔အျမဲျမင္ေတြ႔ရေလ့ရွိတဲ့ သရုပ္ေဆာင္ေတြကို အျပင္ေလာကမွာလည္း ဘဝအေမာေတြမရွိဘူးလို႔ထင္ၾကျပီး အႏုိင္ယူတတ္တဲ့သူေတြလည္းရွိတတ္ၾကသလို စိတ္ထားေကာင္းတဲ့သူေတြကိုလည္း အႏုိင္ယူေလ့ရွိၾကတာ လူ႔ပတ္ဝန္းက်င္ရဲ႕ထံုးစံလိုျဖစ္လာၾကတဲ့ေခတ္ၾကီးမွာ မေအးသီတာကေတာ့ သူ႔ရဲ႕ရင္ထဲကခံစားခ်က္ေတြကို ဒီေန႔မွာ ေပါက္ကြဲလိုက္ျပီး ေဖ့ဘြတ္ခ္ေပၚမွာေရးသားမွ်ေဝခဲ့တာပါ။

“တစ္ခုေတာ့ေျပာပါရေစ…ကၽြန္မေအးသီတာ ဟာ ဘယ္လိုစိတ္ထားမ်ိဳး ဘယ္လိုလူမ်ိဳးဆိုတာ ႐ုပ္႐ွင္အသိုင္းဝန္းနဲ႔ လူမႈအသိုင္းဝန္းက လူေတြ သိထားၾကၿပီးသားပါ….ကၽြန္မဟာ အျမဲတမ္း တဟီးဟီးတဟားဟားေနတတ္ေပမယ့္ ကၽြန္မမွာလဲ စိတ္ညစ္တဲ့အခ်ိန္ဆိုတာ႐ွိပါတယ္…..အဲ့ဒီလို စိတ္ညစ္တဲ့အခ်ိန္မ်ိဳးနဲ႔ ၾကံဳရင္ေတာ့ အျမဲသည္းခံတတ္တဲ့ ကၽြန္မစိတ္ဟာ တခါတေလ ေပါက္ကြဲ ထြက္မိေကာင္းထြက္မိမယ္ေလ…..အဲ့လိုက် ေအးသီတာ လူဆိုးမႀကီးျဖစ္ေရာ ဒါေၾကာင့္ လူဆိုးမႀကီးေျပာေျပာ ဘာႀကီးပဲေျပာေျပာ ေနာက္ပိုင္းေတာ့ နယူတန္နိယာမ လုပ္သင့္လုပ္ရေတာ့မွာပဲ… လူေတြဟာ ဘာျဖစ္ခ်င္ေနၾကလဲ မသိဘူး… အျမဲခြင့္လြတ္ သည္းခံေနပါတယ္ဆိုမွ တစ္ေန႔ထက္ တစ္ေန ့ေခါင္းေပၚ ခ်ီးမတက္ပါရံုတမယ္ပဲ”

“ဘဝမွာ အသက္အရြယ္ကလဲ ႀကီးပါၿပီေလ…ေအးေအးခ်မ္းခ်မ္းေလးပဲ ေနခ်င္ေတာ့တယ္အဲ့လို စိတ္ေတြေမြးဖို ့အရာရာကို သည္းခံေနခဲ့တာ.. ဒါေပမယ့္ က်မရဲ႕သည္းခံစိတ္ကို ေစာ္ကားခ်င္သူ အတြက္ အခြင့္အေရးမို ့လားမသိဘူး ပိုပိုလို ့ဆိုးလာေတာ့တယ္.. တကယ္ေတာ့ ကၽြန္မလဲ စိတ္နဲ႔တည္ေဆာက္ထားတဲ့ လူသားတေယာက္ပဲေလ ဘယ္ေလာက္ပဲ သည္းခံခံ တစ္ခ်ိန္ေတာ့ ေပါက္ကြဲထြက္မွာပါပဲ……ေနာက္လူအခ်ိဳ ့ေတြကို ဒီေနရာကေန တခုေတာ့ ေျပာျပပါရေစ….. ကၽြန္မေအးသီတာသည္ မိမိစိတ္နဲ႔မိမိလူျဖစ္တာျဖစ္တဲ့အတြက္ အရာရာ ေကာင္းျခင္း ဆိုးျခင္းသည္မိမိနဲ႔သာ သက္ဆိုင္တဲ့အတြက္……ကၽြန္မ မႀကိဳက္ႏွစ္သက္တဲ့ ဘယ္အရာမဆို စိတ္ရင္းေစတနာနဲ႔ ညိဳွႏိႈင္းေပးတာကို လက္ခံေပမယ့္… ၾကားထဲက အေႏွာင့္သေဘာမ်ိဳးနဲ႔ လာညိွႏိႈင္းမႈမ်ိဳးကိုေတာ့ လက္သင့္ခံမည္မဟုတ္ပါ…….အားလံုးကို ပိစ္ပါ” ဆိုျပီးေရးသားခဲ့ပါတယ္။

သူကေတာ့ စိတ္ထားေကာင္းေကာင္းနဲ႔လူတကာကိုဆက္ဆံခဲ့ေပမယ့္ လူလိုနားမလည္တဲ့လူတခ်ိဳ႕ေၾကာင့္ သူရဲ႕ရင္ထဲကခံစားခ်က္ေတြ ေပါက္ကြဲခဲ့ကာအမ်ားသိေအာင္ ေရးသားခဲ့တာျဖစ္ပါတယ္။
Source – Aye Thida
Rainbow- Cele Gabar

x
error: Content is protected !!